ကုလားတန်မြစ်နှင့် ဆက်သွယ်မည့် မီဇိုရမ်ဘက် ကားလမ်း စတင်ဖောက်လုပ်

ကုလားတန်မြစ်နှင့် ဆက်သွယ်မည့် မီဇိုရမ်ဘက် ကားလမ်း စတင်ဖောက်လုပ်
by -
ခိုနူမ်းထုန် သတင်းဌာန

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ် တစ်ခုဖြစ်သော ကုလားတန်မြစ်ကြောင်းမှတဆင့် အိန္ဒိယနိုင်ငံအရှေ့ မြောက်ဘက် မီဇိုရမ်ပြည်နယ်သို့ ဖြတ်သန်းသွာလာမည့် ကားလမ်းကို ယခုလဆန်းပိုင်း က စတင်ဖောက်လုပ် ...

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ် တစ်ခုဖြစ်သော ကုလားတန်မြစ်ကြောင်းမှတဆင့် အိန္ဒိယနိုင်ငံအရှေ့ မြောက်ဘက် မီဇိုရမ်ပြည်နယ်သို့ ဖြတ်သန်းသွာလာမည့် ကားလမ်းကို ယခုလဆန်းပိုင်း က စတင်ဖောက်လုပ်နေပြီ ဖြစ်သည်။

Kaladan-photoအဆိုပါကားလမ်းကို မီဇိုရမ်ပြည် နယ်တောင်ပိုင်း လောင်တလိုင်မြို့မှ ကီလိုမီတာ ၁ဝဝ ခန့်ရှိသည့် နယ်စပ်ကျေးရွာ Zochachhuah အထိ ဖောက်လုပ်သွားမည် ဖြစ်သည်။

ကားလမ်းကို အိန္ဒိယကုမ္ပဏီ နှစ်ခုဖြစ်သည့် RDS နှင့် ARSS တို့က ကီလိုမီတာ ၅ဝ စီဖြင့် တာဝန်ယူ ဖောက်လုပ်ကြမည် ဖြစ်သည်။

အန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ် တစ်ခုဖြစ်လာမည့် ကုလားတန်မြစ်ကြောင်း ဘက်စုံ ပို့ဆောင်ရေး စီမံကိန်းကို ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် ဧပြီလအတွင်းက နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။

Kaladon-projectယခုအခါ ရခိုင်ပြည်နယ် စစ်တွေ ရေနက်ဆိပ်ကမ်း တခုကိုလည်း အိန္ဒိယ ကုမ္ပဏီ အက်ဆာ (ESSAR) က ပြီးခဲ့သည့် ၂ဝ၁ဝ ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင် တည်ဆောက်နေပြီ ဖြစ်သည်။ ထို့နောက် ချင်းပြည်နယ် ပလက်ဝမြို့တွင်းလည်း ဆိပ်ကမ်းတခုတည် ဆောက်မည်ဟုလည်း သိရသည်။

ယင်းစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒ(Look East Policy) အရ စတင် ကမ်းလှမ်း ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်တွေ ဆိပ်ကမ်းမှ တဆင့် အိန္ဒိယ နိုင်ငံ မြောက်ပိုင်းဒေသရှိ မီဇိုရမ်ပြည်နယ်၊ ထိုမှတဆင့် ကာလကတ္တားမြို့သို့ ကုန်ပစ္စည်းများ လွယ်လင့်တကူ တင်ပို့နိုင်ရန် နှင့် ထွက်ကုန်များကို ဥရောပနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ တင်ပို့ရန် ရည်ရွယ်ထားသည်။

၄င်း စီမံကိန်းကို အိန္ဒိယ Essar Projects India Ltd. မှ ကန် ဒေါ်လာ ၁၂ဝ သန်း အကုန် အကျခံ တည်ဆောက်မည် ဖြစ်ပြီး လာမည့် ၂ဝ၁၃ ခုနှစ်တွင် အပြီး တည်ဆောက်သွားမည် ဖြစ်သည်။

Most read this week