ဖရုံကာကျွန်းအနီး ကျောက်ဆောင်တစ်ခု ရေပေါ်မှ ပေါ်ထွက်လာ

ဖရုံကာကျွန်းအနီး ကျောက်ဆောင်တစ်ခု ရေပေါ်မှ ပေါ်ထွက်လာ
by -
နိရ ဉ္ဇရာသတင်းဌာန

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖရုံကာကျွန်းအနီး ပယ်လယ်ပြင်တွင် ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ထူးခြား ဆန်းကြယ်စွာ ထွက်ပေါ်လာကြောင်း သတင်း ရရှိ ...

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖရုံကာကျွန်းအနီး ပယ်လယ်ပြင်တွင် ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ထူးခြား ဆန်းကြယ်စွာ ထွက်ပေါ်လာကြောင်း သတင်း ရရှိသည်။

Sittwe-sea-mountထွက်ပေါ်လာသော ကျောက်ဆောင်မှာ ရေပေါ်သို့ အမြင့် ၁၀ ပေခန့် ထိုးထွက် ဖြစ်ပေါ်နေသည်ဟု သိရသည်။

ငါးဖမ်းသမား ဘုတ်ပိုင်ရှင် ကိုလှကျော်မြင့်က “ ဒီရေ ကျသွားတဲ့ အချိန်ဆိုရင် ၁၀ ပေထိ ထိုးထွက်နေပြီး ဒီရေ တက်ချိန်ဆိုရင် လေး- ငါးပေထိ ပေါ်ထွက်နေပါတယ်။ အရင်က အဲဒီနေရာမှာ ခုလို ကျောက်ဆောင် မရှိတဲ့ အတွက် လူတွေကတော့ အနားမကပ်ရဲဘဲ ဖြစ်နေကြပါတယ်။ ခုလို ကျောက်ဆောင်ပေါ်တာက ထူးခြားဆန်းကြယ်တဲ့ အတွက် ငါးဖမ်းသမားတွေကတော့ အမျိုးမျိုး ပြောနေကြပါတယ်” ဟု ပြောသည်။

အခု ကျောက်ဆောင်ပေါ်လာသော နေရာမှာ စစ်တွေမြို့ အရှေ့တောင်ဘက်၊ ဖရုံကာကျွန်း အရှေ့ ပိုင်း၏ တောင်ဘက် ရ မိုင်ခန့် အကွာတွင် တည်ရှိသည်ဟု သိရသည်။

Sittwe-sea-mount-picအဆိုပါ ကျောက်ဆောင်မှာ ဒီဇင်္ဘာလ နောက်ဆုံးအပတ်ခန့်က ရေပေါ်သို့ ရွှေ့လျား ပေါ်ထွက်လာသဖြင့် အစပိုင်းတွင် ငါးဖမ်းသမားများက ရေနဂါးဟု ထင်ကာ စက်လှေများကို ထွက်ပြေးခုတ်မောင်းခဲ့ကြကြောင်း နောက်ပိုင်းတွင်သာ ကျောက်ဆောင်ဟု သိရှိသဖြင့် အနီးအနားမှ သွားရောက်ကြည့်ရှု့ခဲ့ကြသည်ဟု သူက ပြောသည်။

“အခုတော့ လူတွေက အနားကို စက်လှေနဲ့ သွားကြည့်ကြတယ်။ ဒါပေမယ့် သိပ်အနီးကပ်ပြီးတော့ မသွားရဲကြဘူး။ လူတွေကတော့ ရေအောက်မှာ မီးတောင်ရှိနေတဲ့ အတွက် မီးတောင်ပေါက်ကွဲမယ့် အနေအထားကြောင့် ခုလို မြင့်တက်လာတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ဖရုံကာကျွန်း အနီးတဝိုက်တွင် ရွံ့မီးတောင်များ အများအပြား တည်ရှိနေပြီး ရေအောက်တွင်လည်း မီးတောင်များ ပျံ့နှံ့ တည်ရှိနေကြောင်း သိရသည်။ အဆိုပါ နေရာ အနီး တဝိုက်တွင် ငါးများ အထူးကျက်စားသဖြင့် ပြည်တွင်း ငါးဖမ်းသမားများသာမက ပြည်ပ ငါးဖမ်းသမားများလည်း တန်ကေးခေါ် စက်လှေကြီးများကို အသုံးပြုကာ ငါးများကို ဖမ်းဆီးကြသည်ဟု သိရသည်။

ယခုကဲ့သို့ ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ရွှေ့လျား ထွက်ပေါ်လာခြင်းကို စစ်တွေတွင် သိရှိသူ နည်းပါးနေသေးကြောင်း သူက ဆက်ပြောသည်။

Most read this week