ဘင်္ဂလားမြန်မာ နယ်စပ်တလျှောက်တွင် ဘိန်းနှိမ်နှင်းရေး ဘင်္ဂလာမှ ပြုလုပ်

ဘင်္ဂလားမြန်မာ နယ်စပ်တလျှောက်တွင် ဘိန်းနှိမ်နှင်းရေး ဘင်္ဂလာမှ ပြုလုပ်
by -
မောင်အေး

ဘင်္ဂလားမြန်မာ နယ်စပ်တလျှောက်တွင် ဘိန်းနှိမ်နှင်းမှု စစ်ဆင်ရေး တခုကို ဘင်္ဂလာစစ်တပ်မှ မကြာသေးမီးက စတင် လုပ်ဆောင်နေကြောင်း သိရှိရသည်။ ...

ဘင်္ဂလားမြန်မာ နယ်စပ်တလျှောက်တွင် ဘိန်းနှိမ်နှင်းမှု စစ်ဆင်ရေး တခုကို ဘင်္ဂလာစစ်တပ်မှ မကြာသေးမီးက စတင် လုပ်ဆောင်နေကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို ဘင်ဒရာဘင်ခရိုင်နှင့် နယ်စပ်ချင်း စပ်နေသည့် မြန်မာ နယ်စပ်တလျှောက်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး စစ်ဆင်ရေးတွင် စစ်တပ်၊ ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့(BGB) နှင့် ရဲတပ် ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်သားတွေ အများကြီး ချောင်းဖျားကိုတက်သွားတယ်။ ကျွန်တော်တို့ရွာကတယောက်လည်း သူတို့နဲ့အတူ ပါသွားတယ်။ အသေးစိတ်တော့မသိရသေးဘူး။ အဲဒီဘက်မှာ လျှို့ဝှက်စိုက်ထားတဲ့ ဘိန်းခင်းတွေ ရှိတယ်လို့ ပြောတာတွေတော့ ကြားတယ်။”ဟု အလယ်ခေါင်မှ ဒေသခံတဦးကပြော သည်။

အဆိုပါဒေသများတွင် ၁၉၉၀ ခုနှစ်က အခြေစိုက် လှုပ်ရှားခဲ့သည့် မြန်မာအတိုက်ခံ လက်နက်ကိုင် အဖွဲ့များက ဘိန်းစတင်စိုက်ပျိုးခဲ့ကြောင့် ယနေ့ထုတ် ဘင်္ဂလီသတင်းစာ တစောင်က ရေးသားသည်။

ယခုအခါ အဆိုပါဒေတွင် ဘိန်းစိမ်းတပဲကို တာကာငွေ ၅၀၀ ကနေ ၈၀၀ အထိ ပေါက်စျေးရှိကြောင်း ဒေသအတွင်းမှာလာသည့် သတင်းများအရ သိရသည်။

ယခု ဘိန်းတိုက်ဖျက်ရေး လုပ်နေသည့် ဒေသမှာ ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ(ရခိုင်ပြည်) ရခိုင်ပြည်တပ်မတော် (အေအေ) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ အခြေစိုက်လှုပ်ရှားခဲ့သည့် နေရာများဖြစ်သည်။

တန်းဆိတ်၊ အလယ်ခေါင်တောင်နှင့် ရုံမော်ဒေသများတွင် ဘိန်းခင်းပေါင်း ၃၀၀ ကနေ ၄၀၀ အထိ စိုက်ပျိုးလျှက်ရှိသည်ဟု သတင်းရရှိကြောင်း ယနေ့ထုတ်ဝေသည့် suprobhatbangladesh သတင်း စာက ရေးသားဖော်ပြသည်။

အဆိုပါ ဒေသများတွင် ဘင်္ဂလာစစ်တပ်မှ လွန်ခဲ့သည့် ၁၀ နှစ် ခန့်မှစပြီး နှစ်စဉ်နှစ်တိုင်း ဘိန်းတိုက် ဖျက်ရေး စစ်ဆင်ရေးလုပ်လေ့ကြောင်း သိရှိရသည်။

Most read this week