ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံး၏ ရခိုင်-ကရင် ၃၄ ဦး အင်တာဗျူး ပြီးစီး

ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံး၏ ရခိုင်-ကရင် ၃၄ ဦး အင်တာဗျူး ပြီးစီး
by -
နိရဥ္ဇရာ သတင်းဌာန

အိန္ဒိယ နိုင်ငံ ကာလကတ္တား အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခံထားရသော ရခိုင်နှင့် ကရင် ၃၄ ဦးအပေါ် ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှ ပြုလုပ်နေသာ အင်တာဗျူး အစီအစဉ်မှာ ယမန်နေ့က ပြီးစီးသွားခဲ့ပြီ ...

အိန္ဒိယ နိုင်ငံ ကာလကတ္တား အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခံထားရသော ရခိုင်နှင့် ကရင် ၃၄ ဦးအပေါ် ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှ ပြုလုပ်နေသာ အင်တာဗျူး အစီအစဉ်မှာ ယမန်နေ့က ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

34-Arakanese-freedom-fighter-in-Kolkata-jail၂ဝ၁ဝ ခုနှစ် ဇန္နဝါရီလ ၅ ရက်နေ့က စတင်ခဲ့သော အင်တာဗျူးမှာ ၂၁ ရက်ကြာ စစ်ဆေးပြီးနောက် ယမန်နေ့ ဇန္နဝါရီလ ၂၅ ရက်နေ့က ပြီးဆုံးသွားခြင်း ဖြစ်သည်။

အမည်မဖေါ်လိုသူ တစ်ဦးက “ အားလုံးသူကိုတော့ သူတို့က သေသေချာချာ စစ်ဆေးမေးမြန်းပါတယ်။ မနေ့ကတော့ ပီးသွားခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် သိရသလောက်တော့ ယူအန်က အရာရှိတွေ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ အကုန်လုံးကို မနေ့က ခေါ်တွေ့ပါတယ်။ သူတို့ အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးမယ်။ ဆုံးဖြတ်မှာကတော့ အထက်က အရာရှိတွေ ဖြစ်တယ်လို့ ပြောဆိုသွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ယခု စစ်ဆေးမူအား ယူအန် အထက်အရာရှိများမှ ဆုံးဖြတ်မည် ဖြစ်ပြီး ဒုက္ခသည် အဖြစ်အသိအမှတ် ပြုမပြုနှင့် တဦးချင်းစီ၏ အလားအလာကို စစ်ဆေးရမည်မှာ တစ်လမှ သုံးလထိ ကြာမြင့်နိုင်သည်ဟု လေ့လာ သုံးသပ်သူများက ပြောသည်။

“ အခုလို ထောင်တွင်းကို လာရောက် စစ်ဆေးခွင့်ကို အိန္ဒိယ အစိုးရက ခွင့်ပြုတယ်။ ယူအန်ဘက်ကလည်း စိတ်ရှည် လက်ရှည်နဲ့ လာရောက် စစ်ဆေးတာတွေ လုပ်ပေးတယ်ဆိုတော့ အခြေအနေက အကောင်းဘက်မှာ ရှိနေပါတယ်။ ပီးရင် သူတို့ကို ဘေးမသီ ရန်မခဘဲ လွှတ်ပေးနိုင်တဲ့ နည်းလမ်းကလည်း ဒီတစ်ခုဘဲ ရှိတယ်ဆိုတော့ အားလုံးအတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ အခုက အချိန်လည်း လွန်လာပြီ။ ထောင်ဒဏ်လည်း ကျခံပြီးပြီ။ ငွေလည်း လျော်ပေးပြီးပီဆိုတော့ သူတို့ကို လွှတ်ပေးလိုက်တာ အကောင်း ဆုံးပါဘဲ” ဟု သူက ပြောသည်။

ရခိုင်နှင့် ကရင် ၃၄ ဦးအား ကာလကတ္တား တရားရုံးမှ ဇူလိူင်လ ၁၂ ရက်နေ့က နိုင်ငံခြားသားမူ ပုဒ်မ (၁၄) ဖြင့် ထောင် ၁ နှစ် ၃လနှင့် ဒဏ်ငွေ ရူပီ ၂ဝဝဝ၊ ပေါက်ကွဲ စေတတ်သော လက်နက် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်မူ ပုဒ်မ ၅ (ဘီ) ဖြင့် ထောင် ၁ နှစ် သုံးလနှင့် ဒဏ်ငွေ ၂ဝဝဝ၊ တခြား လက်နက်မူ ပုဒ်မ ၂၅ (ဘီ)ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၂ဝဝဝ၊ စုစုပေါင်း ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ၆ဝဝဝ စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယခုအခါ ရခိုင်နှင့် ကရင် အမျိုးသား လွတ်လပ်ရေး သမား ၃၄ ဦး အနေဖြင့် တဦးလျှင် ပေးဆောင်ကျန်ရှိနေသော ဒဏ်ငွေ ၆ဝဝဝ အားလည်း ပေးဆောင်ပြီး ဖြစ်သဖြင့် အမူမှကွင်းလုံးကျွတ် လွှတ်မြောက်ခဲ့ပြီ ဖြစ်သည်။

ရခိုင်နှင့်ကရင် ၃၄ ဦးမှာ ၁၉၉၈ ခုနှစ်က ဖေဖေါ်ဝါရီလ အတွင်းက အိန္ဒိယ စစ်တပ်နှင့် သဘောတူညီမူအရ အိန္ဒိယ ပင်လယ်ပြင် အတွင်း တည်ရှိသော ကျွန်းငယ် တစ်ခုအတွင်း ရေတပ် အခြေစိုက် စခန်း တည်ဆောက်ရန် ဗိုလ်ရာဇာနှင့် အတူ လာရောက်စဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ ဖြစ်ကြသည်။

ဖမ်းဆီးခံရပြီး တရက်အကြာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယ စစ်တပ်မှ ဗိုလ်ရာဇာနှင့် ခေါင်းဆောင် ၆ ဦးအား သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ပြီးနောက် ကျန်သူများကို လက်နက်မှောင်ခိုမူနှင့် တရားစွဲဆိုပြီး ယခုအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းထားသည်။

Most read this week