ကာစီနိုရုံအတွင်း မူးယစ်ဆေးရောင်းသူများ ဖမ်းဆီးငွေညှစ်၍ ပြန်လွတ်

ကာစီနိုရုံအတွင်း မူးယစ်ဆေးရောင်းသူများ ဖမ်းဆီးငွေညှစ်၍ ပြန်လွတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် မန့်ဟီးရိုး မြို့နယ်ခွဲ နောင်မရွာအတွင်းဖွင့်ထားသည့် ကာစီနို လောင်းကစားရုံ၌ မူးယစ်ဆေးများနှင့် အတူ လူ ၃ ဦးကို ရဲက ဖမ်းမိသော်လည်း အရေးမယူပဲပိုက်ဆံ တောင်း ...

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် မန့်ဟီးရိုး မြို့နယ်ခွဲ နောင်မရွာအတွင်းဖွင့်ထားသည့် ကာစီနို လောင်းကစားရုံ၌ မူးယစ်ဆေးများနှင့် အတူ လူ ၃ ဦးကို ရဲက ဖမ်းမိသော်လည်း အရေးမယူပဲပိုက်ဆံ တောင်းယူပြီး ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

ယခုလ ၈ ရက်နေ့ ည ရ နာရီခန့်က နောင်မရွာရှိ ကက်စီနိုရုံကို မန့်ဟီးရိုးရဲစခန်းမှူးဦးဆောင်သည့် အဖွဲ့ကဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အလေးချိန် ကီလိုနှင့်ချီရှိသည့် ယာဘ နှင့် ဘိန်းဖြူ အကြမ်းတုန်းများနှင့် အတူ ဖမ်းမိသည့် အဆိုပါ လူ ၃ ဦးထံမှ  တရုတ် ယွမ်ငွေ ၂၆၈၀၀ ယူ၍ ယမန်နေ့က ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မူစယ်မြို့နယ် မန့်ဟီးရိုးမြို့နယ်ခွဲပေါ့နော် ဂျန္နဝါရီ ၈ ရက်နေ့ ည ရ နာရီပတ်ဝန်းကျင် လောက်မှာ နောင်မ ကာဆီနိုဖွင့်ထားတဲ့နေရာမှာ ဘိန်းသွားဖမ်းတာပေါ့ မန့်ဟီးရိုးစခန်းမှူး အပါအဝင်ရဲအားလုံး ရ ယောက်ပေါ့”

“ယာဘလုပ်တဲ့ဟာက ၄ စုံရတယ်တဲ့ ၄ တွီပေါ့။ တွီလို့ခေါ်တယ်။ ဘိန်းဖြူလုပ်တဲ့ဟာက ၁ တွီပေါ့ အကြမ်းပေါ့နော်။ ဖမ်း ရတဲ့သူက ၃ ယောက်၊ နံမယ်က အားရှန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါတယ်။ နောက်တစ်ယောက်က ရီနောင်တောင်း - အားလုံး ၃ ယောက်။ မနေ့ကသူတို့ လောပန်း(သူဌေး) ပြန်သွားညှိပေးတာ တရုတ်ငွေ ၂၆၈၀၀ ယွမ် ပေးလိုက်ရတယ်။ အခု ၃ ယောက်စလုံး လွတ်ပေးပြီ ” ဟု သူက ဆိုသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မန့်ဟီးရိုးရဲစခန်းကို ဖုန်းဆက်သွယ် ခေါ်ဆိုသော်လည်း ဆက်သွယ်မှုမရပဲ ဖြစ်နေသည်။

Most read this week