ရှင်ကျော်ဘုရားပွဲမှ ထူးခြား ဖြစ်ရပ်များနှင့် အဖမ်းအဆီး သတင်း

ရှင်ကျော်ဘုရားပွဲမှ ထူးခြား ဖြစ်ရပ်များနှင့် အဖမ်းအဆီး သတင်း
by -
မောင်အေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ နာမည်ကြီး ရှင်ကျော်မုနိ ဘုရားပွဲတော်ကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်ကာလအတွင်း ထူးခြားသော ဖြစ်ရပ်များ ...

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ နာမည်ကြီး ရှင်ကျော်မုနိ ဘုရားပွဲတော်ကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်ကာလအတွင်း ထူးခြားသော ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ဟု ပွဲတော်သို့ သွားရောက်ခဲ့သူများက ပြောသည်။

 Alodawpyeiပွဲတော်သို့ သွားရောက်ခဲ့သူ တစ်ဦးက “ ဒီနှစ် ရှင်ကျော် ဘုရားပွဲမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေ တစ်ခုပြီး တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ ခါတိုင်းနှစ်တွေမှာ ပြုလုပ်တဲ့ ဘုရားပွဲ မတူတဲ့ ထူးခြားတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ရှင်ကျော်ဘုရားပွဲ၏ ယခုနှစ်ထူးခြားမူမှာ ပွဲတော်အား ပြာသိုလကွယ်နေ့တွင် ပြုလုပ်ခြင်း၊ ပွဲတော်အတွင်း သားမိနှစ်ဦး ရေနစ်သေဆုံးခြင်း၊ ဘုရားပွဲတော်အတွင်း ထီးတော်တင်ရန် စီစဉ်နေစဉ် ရဟန်းတော် တစ်ပါးမှ “ အောင်ပြီ” “ အောင်ပြီဟု ဆိုကာ အနီးအနားတွင် ထိုင်နေသော အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းနှင့် ဆရာတော်ကြီးများကို ကန်ကျောက်ခြင်းများကို ပြုလုပ်ခဲ့ခြင်းများ ဖြစ်ကြသည်။

မျက်မြင် ရဟန်းတော် တစ်ပါးက “ ပြာသိုလကွယ်နေ့ နံနက်ပိုင်း ၈ နာရီ ၉ နာရီခန့်ရှိမယ် ထင်ပါတယ်။ တိ်ုင်းမှူး အပါအဝင် အလိုတော်ပြည့် ဆရာတော် ဘုရားကြီးတို့ ထီးတော်တင်ဖို့ ပြင်ဆင် နေချိန်မှာ တိမ်ညိုနားမှာ ရှိတဲ့ သပြေကန် ဆရာတော် ဦးသုဝဏ္ဍက နတ်ပူးတယ်လို့ ပြောပါတယ်။ တိုင်းမှူး စိုးသိန်းကို ခြေထောက်နဲ့ ကန်တယ်။ အလိုတော်ပြည့် ဆရာတော်ကြီးကိုလည်း လည်ပင်း ညစ်ဖို့ လုပ်ပါတယ်။ ပီးရင် အောင်ပြီ အောင်ပြီလို့လည်း အော်ပါတယ်။ ရှင်ကျော် ဆရာတော်ကြီး ရုပ်ထုကိုလည်း ခြေထောက်နဲ့ ကန်ပါတယ်။ တိုင်းမှူးအနားမှာ လုံခြံုရေး ယူထားတဲ့ စစ်သားနဲ့ ရဲတွေက ဦးသုဝဏ္ဍကို ဖမ်းဖို့ လုပ်ပါတယ်။ ပွဲတော်ကို ရောက်နေတဲ့ ကိုနေထက်လင်းတို့ ကိုဘုန်းလျှံတို့ထင်ပါတယ်။ တစ်ခုခု မှားပြီး စိတ်ဖေါက်ပြန်တဲ့ အတွက် ဖြစ်တာပါ။ ဘာမှ မလုပ်ကြပါနဲ့။ မလုပ်ကြပါနဲ့လို့ စပီကာကတဆင့် အော်တော့ ခဏလေးအကြာမှာ ဘုန်းကြီး ငြိမ်ကျသွားတယ်။ ဖြစ်တာက ငါးမိနစ်လောက်ဘဲ ကြာပါတယ်” ဟု ပြောသည်။

 Alodawpyeiအဆိုပါ ဖြစ်စဉ်ကို တခြား စစ်တွေမှ လူငယ် တစ်ဦးကလည်း အတည်ပြုပြောကြားသည်။

“ထီးတော်တင်နေတဲ့ အချိန်မှာ ဖြစ်တာပါ။ နတ်ဝင်တယ်လို့ ပြောပါတယ်။ “အောင်ပြီ အောင်ပြီ”လို့ အော်တယ်။ ပြီးတော့တိုင်းမှူး စိုးသိန်းကို ခြေနဲ့ကန်တယ်။ နောက်ပြီး အလိုတော်ပြည့် ဆရာတော်ကြီး လက်ကိုလည်း ကိုက်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အဝေးက ဆိုတော့ ဘာဖြစ်ခဲ့တယ်ဆိုတာ တိတိကျကျ ပြောဖို့ ခက်ပါတယ်။”

တခြားဆရာတော် တစ်ပါးကလည်း အဆိုပါ ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း ပြောကြားသော်လည်း အဆိုပါ ဆရာတော် သုဝဏ္ဍမှာ စိတ်ဖေါက်ပြန်နေသည့် ရဟန်း တစ်ပါး ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သွေးရိုးသားရိုး ဖြစ်သလား၊ အဆိုပါ ဖြစ်စဉ် နောက်ကွယ်တွင် ထူးခြားသော အကြောင်းအရာများ ရှိနေသလားဟု ဆိုကာ ရခိုင် ဆရာတော်ကြီးများ အကြား အမျိုးမျိုး ဝေဖန် ပြောဆိုမူများ ထွက်ပေါ်နေသည်ဟုလည်း သိရသည်။

၎င်းပြင် ရှင်ကျော်ကျေးရွာမှ ကူးတို့သည် ဦးလှမောင်သိန်း (၃၅ နှစ်)အားလည်း လှေနစ်၍ သေဆုံးသွားသူ သားမိနှစ်ဦး၏ ဆွေမျိုးများမှ တစုံတရာ အမှု မလုပ်လိုပါဟု ပြောသော်လည်း ရဲက ဖမ်းဆီးထားပြီး မနက်ဖြန်တွင် မြောက်ဦးမြို့နယ် တရားရုံးတွင် ရုံးထုတ်မည်ဟု သိရသည်။

ယခုနှစ် ရှင်ကျော်ပွဲတော်တွင် ရှင်ကျော်ဘုရား ထီးတော်တင်ပွဲနှင် အတူ ရခိုင်မှ နာမည်ကြီး အဆိုတော်များ အပြင် ရန်ကုန်မှ အဆိုတော်များလည်း လာရောက် ဖြေဖျော်ခဲ့ကြသဖြင့် ပွဲတော်သို့ လူပေါင်း (၂) သိန်းခန့် ရောက်ရှိခဲ့ကာ အထူး စည်ကားခဲ့သည်ဟု သိရသည်။

အဆိုပါ ရှင်ကျော် ဘုရား စိန်ဖူးတော်၊ ဌက်မျက်နားတော်၊ ရွှေထီးတော် တို့အား ရန်ကုန်မြို့ နေ အလိုတော်ပြည့် ဆရာတော်ကြီး၏ တပည့်ဒကာ - ဒကာမ ဦးဇော်ဝင်းအောင် ဇနီး ဒေါ်ဝါ၀ါအောင် (ရွှေမိုးဦးကုမ္ပဏီနှင့် - GDE¬-) ကုမ္ပဏီ မိသားစု တို့ မှ လှူဒါန်းခဲ့ပြီး ရွှေထီးတော် နှင့် စိန်ဖူးတော်တင် မင်္ဂလာ အခမ်းအနားသို့ ပင့် သံဃာ (၁၀၈)ပါး နှင့် ဖိတ်ကြားထားသော ဧည့်သည့်တော် (၅၀၀)ယောက် တက်ရောက် ခဲ့သည် ဟု အလိုတော်ပြည့် ၀က်ဆိုက်တွင် ဖေါ်ပြထားသည်။

Most read this week