ယနေ့နံနက် ၉ နာရီကျော်ခန့်က ကချင်ပြည်နယ် မန်စီ မြို့နယ် မန်သာနှင့် တုံလေရွာ အကြားတွင် ကေအိုင်အေ တပ်ရင်း ၂၇ နှင့် ခလရ ၁၅ တို့ နှစ်ဘက် တိုက်ပွဲတစ်နာရီ ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ...
ယနေ့နံနက် ၉ နာရီကျော်ခန့်က ကချင်ပြည်နယ် မန်စီ မြို့နယ် မန်သာနှင့် တုံလေရွာ အကြားတွင် ကေအိုင်အေ တပ်ရင်း ၂၇ နှင့် ခလရ ၁၅ တို့ နှစ်ဘက် တိုက်ပွဲတစ်နာရီ ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့်တပ် လက်မခံသည့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO လက်အောက်ခံ KIA တပ် ထိန်းချုပ် နယ်မြေအတွင်း ဘိန်းခင်းဖျက်ရန် အကြောင်းပြချက်ဖြင့် ၀င်ရောက်လာသော နအဖ စစ်တပ်ကို KIA တပ်ဖွဲ့က ခုခံရာမှ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၎င်းတိုက်ပွဲအတွင်း နအဖဘက်မှ တပ်ရင်းမှူး ကျဆုံးပြီး ၁၀ ဦးကျော်ခန့် ဒဏ်ရာ ရရှိသွားကြောင်း ကေအိုင်အေသတင်း ရပ်ကွက်တစ်ခုက သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။
“ဘိန်းခင်းဖျက်မယ်ဆိုပြီး ကေအိုင်အေ ရှိတဲ့နေရာကို ဟိုတစ်နေ့ကတည်းက စကပ်နေတာပေါ့ နအဖတပ်တွေ ၀င်လာတော့ သေနတ်မိုးပေါ် ထောင်ပစ်တယ်၊ နအဖက တည့်တည့်ပြန်ပစ်တော့ နအဖ တပ်ရင်းမှူး စီးလာတဲ့ ကားကို RPG နဲ့ ပစ်ခွဲလိုက်တယ်။ တပ်ရင်းမှူးတော့ ကျသွားတယ်” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
ကေအိုင်အေတပ်ရင်း ၁ နယ်မြေတွင်လည်း နအဖတပ်နှင့် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းရရှိသော်လည်းသီးခြား အတည်မပြုနိုင်သေးပေ။
မြန်မာအစိုးရသစ် စတင်ဖွဲ့စည်းမည့် ဂျန္နဝရီ ၈ ရက် မတိုင်ခင် တစ်ရက်အလိုတွင် ယခုတိုက်ပွဲဖြစ်ပွားသဖြင့်လာမည့် အစိုးရသစ်နှင့် တိုင်းရင်း သားလက်နက်ကိုင်များအကြား နှစ်ဘက်ညှိနှိုင်းရေး ပိုမိုခက်ခဲစေရန် ချိန်ကိုက်လုပ်ဆောင်ခြင်း ဖြစ်ဖွယ်ရှိကြောင်း လေ့လာသူများသုံးသပ်ပြော ကြားသည်။