အမေရိကန် သံရုံးတာဝန်ခံနှင့် ဒေါ်စု ဆွေးနွေး

အမေရိကန် သံရုံးတာဝန်ခံနှင့် ဒေါ်စု ဆွေးနွေး
by -
မဇ္စျိမသတင်းဌာန

စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံကို အမေရိကန်က အကူအညီများ ပေးရေးနှင ့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်ဆွေးနွေးနေ ...

ချင်းမိုင် (မဇ္စ္ဈိမ) ။      ။ စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံကို အမေရိကန်က အကူအညီများ ပေးရေးနှင ့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်ဆွေးနွေးနေကြောင်း ရန်ကုန် အမေရိကန် သံရုံးတာဝန်ခံ မစ္စ္စတာ လာရီအမ်ဒင်းဂါးက ပြောကြားခဲ့သည်ဟု နယူးယော့ခ်တိုင်းမ်စ် သတင်းစာက ဗုဒ္ဓ္ဓဟူးနေ့့ ညနေပိုင်းတွင် ရေးသားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောကြားရာတွင် အင်္ဂါနေ့က တွေ့ဆုံခဲ့သည် ဆိုသည်။ သို့သော် ပြောခွင့်မရှိသဖြင့် အသေးစိတ်ပြောရန် ငြင်းဆိုသည်။

လာရီဒင်းဂါးက မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် အစိုးရသစ်နှင့်လည်း ဆွေးနွေးလျက် ရှိကြောင်းနှင့် ဆွေးနွေးရာတွင် အမေရိကန်က မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ အရေးယူချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့့မှုလည်း ပါဝင်ကြောင်း ပြောဆိုခဲ့သည်ဟု နယူးယော့ခ်တိုင်းမ်စ်က ဆိုသည်။

မြန်မာနိုင်ငံ၌ ၁၉၉ဝ ရွေးကောက်ပွဲ နောက်ပိုင်း နှစ်ပေါင်း ၂ဝ အကြာ ပထမဆုံးအကြိမ်  ရွေးကောက်ပွဲကို မနှစ် နိုဝင်ဘာက ကျင်းပခဲ့ပြီး အမည်ခံသက်သက် ပါလီမန်စနစ်ကို  အကောင်အထည် ဖော်နေသလို ရွေးကောက်ပွဲကိုလည်း အကွက်ချ စီစဉ်ထားမှုဟု ဝေဖန်နေကြသည်။

အိုဘားမား အစိုးရက မြန်မာ အစိုးရသစ်နှင့် မြန်မာ့ ဒီမိုကရေစီရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာဖွေနေသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ပိတ်ဆို့့အရေးယူမှုများ ဆောလျင်စွာ မရုပ်သိမ်းကြရန် သတိပေးခဲ့သည်။