၂၃ ဖေဖေါ်ဝါရီလ ၂၀၁၁း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို ့ ကုလ သမဂ္ဂဆိုင်ရာ မဟာမင်းကြီး ရုံးတွင် ဒုက္ခသည်အဖြစ်ခံယူသူ ချင်းအမျိုးသားနှစ်ဦးတို ့ သည် ယနေ ့ ၁းဝဝ နာရီခန် ့တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ ...
၂၃ ဖေဖေါ်ဝါရီလ ၂၀၁၁း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို ့ ကုလ သမဂ္ဂဆိုင်ရာ မဟာမင်းကြီး ရုံးတွင် ဒုက္ခသည်အဖြစ်ခံယူသူ ချင်းအမျိုးသားနှစ်ဦးတို ့ သည် ယနေ ့ ၁းဝဝနာရီခန် ့တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ ကြသည်။
မြန်မာနိုင်ငံ ချင်းပြည်နယ်၊ Singai ကျေးရွာမှ Mr. Kei Sum ၏သား Mr. Van Lian Ceu အသက် (၁၈)နှစ်၊ ဖလမ်းမြို့နယ် Selawn ကျေးရွာမှ Rev. Tlang Ling ၏သား Mr. Lal Uk Bik (23)နှစ်၊ Mr. Maung Bik တို့ လုပ်ငန်းခွင်မှ အပြန် သူတို့ စီးလာသည့် မော်တော်ဆိုင်ကယ် နှင့် ကားတစီး တိုက်မိရာမှ Mr. Van Lian Ceu နှင့် Mr. Lal Uk Bik တို့နှစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြခြင်း ဖြစ်သည်၊
“Maung Bik ကတော့ လွတ်သွားတယ်၊ ဒဏ်ရာလည်းမရဘူး၊ သူအလယ်မှာထိုင်တယ်၊ ဆိုင်ကယ် မောင်းသူနှင့် နောက်ဆုံးမှာထိုင်တဲ့သူတွေ သေဆုံးတယ်” ဟု ကိုလာလ်ထာ ဆိုသည်။
အလောင်းကို စစ်ဆေးရုံသို့ ပို့ထားကြပြီး တရားခံတွေကို ရဲက ဆက်လက်စုံစမ်း လျက်ရှိ သော်လည်း ယခုထိ ထူးခြားမှု တစုံတရာ မရှိသေးကြောင်း သိရသည်။
၄င်းတို ့၏ ရုပ်ကလပ်အတွက် လိုအပ်သည်များကို ဒေလီချင်းဒုက္ခသည်တာဝန်ရှိတွေက ဆက်လက် တာဝန် ယူနေ ကြောင်းလည်း ထပ်မံသိရသည်။
ရုပ်အလောင်းကို ယနေ ့ ညနေ (၃)နာရီခန် ့တွင် ဒေလီရှိ BCRC ( Burmese Community Resource Centre) တွင်ယူဆောင်ပြီး သဂြိုလ်ကြလိမ့်မည်ဟုယူဆရသည်။
နယူးဒေလီမြို ့ရှိ ချင်းဒုက္ခများသည် UNHCR မှ နှစ်အတန်ကြာ ထောက်ပံ့နိုင်ခြင်းမရှိတော့သည့် အတွက် မိမိတို ့ဖာသာ နေ ့စဉ် ဘဝကို အခက်အခဲမျိုးစုံနှင့် ရုန်းကန်နေကြသည်။