၂၁ ဇန်နဝါရီလ ၂၀၁၁: မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း၊ ကလေး မြို ့နယ်အတွင်းရှိ တောင်သူများသည် ယင်းတို ့ဆောင်း တွင်း ၌ ရိပ်သိမ်းခဲ့သည့် ဆောင်းသီးနှံထွက် ပဲမျိုးစုံများကို ပြည်တွင်းတွင် စျေးကျ ...
၂၁ ဇန်နဝါရီလ ၂၀၁၁: မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း၊ ကလေး မြို ့နယ်အတွင်းရှိ တောင်သူများသည် ယင်းတို ့ဆောင်း တွင်း ၌ ရိပ်သိမ်းခဲ့သည့် ဆောင်းသီးနှံထွက် ပဲမျိုးစုံများကို ပြည်တွင်းတွင် စျေးကျသောကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို ့ ရောင်းချ နေကြသည်။
ကလေးမြို ့ဒေသခံတဦးက” ပြည်တွင်းမှာ ဆောင်းသီးနှံထွက်ဖြစ်တဲ့ ပဲများ စျေးကြီးသည့် အပြင် ဆင်းရဲသား ဒေသခံတောင်သူတွေဟာ ဆန်ဝယ်ယူရေးကိုသာ ဦးစားပေးကြတယ်။ ပြီးတော့လေ ပဲမျိုးစုံစျေးကတာကြောင့် ပိုင်ရှင်တွေကလည်း စျေးနည်းနည်းနဲ ့မရောင်းချင်တာလဲ ပါတာပေါ့။” ဟုဆိုသည်။
အဆိုပါဒေသခံက ယခင်က ပဲကြမ်း တတင်းကို ကျပ်ငွေ (၇၀၀၀)စျေးဖြင့်ရောင်းချရာမှ ယခု တတင်းကို ကျပ်ငွေ (၂၀၀၀)သာ ပေါက်စျေးရှိကြောင်း၊ ထို ့အပြင်ယခုနှစ် ဖေါက်သည်ဝယ်ယူမည့် သူများလည်း မရှိသောကြောင့် စျေးကွတ်မရှိသလောက်ဖြစ်နေကြောင်း ဆိုသည်။
ကလေးမြို ့နယ်တွင် လောင်စာဆီအပါအဝင် ကုန်စ္စည်းစျေးနှုန်းမြင့်တက်နေသောကြောင့် ဆင်းရဲ သားပြည်သူများက စျေးကြီးကြီးဖြင့် ဆောင်းရာသီထွက် သီးနှံများဝယ်ယူမည့်အစား ဆန်ကိုသာ အဓိကထားဝယ်ယူနေကြကြောင်း၊ ထို ့တချို ့ပြည်သူများသည် ပြည်တွင်း၌ စျေးသက်သက်သာ သာဖြင့်ရောင်းမည့်အစား မီဇိုရမ်ပြည်နယ်ဘက်သို ့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
မီဇိုရမ်ရောက် ပဲရောင်းသူတဦးက” ကလေးမြို ့ကနေ မီဇိုရမ်ပြည်ဘက် ကုန်တင်ခ တတင်းမှာ ကျပ်ငွေ ၁၀၀၀ ပေးရတယ်၊ နယ်စပ် လူဝင်ကြီးကြပ်ရေးအဖွဲ ့က အိန္ဒိယနိုင်ငံသို ့ တင်ပို ့ခွန်ဆိုပြီး ကျပ်ငွေ ၁၀၀၀ထပ်ပေးတယ်၊ မီဇိုရမ်ပြည်နယ် ဘက်မှာတော့ သိပ်မများဘူး၊” ဟုဆိုသည်။
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို ့တွင် နူ ့ဆီးဗူး တလုံးကို ရူပီးငွေ ၅၀ဖြင့်ရောင်းချပြီး တတင်းမှာ နူ ့ ဆီဗူး ၄၅လုံးရှိရာ ရူပီးငွေ ၂၀၀၀ ကျော်ရရှိသောကြောင့် ပြည်တွင်း၌ စျေးသက်သက်သာသာနှင့် ရောင်းသည်ထက် နည်းနည်းသက်သာကြောင်း သိရသည်။
ယခုနှစ်ကလေးမြို ့နယ် ဆောင်းရာသီ သီးနှံထွက် ပဲမျိုးစု ့ထွက်နှုန်းကောင်းနေပြီး ပဲကြမ်း၊ ပဲလုံး တင်းပေါင်း (၃)သိန်းထွက်မည်ဟု ခန် ့မှန်းထားကြပြီး တချို ့တောင်သူများက နူ ့ဆီဗူး တလုံးကို ကျပ်ငွေ (၂၀၀)ဖြင့်ရောင်းချနိုင်သော်လည်း တင်းအလိုက်ရောင်းချရန်မှာ စျေးကျသော ကြောင့် တောင်သူများက မရောင်းလိုကြကြောင်း သိရသည်။
ကလေးမြို ့နယ် လက်ပန်ချောင်းရွာသားတဦးက” ကျတော်တို ့ နူ ့ဆီဗူး တလုံးနှစ်လုံးတော့ ရောင်း နိုင်တာပေါ့၊ တင်းအလိုက်အများကြီးမရောင်းနိုင်တော့ အလုပ်မဖြစ်ဘူးပေါ့။ အဲဒါထက် မီဇိုရမ်ပြည် နယ်မှာ တင်းအလိုက် သယ်ယူပြီး ရောင်းတာပိုကောင်းတယ်၊ ပိုကိုက်တယ်” ဟုဆိုသည်။