“ရှင်သန်နိုးထအာရက္ခ” နှင့် “တွဲလက်ဂရုဏာ” ဖြေဖျော်ပွဲမှ ရရှိသော ရံပုံငွေများကို ဂီရိဒုက္ခသည်များကို လှူဒါန်းလိုက်ပြီ

“ရှင်သန်နိုးထအာရက္ခ” နှင့် “တွဲလက်ဂရုဏာ” ဖြေဖျော်ပွဲမှ ရရှိသော ရံပုံငွေများကို ဂီရိဒုက္ခသည်များကို လှူဒါန်းလိုက်ပြီ
by -
မင်းဆက်ခိုင်

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော “ရှင်သန်နိုးထအာရက္ခ” နှင့် ရခိုင်ပြည်နယ် မြို့တချို့တွင် ပြုလုပ်ခဲ့သော “တွဲလက်ဂရုဏာ” စတင်တေးဂီတ ဖြေဖျော်ပွဲများမှ ရရှိခဲ့သော ရံပုံငွေများကို လေဘေးသင့် ပြည်သူများ ...

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော “ရှင်သန်နိုးထအာရက္ခ” နှင့် ရခိုင်ပြည်နယ် မြို့တချို့တွင် ပြုလုပ်ခဲ့သော “တွဲလက်ဂရုဏာ” စတင်တေးဂီတ ဖြေဖျော်ပွဲများမှ ရရှိခဲ့သော ရံပုံငွေများကို လေဘေးသင့် ပြည်သူများသို့ ပေးပို့ ကူညီ လှူဒါန်း လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

wake-up-Rakhine-tile-show“ရှင်သန်နိုးထအာရက္ခ” ဖြေဖျော်ပွဲမှ ရရှိခဲ့သော ရံပုံငွေ ကျပ် တစ်ရာ့တစ်ဆယ့်တစ်သိန်းနှင့် “တွဲလက်ဂရုဏာ” ဖြေဖျော်ပွဲမှ ရရှိခဲ့သော ရံပုံငွေ ကျပ် လေးဆယ်နှစ်သိန်း ခုနှစ်သောင်း ကိုးထောင်ကို အလို တော်ပြည့် ဆရာတော်ကြီးထံမှ တဆင့် ပေးအပ်လှူဒါန်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော “ရှင်သန်နိုးထအာရက္ခ” စတင်ဖြေဖျော်ပွဲကို ဒီဇင်္ဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့ပြီး မင်းသားကြီး ဦးအောင်လွင်၊ ရုပ်ရှင်မင်းသား နေတိုး၊ ခန့်စည်သူ နှင့် ရခိုင်အဆိုတော် ဒိုးလ်ရီ အပါအဝင် တခြားအနုပညာရှင်များစွာ ပါဝင်ဖြေဖျော် ခဲ့ကြသည်။

အဆိုပါပွဲကို လူပေါင်း ၆၅၀၀ ကျော် လာရောက် အားပေးခဲ့ပြီး အောင်မြင်မူ များစွာ ရရှိခဲ့ကြောင်း တာဝန်ရှိ သူများက ပြောကြားသည်။

wake-up-Rakhine-group-donateအလားတူ ရခိုင်အဆိုတော်များ စုပေါင်းပြီး ဒီဇင်္ဘာလအတွင်းက စစ်တွေမြို့တွင် “တွဲလက်ဂရုဏာ” စင်တင် ဖြေဖျော်ပွဲတခုကို ပြုလုပ်ခဲ့ပြီး အလားတူ ရံပုံငွေ ရှာဖွေပွဲများကိုလည်း ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့တို့တွင် ပြုလုပ်ခဲ့ကြသည်။

“တွဲလက်ဂရုဏာ” ဖြေဖျော်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့ သူတဦးဖြစ်သူ ကိုထွန်းလင်းအောင်(Dနွေဦး) က ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ အနုပညာ ညီကိုမောင်နှမတွေ ဒီလ ၁၅ရက်နေ့က အစည်းအဝေး တခုပြုလုပ်ပြီး ရရှိခဲ့တဲ့ ရံပုံငွေတွေနဲ့ တခြား အဝတ်အထည်တွေ၊ သင်္ကန်းတွေကို အလိုတော်ပြည့် ဆရာတော်ဆီက တဆင့် လှူဒါန်း လိုက်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခုလို မိမိတတ်ကျွမ်းတဲ့ အနုပညာနဲ့ ပြည်သူကို အလုပ်အကျွေးပြုရတဲ့ အတွက် အထူးနှစ်ထောင်းအားရ ဂုဏ်ယူပါတယ်။ ”

ဂီရိလေဘေးသင့် ပြည်သူအများစုကို ပြန်လည် နေရာ ချထားနိုင်ရန် အတွက် အကူအညီများစွာ လိုအပ်နေဆဲဖြစ်ရာ အဆိုပါ ဖြေဖျော်ပွဲများမှာ ရံပုံငွေများမှာ တစုံတရာ အတိုင်းအတာထိ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း ပြည်တွင်းမှ လာသော သတင်းများတွင် ဖေါ်ပြသည်။

Most read this week