သျှမ်းပြည်တောင်ပိုင်း ရ မြို့နယ်မှ ကျားဖြူပါတီ လူငယ်များတွေ့ဆုံ

သျှမ်းပြည်တောင်ပိုင်း ရ မြို့နယ်မှ ကျားဖြူပါတီ လူငယ်များတွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း ရ မြို့နယ်မှ ကျားဖြူပါတီဝင် လူငယ်များ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း စုံစမ်း သိရှိရပါသည်။ ...

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း ရ မြို့နယ်မှ ကျားဖြူပါတီဝင် လူငယ်များ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း စုံစမ်း သိရှိရပါသည်။

မိုင်းကိုင်မြို့နယ်မှ ကျားဖြူပါတီဝင်လူငယ်များ“ကျနော်တို့ လွိုင်လင်ခရိုင်ထဲက ကျားဖြူ ပါတီဝင် လူငယ်တွေ  နိုင်ငံရေး စီးပွားရေး နဲ့ မီဒီယာလုပ်ငန်း တွေမှာ စိတ်ဝင်စားလာအောင်ပါ” - ဟု ကျားဖြူပါတီဝင် တဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၃ - ၂၅ ရက်နေ့အထိ သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့ ကျားဖြူပါတီ မြို့နယ်ရုံးခွဲ ၌ တွေ့ဆုံကြ ကြောင်း၊ တွေ့ဆုံပွဲတွင် လူငယ် ၃၀ ကျော် တက်ရောက်ကြောင်း သိရပါသည်။

“အခုဆွေးနွေးပွဲတက်ရောက်တာ  ရ မြို့နယ်ကလူငယ်တွေဘဲ၊ အားလုံးပေါင်း ၃၁ ယောက်ရှိတယ်။ အဓိက ကတော့ ကျနော်တို့ တိုင်းပြည်က မြေလွတ်မြေရိုင်းပေါတယ်၊ စိုက်ပျိုးသီးနှံဖြစ်ထွန်း အောင်မြင်အောင်၊ ဘယ် လိုနည်းပညာ တွေသုံးရင် သင့်လျော်မှာလဲ။ နောက်တခုက ကျနော်တို့ဆီမှာ အကုန်ရနိုင်ရဲ့သားနဲ့တခြားနိုင်ငံ ဆီက ဝယ်ယူ စားသုံးရတာမဟုတ်သေးဘူးလေ” - ဟု တွေ့ဆုံပွဲဖြစ်မြောက်ရေး ကျားဖြူ ဗဟိုကော် မတီဝင် ဆရာစဝ်ဆိုင်မိန်း ကပြောပါသည်။

လွိုင်လင် ခရိုင် အတွင်းမြို့နယ် ရ ခု မှာ လွိုင်လင်၊ နမ့်ဇန်၊ ကွန်ဟိန်း၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား နှင့် ပင်လုံမြို့နယ်ခွဲ တို့ဖြစ်သည်။

ကျားဖြူပါတီ (ခေါ်) သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP သည် လက်ရှိ စစ်အစိုးရ ခေါ်ယူသည့် လွှတ်တော် သုံးရပ်အတွင်း အမတ်နေရာ ၅၇ နေရာရှိပြီး၊ စီးပွားရေးဘက်၌လည်း အားသန်နေသည့် နိုင်ငံရေး ပါတီဖြစ်သည်။

စစ်အစိုးရ ၏ အင်းလေးခေါင်တိုင်ဟိုတယ် လေလံဆွဲနိုင်ရန်လည်း စိုင်းပြင်းခဲ့သည်။ လက်ရှိတွင် ကျားဖြူ ကုမ္ပဏီ ထောင်ထားပြီး၊ သစ်၊ သတ္တု၊ လယ်ယာမြေ၊ စိုက်ပျိုးရေးလုပ်ငန်းအပြင်ဆပ်ပြာ၊ မီးချောင်း ရောင်း   ဝယ်ရေး လုပ်ငန်းများအတွက် ရှယ်ယာတခု ကျပ် ၁ သောင်းနှုန်း ဖြင့် ရှယ်ယာတစ်သန်း လျာထားပါသည်။

Most read this week