ဒု သမ္မတ ရွေးပွဲတွင် စိုင်းမောက်ခမ်းကို ဒေါက်တာ အေးမောင် မဲအပြတ်နှင့်ရှံုး

ဒု သမ္မတ ရွေးပွဲတွင် စိုင်းမောက်ခမ်းကို ဒေါက်တာ အေးမောင် မဲအပြတ်နှင့်ရှံုး
by -
နိ ဉ္ဇရာသတင်းဌာန

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဒေါက်တာအေးမောင်သည် ဒုတိယ သမ္မတနေရာအား အမျိုးသား လွှတ်တော်၌ ယှဉ်ပြိုင်ရာတွင် ဒေါက်တာ စိုင်းမောက်ခမ်းအား မဲအပြတ်အသတ်နှင့် ရှံုးနိမ့် ခဲ့ ...

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဒေါက်တာအေးမောင်သည် ဒုတိယ သမ္မတနေရာအား အမျိုးသား လွှတ်တော်၌ ယှဉ်ပြိုင်ရာတွင် ဒေါက်တာ စိုင်းမောက်ခမ်းအား မဲအပြတ်အသတ်နှင့် ရှံုးနိမ့် ခဲ့ကြောင်း သတင်း ရရှိသည်။

ဒေါက်တာအေးမောင်က ၂၇ မဲသာ ရရှိပြီး ကြံ့ခိုင်ရေး ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းမှာ ၁၄၀ မဲ ရရှိခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ကြ့ံခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၁၂၉ ဦးသာရှိပြီး ကြ့ံခိုင်ရေးမှ ဒေါက်တာ စိုင်းမောက်ခမ်း မဲ ၁၄၀ ရရှိခြင်းမှာ တခြား တသီးပုဂ္ဂလနှင့် ကြံ့ခိုင်ရေး မဟုတ်သော တခြား ပါတီအမတ် ၁၁ ဦးက မဲပေးခဲ့၍ ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ လွှတ်တော်တွင် ကြ့ံခိုင်ရေးမှ ဦးသိန်းစိန်နှင့် ဖလုံ-စဝေါ် ဒီမို ကရက်တစ် ပါတီမှ ဦးစောသိန်းအောင်တို့ ယှဉ်ပြိုင်ရာ ဦးသိန်းစိန်က ၂၇၆မဲ၊ ဦးစောသိန်းအောင်က ၃၈ မဲနှင့် ပယ်မဲ ၁၁ ရှိကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် သမ္မတနှင့် ဒုသမ္မတ နှစ်ဦးကို ရွေးချယ်ကြမည် ဖြစ်ရာ ကြ့ံခိုင်ရေးမှ ဦးသိန်းစိန်၊ စိုင်းမောက်ခမ်းနှင့် စစ်တပ်မှ အဆိုတင်သွင်းလာသူ ဦးတင်အောင်မြင့်ဦးတို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ ထိုသုံးဦးထဲတွင် ဦးသိန်းစိန်မှာ သမ္မတ ဖြစ်လာနိုင်ရန် အခြေအနေများနေသည်ဟု အများက ခန့်မှန်းပြောဆိုနေကြသည်။

ကြံ့ခိုင်ရေး ပါတီမှ သမ္မတ၊ ဒုသမ္မတ၊ ပြည်သူ့ လွှတ်တော်၊ အမျိုသားလွှတ်တော်စသည့် အရေးကြီးသော နေရာများ အားလုံးကို ရယူထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ နောက်ကွယ်က ကြိုးကိုင်မည် ဖြစ်သဖြင့် မြန်မာနိုင်ငံရေး အခြေအနေမှာ တစုံတရာပြောင်းလဲမည် မဟုတ်သလို လူ့အခွင့်အရေး ချိုးဖေါက်မူ၊ တိုင်းရင်းသားများ အပေါ် ခွဲခြားဆက်ဆံ အနိုင်ကျင့်မူများမှာ ပိုမိုပြီး တိုးပွားလာနိုင်သည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

တိုင်းရင်းသားများနေထိုင်ရာ ပြည်နယ်များတွင်လည်း စစ်တပ်မှ အနားယူထားသော တိုင်းမှူးဟောင်းများ ၀န်ကြီးချုပ် ဖြစ်လာနိုင်သဖြင့် ပြည်နယ်များ၏ နိုင်ငံရေး အခင်းအကျင်းမှာလည်း တစ်စုံတရာ ပြောင်းလဲ လာနိုင်ဖွယ်မရှိကြောင်း တိုင်းရင်းသားများက ယုံကြည်နေကြသည်။

Most read this week