ယခုနှစ် မီးသတ်သမားများ နောက်မကျရန်လို

ယခုနှစ် မီးသတ်သမားများ နောက်မကျရန်လို
by -
အောလို

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ယခင်နှစ်များက နေအိမ်များ မတော်တဆ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပါသည်။ သို့သော် မီးသတ်ဌာနမှ မီးသတ်သမားများနှင့် မီးသတ်ကားတို့သည် မီးလောင်သည့် နေရာ ...

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ယခင်နှစ်များက နေအိမ်များ မတော်တဆ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပါသည်။ သို့သော် မီးသတ်ဌာနမှ မီးသတ်သမားများနှင့် မီးသတ်ကားတို့သည် မီးလောင်သည့် နေရာသို့ အချိန်မှီ လာရောက်ငြိမ်းသတ်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း မြို့ခံတို့က ဆိုသည်။ ယခုလည်း နွေရာသီ ရောက်ခါနီးပြန်ပြီ ဖြစ်၍ ခါတိုင်းနှစ်များကဲ့သို့ မီးသတ်ဌာနမှ မီးသတိပြုရန် အသိပေးနိုးဆောင်မှုများ ပြုလုပ်နေကြသည်။

လွိုင်ကော်မြို့“နွေရာသီ ရောက်ပြီမို့ မီးသတိပြုဖို့တဲ့။ လွိုင်ကော် မီးသတ်ဌာနမှ မီးသတ်ကားတွေဟာ ဟောင်းနွမ်းနေပြီး ခေတ်နဲ့ မညီတော့ဘူး။ တကယ်လို့ မီးလောင်မှု ဖြစ်ခဲ့ရင် မတွေးဝံ့စရာပဲ။ ကားက နိုးလို့မှ မရတာ။ လက်ရှိ အခြေအနေမှာ ကြုံတွေ့နေရပါတယ်” ဟု လွိုင်ကော်မြို့မှ မီးသတ်ဌာနနှင့် နီးစပ်သူ တဦးက ပြောသည်။   

မီးသတ်ဌာနမှ အသုံးပြုနေသော မီးသတ်ကားများသည် ဟောင်းနွမ်း၍ ကြာမြင့်နေကြပြီ ဖြစ်သော်လည်း ကားများ ပြုပြင်ထားခြင်း၊ ဆီများ ဖြည့်ထည့်ထားခြင်း စသည်တို့ကို အဆင်သင့် မလုပ်ထားပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

လွိုင်ကော်မြို့မှ အမျိုးသမီးတဦးက “မီးလောင်ပြီဆိုရင် မီးသတ်ကားတွေက မမှီတာ များတယ်။ ဘယ်လိုဖြစ်လဲ မသိဘူး။ အဆင်သင့် မရှိတာရယ်၊ အထက်အရာရှိတွေကို စောင့်ရ ခွင့်ပြုချက်တွေ စောင့်ရအုံးမှာပေါ့” ဟု ပြောပါသည်။

လွိုင်ကော်မြို့မှ မီးသတ်ကားများ ပုံမှန် လုပ်ငန်းလည်ပတ်ရန်နှင့် ယခုလို နွေရာသီ အချိန်မျိုး၌ လုပ်ငန်းများ အသင့်ပြင်ဆင်ထားနိုင်ရန် အထက်မှ တစ်လလျှင် ဆီ ၂၄ ဂါလံနှင့် ကားပြုပြင်ရန် အသုံးစရိတ်ငွေများ ပုံမှန် ထုတ်ထားသည်ကို မြို့နေဒေသခံတို့က သိရှိထားကြသည်။

သို့သော် မီးသတ်ဌာနနှင့် နီးစပ်သူက “ဒီမီးသတ်ကားတွေဟာ တစ်လဆို ဆီဂါလံ ၂၁ ဂါလံ ရပေမယ့် ကားထဲ မရောက်ပဲ မြို့နယ်xxxxx (အရာရှိ)က အပြင်မှာ လတိုင်း ရောင်းစားနေတယ်။ ကားပြင်စရိတ်တွေကိုလည်း မြို့နယ်xxxxx က ကားတွေ မပြင်ပဲ ငွေပဲ ထုတ်စားနေတယ်” ဟု ပြောသွားပါသည်။