အင်းလေးခေါင်တိုင် ဟော်တယ်လေလံ ကျားဖြူပါတီရရန် မျှော်လင့်

အင်းလေးခေါင်တိုင် ဟော်တယ်လေလံ ကျားဖြူပါတီရရန် မျှော်လင့်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်၏ အထင်ကရ အင်းလေးကန်ရှိ နိုင်ငံတော် အစိုးရ လေလံပစ်မည့်် အင်းလေး ခေါင်တိုင်ဟော်တယ် အား သျှမ်းလူထုနှင့် တိုင်းရင်းသား အကျိုးစီးပွားအတွက် မျှော်ကိုးပြီး ကျားဖြူပါတီက ရရှိရန် မျှော်လင့် ...

သျှမ်းပြည်၏ အထင်ကရ အင်းလေးကန်ရှိ နိုင်ငံတော် အစိုးရ လေလံပစ်မည့်် အင်းလေး ခေါင်တိုင်ဟော်တယ် အား သျှမ်းလူထုနှင့် တိုင်းရင်းသား အကျိုးစီးပွားအတွက် မျှော်ကိုးပြီး ကျားဖြူပါတီက ရရှိရန် မျှော်လင့်သည်ဟု စုံစမ်းသိရှိရပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီခေါ် ကျားဖြူပါတီ အမှတ်တံဆိပ်“အင်းလေးကန်မှာရှိတဲ့ အင်းလေးခေါင်တိုင်ဟော်တယ်လေလံမှာ ကျနော်တို့ရဖို့များတယ်။ ဒီနေ့  တင်ဒာ ချိတ်ပိတ် ရက်လေ၊ သျှမ်းပြည် မှာရှိတဲ့ အရင်းအမြစ်ကို သျှမ်းပြည်သားတွေအားလုံးအတွက် အကျိုးဖြစ်စေချင်တယ်” - ဟု ဘဏ္ဍာရေးမှူး စောသန်းမြင့်က ပြောပါသည်။

အင်းလေးခေါင်တိုင်ဟော်တယ် လေလံတွင် ကြမ်းခင်းစျေး ကျပ်ငွေသန်းပေါင်း ၁၅၀၀ ခန့် ရှိကြောင်း၊ ဂျန္နဝါရီ ၂၈ ရက် ယနေ့နောက်ဆုံး တင်ဒါချိတ်ပိတ်ကြောင်း၊ အင်းလေးခေါင်တိုင်ဟော်တယ် လေလံဆွဲထားကြသည့် စီးပွားရေးလုပ်ငန်း ရှင်များကိုလည်း သျှမ်းလူထု/ တိုင်းရင်း သားအားလုံး အကျိုးစီးပွားအတွက်လုပ်ပေးမည့်ကျားဖြူပါတီ အားဦးစား ပေးရန် မေတ္တာရပ်ခံထားကြောင်း၊ အင်းလေးခေါင်တိုင်ဟော်တယ် အပြင်၊ တခြားစီးပွားရေးလုပ်ငန်းများလည်း ဆက်တိုက် လည်ပတ်သွားဖွယ်ရှိကြောင်း ဘဏ္ဍာရေးမှူးဖြစ်သူက ဆက်၍ ပြောပြပါသည်။   

“မြေလွတ်မြေရိုင်းတွေကို ကန်ထရိုက်ဆွဲပြီး မှန်မှန်ကန်ကန်လုပ်စားမယ့် တောင်သူလယ်ယာသမားတွေအတွက်ပေး မှာဖြစ်တယ်။ ဒေသခံ တွေကို အဓိကထားပြီး မျှဝေပေးမှာဖြစ်တယ်။ ကျနော်တို့ဒီလိုမလုပ်ရင် ကုမ္မဏီကြီးတွေကလာ လုပ်လိုက်ရင် ဒေသခံတွေအတွက် ဘာမှရှိ တော့ မှာမဟုတ်ဘူးလေ။ ရှယ်ယာက ဖေဖော်ဝါရီလမှတရားဝင် စာရင်း ကောက်မှာလေ။ အခုလောလောဆယ် အကြမ်းဖျဉ်းရှယ်ယာဝင်တဲ့ သူ ၅၀၀ ကျော်ရှိပြီ”

အဆိုပါစီးပွားရေးလုပ်ငန်းအပြင် စက်ပစ္စည်းမပါသော စက်ရုံအခွန်နှင့်မြေနေရာ ၄ နေရာကိုလည်း  ဝယ်ယူရန်ကြိုးစား နေကြောင်း၊ ဆပ်ပြာ၊ မီးချောင်း (၂’ x ၄’ )၊ ဓါတ်မြေသြဇာများကိုလည်း ကျားဖြူတံဆိပ်ဖြင့်ထုတ်လုပ်ကာ နိုင်ငံအနှံ့အပြား ကိုယ်စားလှယ်များထံဖြန့်ချိမည် ဖြစ် ကြောင်း စောသန်းမြင့်ကပြော၏။

“ဆပ်ပြာလုပ်ငန်းက ကျနော်တို့ ဒီ ၃-၄ ရက်အတွင်းစလုပ်တော့မယ်။ မလေးရှားကနေ (အမှုန့်၊ အရည်၊ ရေချိုးဆပ်ပြာ … စသဖြင့်) အရည် အသွေး ကောင်းတဲ့ ဆပ်ပြာတွေကို တင်တွင်းမယ်၊ ကျနော်တို့က ကျားဖြူတံဆိပ်ရိုက်နှိပ်ပြီး ဖြန့်ဝေတော့မယ်၊ သျှမ်းအပါအဝင် တိုင်းရင်း သားတွေက ကျနော်တို့ကို အားပေးမယ်လို့ယုံကြည်တယ်”

ကျားဖြူကုမ္မဏီထုတ်ကုန်များအား ကျားဖြူပါတီ မြို့နယ်ကော်မတီ ရုံးခွဲမှတဆင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် တိုင်းဖြန့်ဝေရန်လည်း အရောင်းကိုယ်စားလှယ်များရှာထားပြီး ဖြစ်ိကြောင်းကြားသိရပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီသည် ပြီးခဲ့သည့် နိုဝင်ဘာ ရ ရက်ရွေးကောက်ပွဲ၌ ကိုယ် စားလှယ် ၁၅၆ ဦး ယှဉ်ပြိုင်ပြီး လွှတ်တော်သုံးရပ်အတွက် ၅၇ ဦး အနိုင်ရရှိခဲ့သည်။ သျှမ်းပြည်တွင် စစ်အုပ်စု၏ ပြည်ခိုင်ဖြိုးပါတီပြီးလျှင် ဒုတိယနေရာ အများ ဆုံး အနိုင်ရရှိခဲ့ပါသည်။

Most read this week