နအဖ စစ်တပ်တွင် တပ်သားရဲဘော်များ အပါအဝင် အရာရှိများပါ နေ့စဉ်နေ့တိုင်းတပ်မှ ထွက်ပြေး နေကြောင်း တပ်မိသားစု အရာရှိအသိုင်းဝိုင်း နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြ ...
နအဖ စစ်တပ်တွင် တပ်သားရဲဘော်များ အပါအဝင် အရာရှိများပါ နေ့စဉ်နေ့တိုင်းတပ်မှ ထွက်ပြေး နေကြောင်း တပ်မိသားစု အရာရှိအသိုင်းဝိုင်း နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
“ဗမာ စစ်တပ်မှာ ကြီးနိုင် ငယ်ညှှင်းအကျင့်။ နောက်တခု အထက်အရာရှိတွေက ဝါးကြောအရမ်း ကောင်းတယ်။ လက်အောက် ငယ်သားတွေက ဘာခံစားခွင့်မှ မရှိဘူး။ ဆင်းရဲငတ်ပြတ်ကြတယ်။ အဲဒီကြားထဲ လစာက ဟိုဖြတ် ဖြတ်ဒီ ဖြတ် ဆိုတော့ လကုန် ရင်ဘာမှ မကျန်ဘူး၊ ကိုယ့်လုပ်အားနဲ့ ရတဲ့လစာ မိဘကိုကန်တော့ဖို့ စီစဉ်ထား တာလဲ တခါမှမပို့ဖြစ်ဘူး လို့ အရာရှိငယ်တဦး ပြောပြဖူးတယ်” - ဟု အဆိုပါပုဂ္ဂိုလ်က ပြောပြ ပါသည်။
သျှမ်းပြည်၊ ကရင်ပြည် ရှေ့တန်းရောက် တပ်သားရဲဘော်များ မဆိုထားနှင့် တိုက်ရေးခိုက်ရေး လုံးဝ မရှိသည့် ရန်ကုန် အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် ၌ပင်နေ့စဉ်ရက်ဆက်တပ်မှ ထွက်ပြေး နေကြောင်းလည်း ပြောပြပါသည်။
၂၀၁၀ အတွင်း အမှတ် ၅ လေတပ်စခန်း လစခ ၅ တခုတည်း စစ်သည် အကြပ် အယောက် ၂၀ ခန့်ထွက်ပြေးကြောင်း၊ ထိုအ ထဲတွင် ဗိုလ်အဆင့့်လည်းပါဝင်ကြောင်း၊ အချို့ပြန်လည်အဖမ်းခံသော်လည်း၊ စစ်လက်နက်ပစ္စည်းအပြည့်အစုံဖြင့် ထွက်ပြေးသူ များလည်း ရှိကြောင်း တပ်မိသားစုနီးးစပ်သူ နောက်တဦးက အတည်ပြုပြောပြပါသည်။
“ဘာမှ မယူဘဲ ထွက်ပြေးရင်တော့ ထောင်ဒဏ် ။ သေနတ်နဲ့ အတူ ထွက်ပြေးပြီး ပြန်ဖမ်းမိရင်တော့ မချောင်ဘူး။ သေဒဏ်အထိ၊ ထောင်ဒဏ်တသက်တကျွန်းဘဲ၊ နအဖ ပေါ်လစီက ဒီ ၂၀၁၀ - ၁၁ ထဲ မှာ စစ်သည် ၄ သိန်းပြည့်အောင် စုမယ် ဆိုပြီးသက်ဆိုင်ရာ တပ်သား သစ် စုဆောင်းရေးအရာရှိတွေကို အမိန့်ထုတ်ထားတယ်” - ဟု ပထမပုဂ္ဂိုလ်က ပြောပြသည်။
လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်လှိုင်ကိုယ်တိုင် ၂၀၁၀ နှစ်လည်ပိုင်း က တပ်ပြေးနှင့် ဆိုင်သည့် အမိန့်တခုထုတ်ပြန်ခဲ့ သေးသည်ဟုဆို၏။
“ဒု ဗိုလ်ချုပ်ကြီးမြင့်လှိုင်က ဆိုင်ရာလေတပ် တပ်မှူးတွေအပေါ် - ဘယ်တပ်မဆို အရာရှိတွေနောက် ထပ်ထွက်ပြေးပြီး ဆန့်ကျင် ဘက်အုပ်စုတွေနဲ့ ပူးပေါင်းခဲ့ရင်အထက်အရာရှိတွေကို ကြီးလေးတဲ့ပြစ် ဒဏ်ပေးမယ်- လို့ ပြောတယ်။ တပ်ကထုတ်ပစ်မယ်၊ ရာထူးဖြုတ်လိုက်မယ် စသဖြင့် ပေါ့”- ဟု နယ်စပ်ရှိ ထောက်လှမ်းရေးအရာရှိတဦးကပြော ပါသည်။
မည်သို့ပင်ဆိုစေ အသက် ၁၈ နှစ် ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်၍ လူထုကို အကြပ်ကိုင်သော်လည်း ၎င်းတို့ ရည်မှန်းထားသည့်အတိုင်း စစ်သည်အင််အားပြည့်မည်မဟုတ်ကြောင်း၊ နအဖ နိုင်ငံရေးပေါ်လစီမပြောင်းသရွေ့ တပ်ပြေးများ ဆက်လက်ရှိမည်ဖြစ်ကြောင်း ထိုင်းနယ်စပ်နေ စစ်ရေးလေ့စောင့်ကြည့်သူတဦးက ပြောပြသည်။