တိုင်းရင်းသား လက်နက်ကိုင် တပ်မတော် ၁၂ ခု စုပေါင်း၍ Union Army ဖွဲ့စည်း

တိုင်းရင်းသား လက်နက်ကိုင် တပ်မတော် ၁၂ ခု စုပေါင်း၍ Union Army ဖွဲ့စည်း
by -
သျှမ်းသံတော်ဆင့်

ယခုလ ၁၂ ရက်မှ ၁၆ ရက်အထိ ထိုင်းနယ်စပ် တနေရာ၌ ကျင်းပသော  ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (United nationality Federal Council) UNFC ပထမညီလာခံမှ Union Army ...

ယခုလ ၁၂ ရက်မှ ၁၆ ရက်အထိ ထိုင်းနယ်စပ် တနေရာ၌ ကျင်းပသော  ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (United nationality Federal Council) UNFC ပထမညီလာခံမှ Union Army တပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ညီလာခံ တက်ရောက်ခဲ့သူတဦးက ပြောပြသည်။

ဥက္ကဌ အဖြစ် KNU မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးUNFC ညီလာခံအား Committee for Emergence of Federal Union (CEFU )၊ National Democratic Front (NDF) ၊ United nationality League for Democracy- Liberty Area (UNLD-LA ) တို့ ကမကထ ပြုကျင်းပ၍ ဖက်ဒရယ်ကောင်စီဆိုင်ရာ ဖွဲ့စည်းပုံကိုလည်း ချမှတ်နိုင်ခဲ့၏။

ညီလာခံမှ သဘောတူဖွဲ့စည်းလိုက်သည့် ဖက်ဒရယ်ကောင်စီ အောက်၌ (၁) နိုင်ငံရေးဦးဆောင်အဖွဲ့ Political Leading Bureau – (၂) ဗဟိုကော်မတီ Central Committee နှင့် (၃) ဗဟို အလုပ်အမှုဆောင် ကော်မတီ Central Executive Committee ဟူသောအဓိက ၃ ရပ် ထပ်မံဖွဲ့စည်းပြီး ဗဟိုအလုပ်အမှုဆောင် C E C အောက်တွင် နိုင်ငံရေးဌာန Political Department နှင့်ကာကွယ်ရေးဌာန Defense Department ထားရှိကြောင်း သိရသည်။

C E C  ဉက္ကဌ အဖြစ် KNU မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒု ဥက္ကဌ ( ၁ )အဖြစ် KIO  မှဒု-ဗိုလ်ချုပ်ကြီး ကောရီဇော်ဆိုင်း၊  ဒု ဥက္ကဌ ( ၂ )အဖြစ် KNPP မှ ဗိုလ်ချုပ် အေပယ်ရတွိတ်၊ အတွင်းရေးမှူးအဖြစ် NMSP မှ နိုင်ဟံသာ၊ ဒု အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ PNLO  နှင့် ဒု-အတွင်း ရေးမှူး(၂) ရွှေမျိုးသန့် တို့ဖြစ်ကြသည်။

နိုင်ငံရေးဦးဆောင်အဖွဲ့ Political Leading Bureau တွင် KIO မှ ဒု-ဗိုလ်ချုပ်ကြီး အဲန်ဘန်းလှအောင်၊ CNF မှ ဇင်ကျုံးနှင့် NMSP ဥက္ကဌနိုင်ထောမွန် တို့ တာဝန်ယူ ကြသည်။

နိုင်ငံရေးဌာန Political Department နှင့် ကာကွယ်ရေးဌာန Defense Department ကို  C E C  မှ ဒု ဥက္ကဌ (၁) နှင့် ဒု ဥက္ကဌ (၂) တို့ တာဝန်ယူကြမည်ဟုလည်း  ဖွဲ့စည်းပုံတွင်ပါရှိသည်။

နိုင်ငံရေးဌာန Political Department တွင်လည်း ဥပဒေရေးရာ၊ ပြည်ထဲရေး နှင့် နိုင်ငံခြားရေး ကဏ္ဍ၊ကာကွယ် ရေးဌာန Defense Department တွင် မြောက်ပိုင်းစစ်ဒေသ (တရုတ်-မြန်မာနယ် စပ်)၊ အရှေ့ပိုင်းစစ်ဒေသ
(ထိုင်း-မြန်မာ နယ်စပ်)၊ အနောက်ပိုင်းစစ်ဒေသ( အိန္ဒိယ-မြန်မာနယ်စပ်)နှင့် အထူးစစ်ဒေသဟူ၍ သတ်မှတ်ပြီး Union Army ပြည်ထောင်စုတပ်မတော်ဟု သတ်မှတ်ကြောင်း သိရသည်။

ဖက်ဒရယ်ကောင်စီဌာနချုပ်ရုံးလက်အောက်၌ ပြန်ကြားရေးအဖွဲ့နှင့် ဘဏ္ဌာရေးအဖွဲ့ထားရှိရန်လည်းသဘောတူ ကြောင်း ညီလာခံတက်ရောက်သည့်အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ပြောသည်။

ထို့အပြင် ၁၆ မျက်နှာ ၊ ၉ ခန်းနှင့် ပုဒ်မ ၃၂ ရှိ UNFC ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းပုံမူကြမ်း ကိုလည်းရေးဆွဲ နိုင်ခဲ့သည် ဟုဆို၏။

တက်ရောက်သူ ၅၃ ဦးရှိသည့်ညီလာခံတွင် အဖွဲ့ဝင် ၁၂ ဖွဲ့ ပါဝင်သော UNFC ကိုဖွဲ့စည်းလိုက်ခြင်းဖြစ် ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

၎င်း ၁၂ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO ၊ ကရင်အမျိုးသားအဖွဲ့ချုပ် KNO ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး LDU ၊ ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ NUPA ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးPSLF၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် PNLO ၊ သျှမ်းပြည်တိုးတက်ရေးပါတီ- သျှမ်းပြည်တပ်မတော် SSPP-SSA နှင့် ၀ အမျိုးသားအဖွဲ့ချုပ် WNO တို့ ဖြစ်ကြသည်။

UNFC ၏ထူးခြားချက်တခုမှာ အဖွဲ့အစည်း နှင့် ပြည်နယ်အခြေခံအပြင် တိုင်းရင်းသားလူမျိုးစုအခြေခံဖြင့်ဖွဲ့စည်း ထား ကြောင်း (တပ်ပေါင်းစုအခြေခံကိုမူ လက်မခံသေးကြောင်း) သိရသည်။

UNFC ၏ အတွင်းရေးမှူးလည်းဖြစ်၊ ညီလာခံဉက္ကဌလည်းဖြစ်သော နိုင်ဟံသာက - UNFC ၏ ရည်ရွယ်ချက် နှင့် ဖွဲ့စည်းပုံဥပဒေ ကိုလက်ခံသည့် မည်သည့် အဖွဲ့အစည်းမဆို အဖွဲ့ဝင်အဖြစ် ကြိုဆိုကြောင်း ညီလာခံ၌ ပြောကြားခဲ့သည်ဟု ဆိုသည်။