ဘင်္ဂလားဒေ့ချ်နိုင်ငံ ကော့စ်ဘာဇားခရိုင်တွင် တည်ရှိသော ရခိုင်ကျေးရွာ တစ်ခုမှ သချိုင်းအား ဒေသခံ စီးပွားရေးသမားများ သိမ်းပိုက်လိုက်ပြီး ဆားကွင်းပြုလုပ်လိုက်သဖြင့် ကျေးရွာသားများက သချိုင်္င်းမြေပေါ် ...
ဘင်္ဂလားဒေ့ချ်နိုင်ငံ ကော့စ်ဘာဇားခရိုင်တွင် တည်ရှိသော ရခိုင်ကျေးရွာ တစ်ခုမှ သချိုင်းအား ဒေသခံ စီးပွားရေးသမားများ သိမ်းပိုက်လိုက်ပြီး ဆားကွင်းပြုလုပ်လိုက်သဖြင့် ကျေးရွာသားများက သချိုင်္င်းမြေပေါ် သွားရောက်ပြီး ဆန္ဒပြပွဲ တရပ်ပြုလုပ်ခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကော့ဘဇားခေါ် ဖလောင်းချိတ်မြို့မှ မြောက်ဘက် ၃ မိုင်အကွာတွင် တည်ရှိသော သော်ဒီဂျာ အထက် ရွာတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သချင်္ိုင်းထိန်းသိန်းရေး ကော်မီတီအဖွဲ့မှ အတွင်းရေးမှူး ကိုခင်မောင်က ယခုကဲ့ သို့ နိရဥ္စရာကို ပြောသည်။
“အခု ကျွန်တော်တို့ရွာမှာ လူသေရင် သဂြိင်္ုစရာ သချိင်္ုင်း မရှိတော့ဘူး။ သချိုင်္င်းမြေတွေကို ဒေသခံ အာဏာရှိတဲ့ စီးပွားရေး သမားတွေက အကုန်လုံးသိမ်းပိုက်ထားတယ်။ အခုကျန်နေတဲ့ သချိင်္ုင်းကိုလည်း သိမ်းပိုက်ပြီး ဆားလှမ်းတဲ့ ကွင်းလုပ်ထားတဲ့ အတွက် လူသေရင် သဂြိင်္ုစရာ နေရာ မရှိတော့ဘူး။ ဒီလိုလုပ်တဲ့ အပေါ် ဘယ်လိုမှ သည်းခံစရာ မရှိတဲ့ အတွက် ခုလို ရွာသားတွေ ထွက်ပြီး ဆန္ဒပြရတာ ဖြစ်ပါတယ်။”
အဆိုပါ သချိင်္ုင်းမြေကို သော်ဒီဂျာ ကျေးရွာ အုပ်စုဥက္ကဌ ကိုဘီအာဟောမောက်နှင့် သူ့၏သား လာလ်မီယာတို့ သားအဖ ၂ ဦးက သိမ်းပိုက်ပြီး ၁ ဧကလျှင် တာကာ၂၀၀၀ နှုန်းဖြင့် တခြား စီးပွားရေး သမား တစ်ဦးအား ငှားရမ်း ထားကြောင်းနှင့် အဆိုပါ သချင်္ိုင်းတွင် မိုးရာသီတွင် ငါး၊ပုဇွန်မွေးမြူ ရေး လုပ်ကိုင်ပြီး နွေရာသီဆိုလျှင် ဆားလှမ်းမြေ(ကွင်း) အဖြစ်အသုံးပြု လုပ်ကိုင်နေကြောင်း သိရသည်။
ရခိုင် ဗုဒ္ဓ္ဓ္ဓဘာသာဖွ့ံဖြိုး တိုးတက်ရေး အဖွဲ့ ကျေးရွာ ဥက္ကဌ အဖြူမောင်မှလည်း ယခု သိမ်းပိုက် ခံလိုက်ရသော မြေမှာ အထက်က အာဏာပိုင်များက အသိအမှတ် ပြုထားသော သချိုင်္င်းမြေ ဖြစ်ကြောင်း ယခုကဲ့သို့ ပြောသည်။
“ အသိမ်းခံထားရတဲ့ သချင်္ ိုင်းမြေက ၁၀ ဧက ဖြစ်ပါတယ်။ သူတို့က အားနဲ့ သိမ်းယူတာ ဖြစ်ပါတယ်။ ၂၀၀၁-ခုနှစ်က ရွာသားတွေက အထက်ကို လျှောက်လွှာတင် တောင်းဆိုတဲ့ အတွက် ၅ ဧကကိုသာ ရခိုင်သချိုင်း အတွက် ပိုင်ဆိုင်သင့်တယ်ဆိုပြီး ဆုံးဖြတ်ချက်ချပါတယ်။ ၂၀၀၂-ခုနှစ် မတ်လ ၆ ရက်နေ့မှာ ဖလောင်းချိတ်မြို့ရဲ့ အကြီး ဆုံး စီမံခန့်ခွဲရေးမှူး မိုတီရော်ဟင်မင်းမှ လက်မှတ် ရေးထိုး ပေးခဲ့ပါတယ်။ ခုတစ်ခါ သူတို့က အထက်က ပေးထားတဲ့ ရခိုင်သချိုင်းကို ပြန်သိမ်းပြီး ခုလို လုပ်ကိုင်လာတာ ဖြစ်ပါတယ်။”
သော်ဒီဂျာ ကျေးရွာ သချင်္ိုင်းကို သိမ်းပိုက်ထားပြီးနောက် ကျေးရွာသားများ အနေဖြင့် သဂြိုင်္လ်စရာ မြေမရှိ ဖြစ်နေကြောင်း သိရသည်။
အသက် ၆၀ ကျော်ရှိ ဦးမောင်ထွန်းလှက “ ငါ့အဖေနဲ့ အမေကို သဂြိုလ်ထားတဲ့ အုတ်ဂူကို မိုးရာသီတုန်းက သွားကြည့်တော့ မမြင်ရဘူးနော်။ ကမ်းပိုင်တွေဆည်ပြီးတော့ ပုဇွန်တွေ၊ ငါးတွေမွေးထားတဲ့ အတွက် ရေအောက်ကို ရောက်သွားခဲ့ပြီ ဖြစ်တယ်။ ပြောဖို့ ကိုယ့်မှာ အင်အား မရှိတော့ ဘာတခုမှ မတတ်နိုင်ဘူး။ သူတို့အားတင်တိုင်း လက်ပိုက် ကြည့်နေကြရပါတယ်” ပြောသည်။
၄င်းသင်္ချ ိုင်းမြေများကို မရရှိပါက အိမ်ခြေပေါင်း ၁၀၀ ကျော်တည်ရှိသော သော်ဒီဂျာ ကျေးရွာအနေဖြင့် အသုဘချရန် အခက်အခဲများစွာ ရှိမည်ဖြစ်ကြောင်း ရွာသားများကပြောသည်။
ယခုကဲ့သို့ ရခိုင်ကျေးရွာ သချိုင်းမြေများကို ဒေသခံ ဘင်္ဂလီများက သိမ်းပိုက်ထားသည်မှာ သော်ဒီဂျာ အထက်ရွာ တစ်ခုတည်းတွင် မဟုတ်ဘဲ သော်ဒီဂျာ (မော်ရွာ) ဟာရဘင်းနှင့် အဝကျွန်းမှ ကျေးရွာတချို့တွင်လည်း ပေါ်ပေါက် နေကြောင်း သိရသည်။
သော်ဒီဂျာ အထက်ရွာတွင် သချိင်္ုင်းမြေ သိမ်းပိုက်ခံရ၍ ဆန္ဒပြကြသည့် သတင်းကို ကော့ဘဇား ခရိုင်ထုတ် ဘင်္ဂလီ သတင်းစာများနှင့် ဒက္ကားထုတ် နာမည်ကြီး ပြိုထောင့် အာလောင် သတင်းစာ များတွင် ယမန်နေ့က ဓါတ်ပုံများနှင့် တကွ ဖေါ်ပြထားသည်။