တတိယ အကြိမ်မြောက် ဖလောင်းချိတ်တွင် လူမျိုးပေါင်းစုံ ယဉ်ကျေးမူ အကပွဲတော် ယနေ့ စတင်မည်

တတိယ အကြိမ်မြောက် ဖလောင်းချိတ်တွင် လူမျိုးပေါင်းစုံ ယဉ်ကျေးမူ အကပွဲတော် ယနေ့ စတင်မည်
by -
မောင်အေး

ဘင်္ဂလာဒေ့ချ်နိုင်ငံ ဖလောင်းချိတ်မြို့ Cox’sbazar တွင် တတိယအကြိမ်မြောက် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်သော ရိုးရာ ယဉ်ကျေးမှု အကပွဲတော်ကို ယနေ့တွင် စတင်ကျင်းပမည် ဖြစ်သည်။ ...

ဘင်္ဂလာဒေ့ချ်နိုင်ငံ ဖလောင်းချိတ်မြို့ Cox’sbazar တွင် တတိယအကြိမ်မြောက် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်သော ရိုးရာ ယဉ်ကျေးမှု အကပွဲတော်ကို ယနေ့တွင် စတင်ကျင်းပမည် ဖြစ်သည်။

Bangladesh-an-Indigenous-peoples-fair-2010အဆိုပါ ပွဲတော်ကို ဒေသ အခေါ် အာဒိဘာချိ တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမူ အကပွဲတော်ဟု အမည်ရပြီး ဘင်္ဂလာဒေချ့်တွင် နေထိုင်သော တိုင်းရင်းသား လူမျိုးပေါင်း ၂ဝ မှ ပါဝင် ကပြ ကြမည် ဖြစ်သည်။

ဘင်္ဂလာဒေချ့်နိုင်ငံ၏ တိုင်းရင်းသား လူမျိုး တစ်မျိုး ဖြစ်သော ရခိုင်လူမျိုးများမှာလည်း ယခုပွဲတော်တွင် ရခိုင်ရိုးရာ အကများကို တင်ဆက် ကပြကြမည် ဖြစ်ကြောင်းနှင့် ဖလောင်းချိတ်မြို့ ယဉ်ကျေးမှူးဌာနမှ ဦးကျော်မင်းက ရခိုင်ရိုးရာ ယဉ်ကျေးမူ အကများကို တင်ပြခွင့် ရ၍ အကျိုးရှိပုံကို ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့အတွက် အကျိုးရှိတာက လွတ်လွပ်စွာ မိမိယဉ်ကျေးမှူးကို ထုတ်ဖော်ခွင့်ရတယ်။ တခြားတိုင်း ရင်းသားလူမျိုးတွေအတွက်လည်း မိမိတို့ရဲ့ ယဉ်ကျေးမှူးတွေကို အားလုံးတန်းတူ ထုတ် ဖော်ပြပိုင်ခွင့် ရရှိတဲ့ အတွက် တကယ့်အကျိုးရှိပါတယ်။”

ဖလောင်းချိတ်မြို့တွင် အဆိုပါ ပွဲတော်ကို ၂ဝဝ၉ ခုနှစ်မှ စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်မှာ တတိယ အကြိမ်မြောက် ဖြစ်သည်။

လွန်ခဲ့သည့်နှစ်က ရခိုင် လူမျိုးကိုယ်စားပြုသည့် အကအဖွဲ့ ၂ဖွဲ့မှ “ခါသင်္ကြန်”သီချင်းနှင့် “ဝေသာလီ” သီချင်း တို့ဖြင့် ကပြ တင်ဆက် ဖြေဖျော်ခဲ့ကြပြီး ယခုနှစ်တွင် တင်ဆက်မည့် အစီအစဉ်ကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

“ဒီနှစ်တော့ ကျွန်တော်တို့အဖွဲ့က အဆိုတော် ဒိုရ်းရီ ဆိုထားတဲ့“ဗီဇ”သီချင်းနဲ့ တင်ဆက်မှာ ဖြစ်ပါတယ်။ နောက် တဖွဲ့ကတော့ ဘယ်သီချင်းနဲ့ တင်ဆက်မှာဆိုတာကို မသိသေးဘူး။”

လွန်ခဲ့သည့် ၂ဝ၁ဝ ခုနှစ်တွင်ကျင်းပခဲ့သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အကပြိုင်ပွဲ အပြီးတွင် တိုင်းရင်းသူ လှပျိုဖြူများ အလှမယ်ပြိုင်ပွဲကိုလည်း ပြုလုပ် ကျင်းပခဲ့ရာ ဖလောင်းချိတ်မြို့မှ မဖြူမချေမှ အလှမယ်ဆုကို ရရှိခဲ့သည်။ ယခုနှစ်တွင်လည်း တိုင်းရင်းသူ အလှမယ်ပြိုင်ပွဲကို ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြိုင်ပွဲများကို ယခင်က အန်ဂျီအိုများမှ စီစဉ် ပြုလုပ်ခဲ့သော်လည်း ၁၉၉၆ ခုနှစ် မှ စပြီး ဘင်္ဂလားဒေ့ချ် အစိုးရမှ စတင် ကျင်းပလာခဲ့သည်။

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၄၅ ရှိပြီး ရခိုင်တိုင်းရင်းသားများမှာ အမှတ်စဉ် ၁၆ တွင်ရှိသည်။

အဆိုပါပွဲကို နေ့လည် ၂ နာရီတွင် ဖလောင်းချိတ်မြို့ရှိ ပင်လယ်ကမ်းခြေတွင် ဆောက်လုပ် ထားသော စတိတ်စင်တွင် စတင်ကျင်း ပမည်ဖြစ်ပြီး လူပေါင်းထောင်ချီကာ တက်ရောက် အားပေးကြမည် ဖြစ်ကြောင်း သိရသည်။

Most read this week