ဗုံးကွဲမှုကြောင့် ရန်ကုန်တွင် ရခိုင််များကို စစ်ဆေးမှု ပိုများပြားလာ

ဗုံးကွဲမှုကြောင့် ရန်ကုန်တွင် ရခိုင််များကို စစ်ဆေးမှု ပိုများပြားလာ
by -
မောင်အေး

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် စနေနေ့က ဗုံးပေါက်ကွဲမှုကြောင်း ရန်ကုန် အင်းစိန်မြို့နယ်အတွင်း ရခိုင် အမျိုးသားများနေထိုင်သည့် နေအိမ်များနှင့် ရခိုင် စာသင်သားများ နေထိုင်သည့် ဘုန်းတောင်ကြီး ကျောင်းများကို ...

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် စနေနေ့က ဗုံးပေါက်ကွဲမှုကြောင်း ရန်ကုန် အင်းစိန်မြို့နယ်အတွင်း ရခိုင် အမျိုးသားများနေထိုင်သည့် နေအိမ်များနှင့် ရခိုင် စာသင်သားများ နေထိုင်သည့် ဘုန်းတောင်ကြီး ကျောင်းများကို အာဏာပိုင်များမှ စစ်ဆေးမှုများရှိနေကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ဆေးနေခြင်းမှာ များမကြာမှီက ပေါက်ခွဲခဲ့သည့် ဗုံးဖောက်ကွဲသူ ကိုင်ဆောင်သည့် မှတ်ပုံတင် အရ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗုံးခွဲသူ ကိုင်ဆောင်သည့် မှတ်ပုံတင်တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမှ ဇော်မင်းသန်း ၂၆ နှစ်ဟု ဖော်ပြထားသည်။ ၎င်းနောက်ပိုင်းတွင် ရခိုင်အမျိုးသားများ နေအိမ်များကို စစ်ဆေးနေခြင်း ဖြစ်ကြောင်း ရန်ကုန်နေ ရခိုင်အမျိုးသားများက ပြောသည်။

“ဧည့်စာရင်း မတိုင်ရတာတော့ ကြာပြီ ဒီကျောင်းမှာ။ ဘုန်းကြီးကျောင်းတွေ ဧည့်စာရင်းမတိုင် ရတာ ကြာပြီ ။ မနေ့က ညနေကလာပြီးတော့ ဧည့်စာရင်းတိုင်ထားတော့ ကိုယ့်ဘက်က လုံခြံုတယ်ဆို တာမျိုးလာပြောတယ်။ ဒီမှာဆေးကူးဖို့ရောက်နေတဲ့ ဧည့်သည်တွေကိုလည်း နည်းနည်း မေးသွား တယ်။” ဟု ဓညဝတီကျောင်းတိုက်မှ ဘုန်းတော်ကြီးတပါးက ပြောသည်။

အလားတူ မြောက်ဥက္ကလာပရှိ ရခိုင်အမျိုးသားများနေအိမ်ကိုလည်း စစ်ဆေးခဲ့ကြောင်း ရခိုင် အမျိုးသမီးတဦးက ယခုကဲ့သို့ပြောသည်။

“များသောအားဖြင့် ရခိုင်တွေနေတဲ့ အိမ်တွေကို စစ်သွားတယ်ပေါ့။ အဲဒီနေ့က ငါတို့မှာ လူပိုတ ယောက်ရှိတယ်။ ဧည့်စာရင်းတိုင်မထားဘူး။ ဒါနဲ့ အိမ်ထောင်ဦးစီးကို ရယကရုံးကို ခေါ်သွားပြီးတော့ ရုံးမှာ ရခိုင်လူမျိုးတွေ အင်းစိန်တံတားမှာ ဗုံးဖောက်ခွဲတယ်လို့ပြောတယ်တဲ့။ အဲဒီမှာ ဗုံးခွဲသူ အမည်တွေ မိဘအမည်တွေကိုလည်း ပြောလိုက်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဗုံးမှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဇေယျတံတားအနီး ကွမ်းယာဆိုင်တွင် ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး ထွန်းထွန်း ၂၁ နှစ်၊ မသင်သင်း ၂၅ နှစ်၊ မငြိမ်းငြိမ်းထွန်း ၃ နှစ်၊ ဇော်မင်းထိုက် ၁၃ နှစ်၊ တင့်လွင်ဦး ၂၇ နှစ်၊ ကေသီမျိုးကျော် ၂၂ နှစ်နှင့် ဝေပပဆွေ ၃၁ နှစ်တို့ ဒဏ်ရာရှိခဲ့ကြောင်း သိရ သည်။

ဇော်မင်းသန်း နေထိုင်ခဲ့သည့်အခန်းမှလည်း ယမ်းတောင့်တခုအပါအဝင်တခြားပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု သတင်းစာတွင်ဖော်ပြသည်။

အလားတူး ရခိုင်အမျိုးသားများနေထိုင်သည့် လှိုင်ယာ၊ ကျောက်မြောင်းနှင့် ဂွတ္တလိတ်မြို့နယ်များတွင် လည်း တအိမ်ထွက် တအိမ်ဝင် စစ်ဆေးခဲ့ကြောင်း သိရသည်။

နောက်ထပ် တော်ဝင်ပလာဇာ ကိုလည်း ဗုံးဖောက်မည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်း ရန်ကုန်မြို့တွင် နေထိုင်သည့် ရခိုင်လူငယ်တဦးက ပြောသည်။

Most read this week