ဂီရိအလှူငွေ ပေးအပ်ပွဲနှင့် ကွယ်လွန်သူများအား ရည်စူး၍ ဆွမ်းကျွေး-ရေစက်ချ အမျှဝေပွဲ အခမ်းအနား မလေးရှားတွင် ပြုလုပ်

ဂီရိအလှူငွေ ပေးအပ်ပွဲနှင့် ကွယ်လွန်သူများအား ရည်စူး၍ ဆွမ်းကျွေး-ရေစက်ချ အမျှဝေပွဲ အခမ်းအနား မလေးရှားတွင် ပြုလုပ်
by -
နိရဥ္ဇရာ သတင်းဌာန

ဂီရိမုန်တိုင်း ဒုက္ခသည်များ ကူညီ ထောက်ပံ့ရေး အလှူငွေ ပေးအပ်ပွဲနှင့် မုန်းတိုင်းကြောင့် ကွယ်လွန် သွားသူများအား ရည်စူး၍ ဆွမ်းကျွေး-ရေစက်ချ အမျှဝေ ပွဲ အခမ်းအနား တရပ်ကို မလေးရှားနိုင်ငံ တွင် ကျင်းပ ...

ဂီရိမုန်တိုင်း ဒုက္ခသည်များ ကူညီ ထောက်ပံ့ရေး အလှူငွေ ပေးအပ်ပွဲနှင့် မုန်းတိုင်းကြောင့် ကွယ်လွန် သွားသူများအား ရည်စူး၍ ဆွမ်းကျွေး-ရေစက်ချ အမျှဝေ ပွဲ အခမ်းအနား တရပ်ကို မလေးရှားနိုင်ငံ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

Sungai-Buloh-Malaysiaအဆိုပါ အခမ်းအနားကို ကွာလာလမ်ပူမြို ့ဆုမ်ဂိုင်းဘလို ့ (Sungai Buloh) အရပ်ရှိ အသောကာရာမ ကျောင်းတွင် ယနေ့ ကျင်းပခဲ့သည်။ အခမ်းအနားသို ့ အသောကာရာမ ဆရာတော် ဒေါက်တာ သီလဝံသ အမှူးရှိသော ရဟန်တော်(၃)ပါး ကြွရောက်ကြပြီး အလှူရှင်များဘက်မှ ဦးဦးဘငြိမ်း ဦးဆောင်သော အကျိုးဆောင် သူများနှင့် အလှုရှင် ၆၀ ခန် ့ တက်ရာက်ခဲ့ကြသည်။

အခမ်းအနားတွင် ဆရာတော် ဒေါက်တာသီလဝံသ မှ သြဝါဒစကား ကို ပြောကြားပြီး ရက္ခိတလူမှု့ရေးနှင့် ယဉ်ကျေးမှူ ရံပုံငွေ(မလေးရှား) မှ ဦးထွန်းအောင်ကျော် က အမှာစကားပြောကြားခဲ့သည်။ ထိုနောက် ဘေဘေး ကူအညီ ရရှိရေးနှင့် အခမ်းအနား ဖြစ်မြောက်ရေး အတွက် အဓိက အကျိုးဆောင် ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ ဦးဦးဘငြိမ်းမှ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို အကျယ်တဝင့် ရှင်းလင်း ပြောကြား သွားကြောင်း သိရသည်။

ထိုနောက် အလှူရှင်လူငယ်များက စုဆောင်းရရှိထားသော အလှူငွေ မလေးရှားးရိန်းဂစ် ရ၇၆၆ (မြန်မာ ကျပ်ငွေ ၂၁၇၄၀၀၀) အား ဆရာတော် ဒေါက်တာသီလဝံသ ထံသို ့လွဲပြောင်း ပေးအပ်ခဲ့ကြသည်။ မလေးရှားနိုင်ငံတွင် ဂီရိဒုက္ခသည်များ ကူညီထောက်ပံ့ရေး အတွက် ရခိုင်ဆရာတော် (၂)ပါးဖြစ်သော ဒေါက်တာ အရှင် သီလဝံသ ဆရာတော်နှင့် ဆရာတော် အရှင် ရာဇိန္တတို ့မှ ဦးဆောင်ပြီး အလှူငွေများ စုဆောင်းကောက်ခံနေရာ ယခုအချိန်ထိ အကူအညီ သိန်းပေါင်းကျပ် ၂၇၀ ခန့်ရရှိခဲ့ပြီ ဖြစ်သည်။

အဆိုပါ အလှူငွေများကို ရခိုင်သဟာယ အသင်းမှ တဆင့် (၃)ကြိမ်တိတိ လှူဒါန်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်၍ အလှူငွေများအားလည်း ကောက်ခံလျှက်ရှိနေရာ ရရှိလာသော အလှူငွေများကို လေဘေးသင့် ပြည်သူများထံသို့ အလားတူ ထပ်မံပေးပို ့သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Most read this week