ရခိုင်ပြည်နယ် ဝန်ကြီးဌာန ၉ နေရာ ပါတီအလိုက် ရာထား လိုက်ပြီ

ရခိုင်ပြည်နယ် ဝန်ကြီးဌာန ၉ နေရာ ပါတီအလိုက် ရာထား လိုက်ပြီ
by -
မင်းဆက်ခိုင်

ယနေ့ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး တတိယနေ့တွင် ပြည်နယ် ဝန်ကြီးဌာန ၉ နေရာအား ပါတီ အလိုက် ရာထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ...

ယနေ့ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး တတိယနေ့တွင် ပြည်နယ် ဝန်ကြီးဌာန ၉ နေရာအား ပါတီ အလိုက် ရာထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Rkhine-state-Hallရတပရုံးမှ တာဝန်ရှိသူ တစ်ဦးက "လွှတ်တော်အစည်းအဝေးက ဒီနေ့ နံနက် ၁၀နာရီကနေ ၁၀နာရီ ၁၀မိနစ်အထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ကြံ့ခိုင်ရေးပါတီက အမတ် ၅ဦးနဲ့ ရတပပါတီက အမတ် ၃ဦး ပြီးတော့ တပ်မတော်သားကိုယ်စားလှယ် တဦးကို ၀န်ကြီး ၉ နေရာ အတွက် ရာတား ထားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ် ဘယ်သူက ဘယ်ဝန်ကြီး ဖြစ်မယ် ဆိုတာတော့ မသိရသေး ပါဘူး" ဟုပြောသည်။

အဆိုပါ ရွေးချယ်ခန့်အပ်ရန် ရတားလိုက်သည့် ဝန်ကြီး ၉ဦးမှာ ဗိုလ်မှူးကြီးထင်လင်း (တပ်မတော်သား ကိုယ်စားလှယ်)၊ ဦးကျော်ခင် (ကြံ့ဖွံ့ပါတီ) ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁)၊ ဦးကျော်သိန်း (ရတပပါတီ) မြောက်ဦး မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)၊ ဦးစိုးအေး (ကြံ့ဖွံ့ပါတီ) ဂွမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးမြအောင် (ကြံ့ဖွံ့ ပါတီ) မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးသာလူချေ (ရတပပါတီ) စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁)၊ ဒေါက်တာအောင်ကျော်မင်း (ကြံ့ဖွံ့ပါတီ) တောင်ကုတ်မြို့နယ် ပြည်နယ် လွှတ်တော် အမှတ်(၂)၊ ဦးအောင်သန်းတင် (ရတပပါတီ) ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးလှဟန် (ကြံ့ဖွံ့ပါတီ) သံတွဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁) တို့ဖြစ်ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ချင်းရေးရာကိုယ်စားလှယ်ဝန်ကြီးတနေရာအတွက် ကြံ့ဖွံ့ပါတီမှ ဦးကိုကိုနိုင်ကို ရွေးချယ် ခန့်အပ်လိုက်ကြောင်း သိရသည်။ ခန့်အပ်လိုက်သည့် အမတ်များအား မည်သည့် ပြည်နယ် ဝန်ကြီးဌာနများတွင် ခန့်အပ်လိုက်သည်ကို နိရဥ္စရာက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပါ၀င်မည့် ၀န်ကြီးဌာန ၉ ခုမှာ ကျန်းမာရေးနှင့် ပညာရေး ပေါင်း ဌာနတစ်ခု၊ လုံခြံုရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ စက်မူနဲ့ အားကစား ဌာန၊ လူမူဖုံလုံရေးနဲ့ ယဉ်ကျေးမူ ၀န်ကြီးဌာန၊ စီးပွားကူးသန်း ၀န်ကြီးဌာန ၊ သားငါးနဲ့ စက်မူလက်မူ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာန တို့ ဖြစ်ကြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ် ၁၈ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

Most read this week