စစ်တိုင်းသစ်ဌာနချုပ် တည်ဆောက်မှု လုပ်အားခ အတွက် ဆိုင်ခန်း ၁၀၀ ကျော် ပိုက်ဆံကောက်

စစ်တိုင်းသစ်ဌာနချုပ် တည်ဆောက်မှု လုပ်အားခ အတွက် ဆိုင်ခန်း ၁၀၀ ကျော် ပိုက်ဆံကောက်
by -
သျှမ်းသံတော်ဆင့်

အရှေ့အလယ်ပိုင်းတိုင်း ဌာနချုပ်တည်ဆောက်မှု လုပ်အားခအတွက်ဟုဆိုကာ ကာလိမြို့နယ်ခွဲအတွင်းရှိ ဆိုင်ခန်းပေါင်း ၁ဝဝ ကျော်ထံမှပိုက်ဆံကောက်ယူသည့် အပြင် မြို့အဝင် ဂိတ် ဖြတ်သန်းသွားလာ ...

အရှေ့အလယ်ပိုင်းတိုင်း ဌာနချုပ်တည်ဆောက်မှု လုပ်အားခအတွက်ဟုဆိုကာ ကာလိမြို့နယ်ခွဲအတွင်းရှိ ဆိုင်ခန်းပေါင်း ၁ဝဝ ကျော်ထံမှပိုက်ဆံကောက်ယူသည့် အပြင် မြို့အဝင် ဂိတ် ဖြတ်သန်းသွားလာသည့် ကား အသီးသီးထံမှလည်းထောင်ချီကောက်ခံ ကြောင်းစုံစမ်း သိရှိရသည်။

ကရင်နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲက ဗိုလ်ချုပ် မောင်မောင်အုန်းနှင့်အဖွဲ့ (ဓါတ်ပုံ- စောကျော်လေး)“တပ်ဆောက်တဲ့နေရာမှာ အမျိုးသမီးနေ့စား လုပ်အားခ တယောက် ၂၅၀၀။ အမျိုးသားတယောက်  ၃၀၀၀ စီ ပေးတယ်ဆိုတာက ကာလိ ထဲက  ဆိုင်ခန်းပေါင်း ၁၀၀ကျော်က ကောက်တဲ့ ပိုက်ဆံနဲ့ပေးတာ။ အခုနောက်ပိုင်း ယောက်ျား အလုပ်သမား သိပ်မလိုချင်ဘူး လို့တောင် ပြောတယ်” - ဟု အမည် မဖော်လိုသည့် အထည်ဆိုင်ရှင် တဦးကပြောသည်။    

စည်ပင်နှင့်ရဲများ ဦးဆောင်သည့်အဖွဲ့က  ညအချိန်၌သာ ဆိုင်ခန်းများထံမှ ပိုက်ဆံ ကောက်ယူသည်ဟုလည်း အဆိုပါဆိုင်ရှင် က ပြောပြသည်။

ကာလိမြို့တွင်း (စားသောက်ဆိုင်၊ အထည်ဆိုင်၊ ကုန်စုံဆိုင်) ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရိ်ှရာတခန်းလျှင်ကျပ် ၁ သိန်းကောက် ယူသည့်အပြင် မြို့အဝင်ဂိတ် ဖြတ်သန်းသည့်ကားများထံမှ တစီးကျပ် ၂၀၀ မှ ၁၀၀၀၀ အထိ ကောက်ယူကြောင်း ကျိုင်းတုံမှ ကားဆရာတဦး ကလည်း ပြောပြသည်။  

“ဗင်ကားဆိုရင် တစီး ၂၀၀၀ ။ ကုန်ကားကြီးဆိုရင် ၆ ဘီး ၅၀၀၀ ကနေ ၁၀ ဘီး  ၁၀၀၀၀ အထိ ကောက်တယ်။ ဟိုတုန်းက ကားသမားတွေ  ကာလိရောက်ရင်ပျော်ကြတယ်။ ဂိတ်မရှိဘူး။ အခုနောက်ပိုင်း ဗမာတပ်ဝင်လာတော့ ဂိတ်တွေ ပိုများလားတယ်။ ပိုက်ဆံပိုကုန်တယ်။ ကျိုင်းတုံ ကနေ တောင်ကြီးသွားမယ့်ကား မိုးချုပ်ရင်ကာလိမှာဘဲ အိပ်တော့တာ။ ကွန်ဟိန်းအထိမဆက်တော့ဘူး။  ကွန်ဟိန်းဂိတ်မှာ ရစ်လဲရစ် တယ်။ တောင်ကြီးကလာလဲ ကွန်ဟိန်းကို ကျော်နိုင်ရင် ကာလိမှာညအိပ်ကြတယ်။ အဲလိုဖြစ် အောင်လဲ ကြိုးစားသွားရတယ်။ အခုတော့ ကာလိလဲမအိပ် ချင်တော့ဘူး။ ဆိုတော့ ကာလိက ခြောက်ကပ်သွားတာပေါ့။ အရောင်းအဝယ် လဲသိပ်မဖြစ်တော့ဘူး ” ဟု၎င်းက ပြောသည်။

အသစ်တိုးချဲ့မည့် အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးတည်ဆောက်ရေးအတွက် ကျေးလက်ဒေသခံများထံမှသိမ်းယူထား သောမြေယာ ဧက ၃၀၀ ခန့်အနက်မြေလွတ်မြေရိုင်းကို တဧက ကျပ် ၁ သိန်း၊ကောက်ပဲသီးနှံစိုက်ပျိုးထားသည့်ခြံ များကို တဧက ကျပ် ၂  သိန်း၊ လယ်မြေကို တဧက ၃ သိန်း ပြန်လည်ပေးလျော်မည်ဟု အာဏာပိုင်များပြောသော်လည်း ဒေသခံများရောင်းဝယ်နေသော ခြံမြေတဧက ပေါက်စျေးမှာ ကျပ် ၃ သိန်း နှင့်အထက်၊ လယ်မြေ တဧက ကျပ် ရ သိန်းနှင့်အထက်ရှှိနေသဖြင့််  အခက်အခဲများ ရင်ဆိုင်နေကြရကြောင်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တိုးချဲ့ဆဲ ကာလိ မြို့နယ်ခွဲသစ်၌ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုးချဲ့တည်ဆောက်ရန် ဗိုလ်မှူးချုပ် မြတ်ထွန်းဦးမှ ဒီဇင်ဘာ ၃၁ အစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်ခဲ့ကြောင်း၊ ယခုလ ၁၀ ရက်မှစ၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အပြင်၊ အထက် တန်းကျောင်း၊ မြို့နယ်ခွဲအထွေထွေအုပ်ချုပ်ရေးရုံး၊ ဌာနဆိုင်ရာရုံးများ အသီးသီး နေ့စဉ် ရက်ဆက်တည်ဆောက်နေကြာင်း ကြားသိရသည်။  

ထို့အတူ ပြည်သူ့စစ် နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အုန်း၊ အရှေ့အလယ် ပိုင်းတိုင်း စစ်တိုင်းမှူးသစ် ဗိုလ်မှူး ချုပ်မြတ်ထွန်းဦး၊ ကွန်ဟိန်းဗျူဟာမှူးနှင့်အတူ (အသွင်ပြောင်း) တပ်မဟာ ရ ပြည်သူ့ စစ်ခေါင်းဆောင် ဦးကိုင်ဖှါ့တို့မှလည်း  လွယ်ဖာပြည်သူ့စစ် စခန်း စစ်ဆေးပြီး ကွန်ဟိန်းသို့ ညတွင်းချင်းပြန်လည် အစည်းအဝေးထိုင်ခဲ့ကြောင်း၊  စည်းဝေးကြသည့်အကြောင်းရင်းမသိရသော်လည်း၊ လက်ရှိ အခြေအနေအရ နအဖ တပ်မှူးများရောက်သည ့်နေ့တွင်သာ အောက်ခြေအရာရှိ တပ်သားများ ပြည်သူ့စစ်ဝတ်စုံဝတ် ကြကြောင်း၊ကျန်ရက်များ ၌ အားလုံးနီးပါး  သျှမ်းပြည်တပ်တော် (မြောက်ပိုင်း) ယူနီဖောင်းကိုသာ ဆက်လက်ဝတ်ဆင်ပြီးပြည်သူ့စစ်ဝတ်စုံမဝတ် လိုကြကြောင်း နီးစပ်သည့် အသိုင်း အဝိုင်းကပြောပြပါသည်။

Most read this week