ဥပဒေပြုရေးနှင့် တိုင်းရင်းသား အရေးဆိုင်ရာ ကော်မီတီ ဥက္ကဌအဖြစ် ချင်းပါတီများကို အဆိုတင်သွင်း

ဥပဒေပြုရေးနှင့် တိုင်းရင်းသား အရေးဆိုင်ရာ ကော်မီတီ ဥက္ကဌအဖြစ် ချင်းပါတီများကို အဆိုတင်သွင်း
by -
ခိုနူမ်းထုန် သတင်းဌာန

မတ်လ ၁ ရက်နေ့က ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဥပဒေပြုရေး ကော်မီတီ နှင့် တိုင်းရင်းသား လူမျိူးများအရေးဆိုင်ရာ ကော်မီတီ နှစ်ရပ်ကို ပြည်နယ်လွှတ်တော်ဥက္ကဌက ...

မတ်လ ၁ ရက်နေ့က ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဥပဒေပြုရေး ကော်မီတီ နှင့် တိုင်းရင်းသား လူမျိူးများအရေးဆိုင်ရာ ကော်မီတီ နှစ်ရပ်ကို ပြည်နယ်လွှတ်တော်ဥက္ကဌက ဖွဲ့စည်း ရာမှာ ကော်မီတီဥက္ကဌ များအဖြစ် ချင်းပါတီကိုယ်စားလှယ်များကိုအဆိုတင်သွင်းခဲ့ကြကြောင်းသိရသည်။

Myanmar-Alin1၄င်းကော်မီတီ ၂ ရပ်ကို အဖွဲ့ဝင် ၉ ဦးစီဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြည်နယ် ဥပဒေပြုရေး ကော်မီတီ ဥက္ကဌအဖြစ် ချင်းတိုးတက်ရေးပါတီ ဖလမ်းမြို့ မဲဆန္ဒနယ်မြေ(၁)မှ ဦးနထန်း နှင့် တိုင်းရင်းများသား အရေးဆိုင်ရာ ကော်မီတီဥက္ကဌအဖြစ် ချင်းအမျိူးသားပါတီ တီးတိန်မြို့မဲဆန္ဒ နယ်မြေ(၂)မှဦးဇမ်ကျင့်ပေါင်(ခ)ဦးဇိုးဇမ်တို့ကို အဆိုတင်သွင်းခဲ့ကြောင်း စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌက ဖွဲ့စည်းမည့် ဥပဒေပြုရေးကော်မီတီတွင် လွှတ်တော်အမတ် ၅ ဦးနှင့်အရပ် သား ၄ ဦး ၊ တိုင်းရင်းသား လူမျိူးများဆိုင်ရာကော်မီတီတွင် လွှတ်တော်အမတ် ၆ ဦးနှင့်အရပ်သား ၃ ဦးတို့ အသီးသီးပါ၀င်ကြမည်ဖြစ် သည်။

ပြည်နယ်ဥပဒေပြုရေးကော်မီတီဝင်အမည်စာရင်း

ဥက္ကဌ – ဦးနထန်း (စီပီပီ) ဖလမ်း(၁)
အထွေထွေအတွင်းရေးမှူး – ဦးချန်ပွန် (စီအဲန်ပီ)ဟားခါး (၂)
အဖွဲ့ဝင် – ဦးကွီးထန် – (ကြံ့ဖွံ့) ကန်ပက်လက် (၂)
အဖွဲ့ဝင် – ဦးလလ်မောင်ကျူံး – (စီအဲန်ပီ) ထန်တလန် (၂)
အဖွဲ့ဝင် – ဗိုလ်ကြီး ညီညီဦး – (တပ်မတော်သားကိုယ်စားလှယ်)
အဖွဲ့ဝင် – ဦးခွထီးယိုး – ပြည်နယ်ဥပဒေအရာရှိ
အဖွဲ့ဝင် – ဦးအောင်လိုင်စိုး – ပြည်နယ်စာရင်းရုံးမှ ညွန်ကြားရေးမှူး
အဖွဲ့ဝင် – ဒေါက်တာမှုထန်း – မြို့နယ်အငြိမ်းစား ဆရာဝန်
အဖွဲ့ဝင် – ဦးမြင့်ဆွေ – မြို့နယ်လက်ထောက်ပညာရေးမှူးအငြိမ်းစား

တိုင်းရင်းသားလူမျိူးများအရေးဆိုင်ရာ ကော်မီတီဝင်အမည်စာရင်း
ဥက္ကဌ – ဦးဇမ်ကျင့်ပေါင်(ခ)ဦးဇိုးဇမ် (စီအဲန်ပီ)တီးတိန် (၂)
အထွေထွေအတွင်းရေးမှူး – ဦးနန်းဆိုက် – (စီပီပီ) ပလက်ဝ (၂)
အဖွဲ့ဝင် – ဦးဗန်ကျင်း – (အီးအဲန်ဒီပီ) မတူပီ (၂)
အဖွဲ့ဝင် – ဦးကီးထန်းလွင် (ကြံ့ဖွံ့) ကန်ပက်လက် (၂)
အဖွဲ့ဝင် – ဦးရိုဘင်း (စီအဲန်ပီ) ထန်တလန် (၂)
အဖွဲ့ဝင် – ဦးနိုးဆွန် (စီပီပီ) ဖလမ်း (၂)
အဖွဲ့ဝင် – ဦးအွန်ခန့်ကပ် (ပြည်နယ်ယဉ်ကျေးမှုဌါနမှ လက်ထောက်ညွန်ကြားရေးမှူး)
အဖွဲ့ဝင် – ဒေါက်တာထပ်မန်း (ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌါနမှ ညွန်ကြားရေးမှူးအငြိမ်းစား)
အဖွဲ့ဝင် – ဦးအောင်ထန်း (မတူပီမြို့နယ် မြို့မိမြို့ဖ)

Most read this week