စစ်အစိုးရသည် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် လွွှှတ်တော်သုံးရပ်ကို ခေါ်ယူတော့မည် ဖြစ်သော်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေစာအုပ်များ လွှတ်တော် ကိုယ်စားလှယ်များ လက်ထဲ ယခုထိ မရောက်ရှိသေး ...
စစ်အစိုးရသည် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် လွွှှတ်တော်သုံးရပ်ကို ခေါ်ယူတော့မည် ဖြစ်သော်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေစာအုပ်များ လွှတ်တော် ကိုယ်စားလှယ်များ လက်ထဲ ယခုထိ မရောက်ရှိသေးကြောင်း သိရသည်။
ရန်ကုန်မှာတော့ တအုပ်ကို ကျပ်ငွေ ၂၃၀၀ – ၂၅၀၀ ခန့်နဲ့ ရနိုင်တယ်လို့တော့ ပြောကြတာပဲ၊ ပြည်သူမပြောနဲ့၊ ကျတော် တို့ လွှတ်တော်ကိုယ်စားလှယ်တွေတောင်မရသေးဘူး၊ အနီးကပ်မှပဲ ၀ယ်ရတော့မှာပေါ့ဟုချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ ပြည်နယ်ကိုယ်စားလှယ် ဦး နာ့ထန်းကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း သက်ဆိုင်ရာမှာ တအုပ် ကျပ်ငွေ ၁၀၀၀ နဲ့ ၀ယ်ရကြောင်း ယခု လွှတ်တော် ဆိုင်ရာ ဥပဒေစာအုပ်များ ချင်းပြည်နယ်ရောက်ရှိလာသည့် အချိန်တွင် အနည်းဆုံး ကျပ်ငွေ ၁၀၀၀၀ ဖြင့် ရောင်းချလိမ့် မည်ဖြစ်ကြောင်း ကလေးမြို့မှ စာအုပ်ဆိုင်ပိုင်ရှင် တဦးက ပြောသည်။
” အခု ရန်ကုန်မှာ ဒီဥပဒေစာအုပ်တအုပ် ကို ကျပ်ငွေ ၈၃၀၀ နဲ့ ရောင်းချကြတယ်လို့သိရတယ်၊ ဒီရောက်ယင်တော့ စျေးမ တင်လို့မရဘူး” ဟု အဆိုပါ စာအုပ်ဆိုင် ပိုင်ရှင်က ပြောသည်။
အဆိုပါ Union Government Law, Region or State Government Law, State Constitution ,Tribunal Law,Union Appointment Judicature Law, Pyidaungsu Hluttaw Law and Bylaw, Pyithu Hluttaw Law and Bylaw, Amyotha Hluttaw Law and Bylaw, Region or State Hluttaw Law and Bylaw, Union Judicial Law, Union Attorney -General Law, Union Auditor-General Law, State seal Law and Bylaw, Law and Bylaw on Election of President and Vice-Presidents, Self-Administered Division or Self-Administered Zone Leading Body Law, Nay Pyi Taw Council Law, State Flag Law and Bylaw, National Anthem Law and Bylaw ဥပဒေစာအုပ်များကို ဇန္နဝါရီလ ၁၁ ရက်နေ့တွင် ပုံနှိပ်ထုတ်ဝေကြခြင်းဖြစ်သည်။
စစ်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုနိုင်အောင် ထုတ်ဝေ ခြင်းမရှိကြောင်း ပြည်တွင်းက လာသည့် သတင်းများအရ သိရသည်။