ကျိုက်မရောရဲမှ လောင်းကစားဝိုင်း ဖမ်းဆီးသော်လည်း အခြားနေရာတွင် ဖွင့်နေမြဲ

ကျိုက်မရောရဲမှ လောင်းကစားဝိုင်း ဖမ်းဆီးသော်လည်း အခြားနေရာတွင် ဖွင့်နေမြဲ
by -
မိစန္ဒာဦး

မွန်ပြည်နယ် ကျိုက်မရော နယ်ဘက်တွင် လက်နက်ချ အဖွဲ့တစ်ခုဖြစ်သော မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ် ရေးတပ်ဖွဲ့တို့မှ တပ်တွင်း ရံပုံငွေအတွက် ပွဲသွင်း လောင်းကစားဝိုင်း ဖွင့်လှစ်ထားခြင်း ...

မွန်ပြည်နယ် ကျိုက်မရော နယ်ဘက်တွင် လက်နက်ချ အဖွဲ့တစ်ခုဖြစ်သော မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ် ရေးတပ်ဖွဲ့တို့မှ တပ်တွင်း ရံပုံငွေအတွက် ပွဲသွင်း လောင်းကစားဝိုင်း ဖွင့်လှစ်ထားခြင်းကို မြို့နယ်ရဲများမှ ဇန္နာဝါရီ လ(၂၄)ရက်နေ့တွင် ဖမ်းဆီးမှု ပြုလုပ်ခဲ့သော်လည်း တခြားနေရာများတွင် လောင်းကစားဝိုင်းကို ဖွင့်မြဲဖွင့်နေ သည်ဟု ဒေသခံကျောင်းဆရာတစ်ဦးမှ ပြောပါသည်။

လောင်းကစားပွဲတွင် ကျောင်းသားခလေးများလည်း ပါဝင်လာ။လောင်းကစားဝိုင်းကို ကျိုက်မရောမြို့နယ် ကော့ဒွန်းရွာတွင် မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ် ရေးတပ်ဖွဲ့ တို့မှ ပွဲသွင်းပြီး ဖွင့်လှစ်ကစားခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့တို့မှ ဝင်ရောက် ဖမ်းဆီးရာ လောင်းကစားဒိုင်များကိုသာ ဖမ်းဆီးခဲ့သည်ဟု ဒေသခံများမှ ပြောပါသည်။ လောင်းကစားဝိုင်းကို ဖွင့်လှစ်သော အဖွဲ့အစည်းကိုကား အရေးယူမှု မရှိဟု အဆိုပါ ကော့ဒွန်းရွာသားမှ ပြောပါသည်။

ကျိုက်မရောမြို့နယ် ကနဲလေးရွာတွင်လည်း နိုင်ကရုပ်ဗုဦးစီးပြီး တပ်ဖွဲ့ရံပုံငွေအတွက်် လောင်းကစားဖွင့် ထားသည်မှာ တစ်ပါတ်ကြာမြင့်ပြီး ဖြစ်သော်လည်း ဒေသခံအာဏာပိုင်တို့မှ အရေးယူမှု မရှိသေးဟု ကနဲလေး ကျေးရွာ ဒေသခံတစ်ဦးမှ ပြောပါသည်။

“ သူတို့တပ်ဖွဲ့ရံပုံငွေအတွက်ဆိုပြီး ရွာမှာဝိုင်းဖွင့်ထားတယ်လေ။ အနီထောင်ဝိုင်းက(၁ဝ)ဝိုင်း ဖဲဝိုင်းက (၅)ဝိုင်း ကြက်တိုက်တဲ့ဝိုင်းကလည်းစည်မှစည်။ ဖွင့်ထားတာအခုဆိုတစ်ပါတ်ကျော်နေပြီး။”

အလားတူ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မင်းရွာ(ခအံင်ကြေဟ်)ကျေးရွာအုပ်စုအတွင်းရှိ ကော့ပိုး တွင်လည်း မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ထိတိုင်လောင်းကစားဝိုင်းဖွင့်လှစ်ထားဆဲဖြစ် ကြောင်း မင်းရွာ(ခအံင်ကြေဟ်)ကျေးရွာ ယရကအဖွဲ့ဝင်ဟောင်းတစ်ဦးမယခုလိုှပြောပါသည်။

“ဒီလအလယ်ကစပြီး ဝိုင်းဖွင့်ထားတာအခုထိဘဲ။ လောင်းကစားတဲ့သူတွေတချို့ဆိုဆိုင်ကယ်တွေပေါင် ထားရတာအများကြီး။ တချို့တော့လည်းအကြွေးတင်နေကြတာပေ့ါ။ အာဏာပိုင်တွေက လာပိတ်တာ မတွေ့ဘူး။ လူကြီးတွေပြောတာကြားနေရတာက ကော့ဘိန်းရဲစခမ်းနဲ့ ကျံုဒိုးရဲစခမ်းတွေကိုပါ နိုင်သြချမ်း တို့အဖွဲ့က ငွေတွေခွန့်ထားလို့ အခုလိုအစဉ်ပြေနေတာလို့ကြားတယ်။ ဘာဘဲဖြစ်ဖြစ်လေ။ ဒီလောက်ရက်ကြာကြာဖွင့် ထားရင် လူတွေစာရိတ္တပျက်ကုန်တော့မှာဘဲ။”

မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ် ရေးတပ်ဖွဲ့ဝင်တို့နှင့်နီးစပ်သောသူတစ်ဦးပြောပြချက်အရ ပြီးခဲ့သည့်ဇန္ဖာဝါ ရီ(၂၅)ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်သြချမ်းကို ခေါ် ယူတွေ့ဆုံခဲ့သည်ဟုဆိုသည်။ မည်သည့်အကြောင်းအရာများကိုဆွေးနွေးခဲ့သည်ကိုမသိရကြောင်းပြောပါသည်။

မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီမှအနားယူထားသည့်စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်မှ (၂ဝဝ၈)ခုနှစ်တွင်တည်ထောင်ခဲ့ပြီး သူကွယ်လွန်ပြီးနောက်ပိုင်း ရာမညတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးရှောင်မှ ဆက်လက်ဦးဆောင်ခဲ့သည်။ မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့သည််(၂ဝ၁ဝ)ခုနှစ် ဒီဇင် ဘာလ(၁)ရက်နေ့တွင် ဒုတိယအကြိမ်လက်နက်အပ်နှံခဲ့ပြီး အောက်တိုဘာလ(၂၆)ရက်နေ့တွင်လည်း မော်လ မြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ပထမတစ်ကြိမ်လက်နက်ချခဲ့သည့်အဖွဲ့ဖြစ်သည်။  လက်နက်ချပြီး နောက် ပိုင်း တပ်ဖွဲ့ရံပုံငွေအတွက် ယခုလို လောင်းကစားဝိုင်းများဖွင့်လာခဲ့သည်ဟု တပ်ဖွဲ့နှင့်နီးစပ်သူများမှပြောပါ သည်။