ဆောက်လုပ်ရေး ကုမ္ပဏီများ လေဘေးသင့် ပြည်သူများ လုပ်အားကို ခေါင်းပုံဖြတ်

ဆောက်လုပ်ရေး ကုမ္ပဏီများ လေဘေးသင့် ပြည်သူများ လုပ်အားကို ခေါင်းပုံဖြတ်
by -
နိရ ဉ္ဇရာသတင်းဌာန

ရခိုင်ပြည်နယ် မြေပုံမြို့နယ် လေဘေးသင့် ဒေသများတွင် စာသင်ကျောင်းများ ဆောက်လုပ်နေသော ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ချို့သည် လူထု လုပ်အားကို ငွေကြေး တစုံတရာ မပေးဘဲ ခေါင်းပုံဖြတ် အသုံးချနေ ...

ရခိုင်ပြည်နယ် မြေပုံမြို့နယ် လေဘေးသင့် ဒေသများတွင် စာသင်ကျောင်းများ ဆောက်လုပ်နေသော ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ချို့သည် လူထု လုပ်အားကို ငွေကြေး တစုံတရာ မပေးဘဲ ခေါင်းပုံဖြတ် အသုံးချနေကြောင်း သတင်း ရရှိသည်။

လေဘေးသင့် ကျောက်ဖြူမြို့နယ်မှ စာသင်ကျောင်း တစ်ကျောင်းမြေပုံမြို့တွင် ယခုအခါ လေဘေးကြောင့် ပြိုပျက်သွားသော ကျောင်းပေါင်း ၉၆ ကျောင်းကို ကုမ္ပဏီ ၆ ခုက ဆောက်လုပ်နေရာ အဆိုပါ ကုမ္ပဏီများထဲမှ တချို့သည် ပြည်သူများ၏ လုပ်အားကို အခအဖိုး တစုံတရာမပေးဘဲ အသုံးချနေခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသသို့ ကိုယ်တ်ိုင် သွားရောက် လေ့လာခဲ့သူ တစ်ဦးက ပြောသည်။

“ အခု အောက်မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနက ကျောင်းပေါင်း ၉၆ ကျောင်းကို လေဘေးသင့် မြေပုံမြို့နယ်မှာ ဆောက်လုပ်ဖို့ ဆောက်လုပ်ရေး ကုမ္ပဏီ ၆ ခုကို ကန်ထရိုက် ချပေးထားပါတယ်။ အခု အဲဒီ ကုမ္ပဏီထဲက တချို့ဟာ လေဘေးသင့် ဒေသက ပြည်သူတွေရဲ့ လုပ်အားကို မတော်မတရား အသုံးချနေပါတယ်။ အထူးသဖြင့် ရိုးသားမူကို အခွင့်အရေး ယူပြီး တောသူ တောင်သားတွေကို ကျောင်းဆောက်ရာမှာ ပိုက်ဆံမပေးဘဲ အလုပ် ခိုင်းစေနေတာ ဖြစ်ပါတယ်။”

ယခုလက်ရှိ မြေပုံမြို့နယ်တွင် ကျောင်း ၉၆ ကျောင်းကို ကုမ္ပဏီ ၆ ခုက တစ်ခုလျှင် ၁၆ ကျောင်းနုန်းဖြင့် ဆောက်လုပ်နေရာ အဆိုပါ ဆောက်လုပ်နေသော ကုမ္ပဏီများမှာ ရွှေဆုပန်၊ တော်ဝင်သစ္စာ၊ အဏ္ဍဝါမင်း၊ ထူးထူး၊ ဖြိုး ကုမ္ပဏီနဲ့ TNG တို့ ဖြစ်ကြသည်။

“ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အဏ္ဍဝါမင်း ဆောက်လုပ်ရေး ကုမ္ပဏီက မန်နေဂျာက ရယက ဥက္ကဌတွေနဲ့ ပေါင်းပြီး ကျောက်ကျင်းတွေကို လူထုတွေဆီက အတင်း တောင်းတယ်။ ဘိလပ်မြေတွေနဲ့ သစ်တွေကို အလကား ကျေးရွာသားတွေကို ထမ်းခိုင်းတယ်။ အမှန်ဆိုရင် ကျောင်းအတွက်က အကုန်လုံးက ဘတ်ဂျက်တွေထဲမှာ ပါဝင်ပြီး ဖြစ်ပါတယ်။ ရွာသားတွေကလည်း ကိုယ့်ရွာမှာ ကျောင်းရမယ်ဆိုတော့ ပိုက်ဆံ မရရင်လည်း နေပါစေဆိုပြီး ဝင်ရောက် ထမ်းပေးနေကြတာကို တွေ့ရပါတယ်” ဟု သူက ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ UNICEF မှ ထောက်ပံ့သောငွေများဖြင့် အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီများကို ကျောင်းတစ်ကျောင်းကို အရှည် ပေ ၄ဝ၊ အနံ ၃ဝ ပေ လျှင် ကျပ် သိန်း ၁၄ဝ ။ အရှည် ၆ဝ ပေ အနံ ၃ဝ ကျောင်းတစ်ကျောင်းကို ကျပ် သိန်း ၂၁၆ ၊ အရှည် ၁၂ဝ- အနံ ၃ဝ ပေရှိသော ကျောင်းတစ်ကျောင်းကို ၄၃၂ သိန်း ကျပ်ဖြင့် ကန်ထရိုက် ပြုလုပ်ထားကြောင်း သိရသည်။

“ တစ်ချို့ကျေးရွာများတွင် ကျေးရွာသားများမှ အခမဲ့ လုပ်အားပေးစေခိုင်းတာကို မလုပ်ချင်ကြတော့ မြို့နယ် ပညာရေးမှူးနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လုပ်စားနေတာတွေလည်း ရှိပါတယ်။ ကျေးရွာသားတွေကို ကျောင်းဆောက်လုပ်တာမှာ လိုအပ်တာကို ကုမ္ပဏီတွေကို ကူညီရမယ်။ အနှောင့်အယှက် လုပ်ရင် ကျောင်းပေး ထားတာကို ရုတ်သိမ်းမယ်ဆိုတဲ့ ညွန်ကြားချက် ထုတ်ထားတဲ့ အတွက် ကြောက်ကြောက်နဲ့ လုပ်အားပေးနေရတဲ့ ရွာတွေလည်း ရှိပါတယ်။ နိုင်ငံတော် အစိုးရက ကျောင်းဆောက်လုပ်ရေး အတွက် လိုအပ်တဲ့ ပိုက်ဆံ အကုန်လုံးကို ထုတ်ပေးထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ အနေနဲ့ ကျေးရွာသားတွေကို ခိုင်းစေစရာ မလိုတော့ပါဘူး။ ခုလို ခိုင်းစေတာဟာ လူထုရဲ့ လုပ်အားကို မတရားသဖြင့် အသုံးချနေတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

Most read this week