မြန်မာရေတပ်မှ ဘင်္ဂလာဒေချ့် ငါဖမ်းဘုတ် ၅ စီးကို ကျပ် ရ၅ သိန်းယူပြီး ပြန်လွတ်ပေး

မြန်မာရေတပ်မှ ဘင်္ဂလာဒေချ့် ငါဖမ်းဘုတ် ၅ စီးကို ကျပ် ရ၅ သိန်းယူပြီး ပြန်လွတ်ပေး
by -
ခိုင်သိန်း

မြန်မာရေတပ်မှ ဖမ်းဆီးထားသော ဘင်္ဂလာဒေ့ချ် ငါးဖမ်းစက်လှေ ၅ စီးနှင့် ငါးဖမ်းသမား ၁ဝ ဦးကို ကျပ် ရ၅ သိန်းယူကာ ယနေ့နံနက်က ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။ ...

မြန်မာရေတပ်မှ ဖမ်းဆီးထားသော ဘင်္ဂလာဒေ့ချ် ငါးဖမ်းစက်လှေ ၅ စီးနှင့် ငါးဖမ်းသမား ၁ဝ ဦးကို ကျပ် ရ၅ သိန်းယူကာ ယနေ့နံနက်က ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

fishing-boat-in-Naf-riverမြန်မာရေတပ်မှ အဆိုပါ ငါးဖမ်းစက်လှေ ၅ စီးနှင့် ငါးဖမ်းသမား ၁ဝ ဦးကို တခြား ငါးဖမ်းစက်လှေ တစ်စီး၊ ငါးဖမ်းသမား ၄၂ ဦးနှင့် အတူ မြန်မာ့ ရေပြင်ပိုင်နက် အနီး ငါဖမ်းနေစဉ် ဇန္နဝါရီလ ၁ဝ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ငါးဖမ်း ဘုတ်ပိုင်ရှင် တစ်ဦးဖြစ်သူ အိစ္စမန်မှ “ နံနက်စောစောဆိုတော့ ပင်လယ်ပြင် တစ်ခုလုံးကို နှင်းမြူတွေ ဖုံးအုပ်နေတယ်လေ။ ဒါကို အခွင့်ကောင်းယူပြီး မြန်မာရေတပ်က စက်လှေကြီး တစီးနဲ့ ဝင်လာတယ်။ ငါဖမ်းသမားတွေက ရိုးရိုး ကုန်တင်ဘုတ်ထင်တာပေါ့လေ။ အနီးရောက်တော့ ငါးဖမ်း စက်လှေ ၆ စီးကို သေနတ်တွေနဲ့ တည့်ပြီး ဖမ်းယူသွားခဲ့တယ်။”

ရှင်မဖြူကျွန်းအနီးတွင် ငါးဖမ်းနေစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ဖမ်းဆီးသည့် မြန်မာ ရေတပ်မှာ စစ်တွေမြို့နယ် ရေချမ်းပြင် အခြေစိုက် မြန်မာရေတပ် ဖြစ်သည်ဟု သူကပြောသည်။ ဖမ်းဆီးပြီး နောက်တစ်နေ့တွက် ငါးဖမ်းလှေ ၆ စီးထဲမှ ငါးဖမ်း စက်လှေ တစ်စီးကို ငါးဖမ်းသမား ၄၂ ဦးနှင့် အတူ ပြန်လည် လွတ်ပေးလိုက်ပြီး စက်လှေ ၅ စီးနှင့် လှေပိုင်ရှင် ၁ဝ ဦးကိုမူ ငွေနှင့် ပြန်ရွေးရန် ဆက်လက် ဖမ်းဆီးထားခဲ့သည်ဟု သိရသည်။

“ သူတို့ကို လူဆယ်ဦးနဲ့ ငါဖမ်းဘုတ် ၅ စီးကို တစီး ကျပ်သိန်း ၂ဝ နဲ့ ရွေးရမယ်။ မရွေးရင် ထောင်ချ ပစ်မယ်ဆိုပြီး ပြန်လွှတ်ပေးလိုက်တဲ့ ငါးဖမ်းတွေနဲ့ မှာလိုက်တယ်။ အထက်ကို တိုင်ကြားရင် သူတို့ လုံခြံုရေးကို တာဝန်မယူဘူးလို့ ပြောတဲ့ အတွက် အထက်ကိုလည်း မတိုင်ကြားရဲဘဲ မနေ့က သိန်း ၁ဝဝ တောင်းတာကို ရ၅ သိန်း ပေးပြီး ရွေးယူခဲ့ရပါတယ်။ ဒီကနေ့ နံနက်က ဆံမဖြူကျွန်းကို ပြန်ရောက်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ငါးဖမ်းစက်လှေများမှာ ရှင်မဖြူကျွန်းတွင် နေထိုင်သော ချောဖိလ်ဟောဆန်း၊ မိုဟာမတ်အီးဆူလ်၊ ကာဆိမ်း အာလီ၊ မိုဟာမတ်မီယာ၊ နူရ်အာမိန်တို့ပိုင်ဆိုင်သော ငါးဖမ်း စက်လှေများ ဖြစ်ကြသည်။

ယခုကဲ့သို့ ဘင်္ဂလာဒေချ့် ငါးဖမ်းစက်လှေများကို မြန်မာဘက်မှ ဝင်ရောက် ဖမ်းဆီးခြင်းနှင့် ပတ်သတ်ပြီး အုန်းကျွန်း အခြေစိုက် ဘင်္ဂလာရေတပ်မှ တစုံတရာ မသိရှိလိုက်ကြောင်း ယမန်နေ့က ထုတ်ဝေသည့် Dainikcoxsbazar သတင်း စာတွင် ရေးသားသည်။

မြန်မာရေတပ်သားများသည် ငါးဖမ်းဘုတ်ပေါ်ရှိ ပိုက်များနှင့် တခြား ငါးဖမ်းကရိယာများ အားလုံးကိုလည်း သိမ်းဆည်းထားလိုက်ကြောင်း သိရှိရသည်။

Most read this week