နတ်မြစ်အတွင်း မြန်မာဘက်မှ ကုန်သည်တဦး ရေနစ်သေဆုံး

နတ်မြစ်အတွင်း မြန်မာဘက်မှ ကုန်သည်တဦး ရေနစ်သေဆုံး
by -
မောင်အေး

မြန်မာဘက်မှ ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ ဆန်တင်ပို့ရန်ရောက်ရှိနေသည့် ကုန်သည်တဦး နတ်မြစ်အတွင်း ရေနစ်သေဆုံးသွားကြောင်း သိရှိရသည်။ ...

မြန်မာဘက်မှ ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ ဆန်တင်ပို့ရန်ရောက်ရှိနေသည့် ကုန်သည်တဦး နတ်မြစ်အတွင်း ရေနစ်သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါ ရေနစ်သေဆုံးသူမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖဒူကျေးရွာမှ ဦးထွန်းလှအောင်သား မောင်သိန်းရွှေ (၃၀)နှစ်ဖြစ်ပြီး လွန်ခဲ့သည့် စနေနေ့ နေ့လည် ၁၂ နာရီခန့်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ “သူက ခေါင်းမူးရောဂါရှိတယ်။ အယင်လည်းမကြာခဏဖြစ်တယ်လို့သိရတယ်။ အခုတော့ ဖြစ်တာ နဲ့ ရေထဲကျသွားတော့ ဆုံးသွားပါတယ်။ တက်နက်မှာဘဲ အနေ့က သင်္ဂြိုလ်ပါတယ်။”ဟု သူနှင့် ဆက်စပ် လုပ်ကိုင်နေသူ တက်ကနက်မြို့ခံ တဦးကပြောသည်။

မောင်သိန်းရွှေမှာ စက်လှေတွင်ပါသည့် ဆန်အိပ်များကိုချပြီး ထိုင်နေစဉ်ရုတ်တရက် ရေထဲသို့ လိမ့်ကျ သေဆုံးသွားခြင်း ဖြစ်သည်။

မောင်သိန်းရွှေအလောင်း ရေထဲမျောနေသည်ကို ၀ါးတင်ပို့ရန်လာသည့် စက်လှေတစီးမှတွေ့၍ ရဲကို အကြောင်းပြီး ဆယ်ယူကာ တက်ကနက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ယခုကဲ့သို့ မောင်သိန်းရွှေသေဆုံးရခြင်းမှာ ငွေကြေးကိစ္စနှင့်လည်း ပတ်သတ်နိုင်ကြောင်း ဒေသ အတွင်း သတင်းများ ထွက်ပေါ်နေသည်။

Most read this week