ရက္ခပူရအသင်း လက်ရှိချန်ပီယံ ရတနာပုံနှင့် တဘက်တဂိုးစီဖြင့် သရေကျ

ရက္ခပူရအသင်း လက်ရှိချန်ပီယံ ရတနာပုံနှင့် တဘက်တဂိုးစီဖြင့် သရေကျ
by -
မင်းဆက်ခိုင်

ယခုနှစ် ၂၀၁၁ မြန်မာနေရှင်နယ်လိဂ်တွင် အသစ်ပါဝင်လာသော ရခိုင်ကိုယ်စားပြု ရက္ခပူရအသင်းနှင့် လက်ရှိချန်ပီယံ မန္တလေး ကိုယ်စားပြု ရတနာပုံအသင်းတို့ ယမန်နေ့က ကစားခဲ့ရာ တဘက် တဂိုးစီဖြင့် သရေဖြစ် ...

ယခုနှစ် ၂၀၁၁ မြန်မာနေရှင်နယ်လိဂ်တွင် အသစ်ပါဝင်လာသော ရခိုင်ကိုယ်စားပြု ရက္ခပူရအသင်းနှင့် လက်ရှိချန်ပီယံ မန္တလေး ကိုယ်စားပြု ရတနာပုံအသင်းတို့ ယမန်နေ့က ကစားခဲ့ရာ တဘက် တဂိုးစီဖြင့် သရေဖြစ်သွားခဲ့သည်။

 soccer myanmar)အဆိုပါ ပွဲကို ရန်ကုန်မြို့ သုဝဏ္ဍအားကစားကွင်းတွင် ယမန်နေ့ ညနေပိုင်းက ကစားခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ပွဲတွင် ရက္ခပူရအသင်းအား ထောင်ချီသော ပရိတ်သတ်များက တခဲနက် သွားရောက် အားပေးခဲ့ကြကြောင်း သွားရောက်ကြည့်ရှုခဲ့သူ ရခိုင်လူငယ်တဦးကပြောသည်။

“ကျနော်တို့လည်း ကိုယ့်ရခိုင် ကိုယ်စားပြုအသင်းနဲ့ဆိုတော့ သွားကြည့်ကြပါတယ်။ ပရိသတ်တွေက မထင်မှတ်လောက်အောင်ကို လာရောက်အားပေးကြပါတယ်။ ရခိုင်ဆိုတာ အမျိုးကိုချစ်တယ်ဆိုတဲ့ စကားနဲ့ အညီပါပဲ။ ရန်ကုန်မှာရှိနေကြတဲ့ ရခိုင်တွေများမယ်ထင်ပါတယ်။”

ရက္ခပူရအသင်းအတွက် ဦးဆောင်ဂိုးကို ၃၅မိနစ်တွင် စတန်လေက သွင်းယူခဲ့ပြီး ရတနာပုံအသင်းအတွက် ချေပဂိုးကို ရ၇မိနစ်တွင် အဆာလေ က ပင်နယ်တီမှ တဆင့်သွင်းယူခဲ့သည်။

ရန်ကုန်နေ ရခိုင်ဘောလုံးဝါသနာရှင်တဦးကလည်း“ ကျနောတို့ ရက္ခပူရအသင်းနိုင်ပြီလို့ ထင်နေကြတာပါ။ ပွဲကလည်း ပြီးတော့မယ် ရ၇မိနစ်မှာ ပင်နယ်တီတလုံးပေးလိုက်ရတယ်။ အဲဒီပင်နယ်တီဘောကလည်း မပေးသင့်ဘူးဆိုပြီးတော့ ပရိသတ်တော်တော်များများက ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် ပွဲဦးထွက်ပွဲမှာ လက်ရှိချန်ပီယံကို သရေကစားနိုင်ခဲ့တဲ့ ရက္ခပူရအသင်းအတွက် ဂုဏ်ယူပါတယ်။”

ရက္ခပူရအသင်းတွင် နည်းပြမှာ ဘူဂေးလ်ရီးယား နိုင်ငံသားဖြစ်သူ ရာဒွိုင်း မင်ကော့ဗ်စကီးဖြစ်ပြီး တခြား နိုင်ငံခြား အားကစား သမားနှစ်ဦးမှာ မာတင်နှင့် စတန်လေ တို့ ဖြစ်ကြသည်။ တခြား အားကစားသမားများမှာ နိုင်ငံအတွင်းမှ အားကစားသမားများ ဖြစ်ကြသည်။

အဆိုပါ ပွဲနှင့် ပတ်သက်ပြီး သတင်းထောက်များကို အသင်းနည်းပြ မင်ကော့ဗ် စကီးက “ ပထမဆုံး ပွဲမှာ ချန်ပီယံ ရထားတဲ့ ရတနာပုံနဲ့ ရင်ဆိုင်ရတယ် ဆိုတာ အရမ်းကို ခက်ခဲလွန်း ပါတယ်။ သူတို့ဟာ မြန်မာ နေရှင်နယ်လိဂ် အတွေ့အကြံုလည်း အရမ်းများတဲ့ အသင်းဖြစ်သလို ဒီပွဲဟာ အရမ်းကို ပြင်းထန်တဲ့ ပွဲဖြစ်ပါတယ်။ ရတနာပုံအသင်းရဲ့ ကစားပုံဟာ ကျွန်တော်တို့ ရက္ခပူရအသင်းကို ခက်ခဲစေတယ်။ ကျွန်တော်တို့ အသင်းရဲ့ လူငယ်တွေမှာ အတွေ့အကြံု နည်းပေမယ့် သူတို့ကို ကျွန်တော်မှာထားသလို ပြိုင်ဘက် အသင်းကို နေရာလွတ်တွေ မပေးဖို့ ပြောထားတဲ့ အတိုင်း ကစားနိုင် ခဲ့တယ်။ ချေပဂိုး ပေးလိုက်ရ ပြီးတဲ့နောက် ၈၂ မိနစ်မှာ အခွင့်အရေး တစ်ကြိမ် ထပ်ရသေးတယ်။ ကျွန်တော့် ကစားသမားတွေ အတွေ့အကြံု နည်းလို့သာ ဂိုးမဖြစ် ခဲ့တာပါ။ ဒီဂိုးသာ ရခဲ့ရင် ရတနာပုံကို (၂-၁) ဂိုးနဲ့ တောင် နိုင်ခဲ့သင့် ပါတယ်"ဟု ပွဲအပြီးတွင ်ပြောကြားခဲ့သည်။

၎င်းအပြင် အဆိုပါပွဲတွင် တခဲနက်လာရောက်အားပေးခဲ့ကြသော ရခိုင်ပရိတ်သတ်များကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းနှင့် ယခုကဲ့သို့ ပရိတ်သတ်များရှိသည်ကို မြင်ရသောကြောင့် အသင်းအတွက် ကံကောင်းခြင်းဖြစ်သည်ဟု သူက ဆက်ပြောခဲ့သည်။

ရက္ခပူရ အသင်းသည့် လာမည့် ဇန္နဝါရီလ ၂၃ ရက်နေ့တွင် ဇေယျရွှေမြေ အသင်နှင့် ကစားမည်ဖြစ်ကြောင်း သိရသည်။

Most read this week