မိခင်တဦးက ခြေလေးချောင်းနှင့် ပါးစပ်နှစ်ပေါက် ပါရှိသည့် ကလေးငယ်မွေးဖွား

မိခင်တဦးက ခြေလေးချောင်းနှင့် ပါးစပ်နှစ်ပေါက် ပါရှိသည့် ကလေးငယ်မွေးဖွား
by -
ခိုနူမ်းထုန်သတင်း

ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ယခုလ ဇန်နဝါရီ ၁ ရက်နေ့က ခြေလေးချောင်းနှင့် ပါးစပ်နှစ်ပေါက်ပါရှိသည့် ကလေးတဦး မွေးဖွားခဲ့သည်ဟု သိရသည်။ ...

ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ယခုလ ဇန်နဝါရီ ၁ ရက်နေ့က ခြေလေးချောင်းနှင့် ပါးစပ်နှစ်ပေါက်ပါရှိသည့် ကလေးတဦး မွေးဖွားခဲ့သည်ဟု သိရသည်။

Baby1-150x150တီးတိန်မြို့နယ် Tualzang ကျေးရွာနေ ဦးကျင်ရှင်းမန်း၏ ဇနီးဖြစ်သူက အဆိုပါ ယောင်္ကျားလေးကို တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

“အမွာပုံစံ ဖြစ်ချင်တာလား မသိဘူး၊ ခြေထောက်က လေးချောင်း၊ ပါးစပ်ကနှစ်ပေါက်နှင့် ဘယ်ဘက် မျက်စိမှာ အသားပို တွဲကျနေတယ်”ဟုအဆိုပါ ကလေးငယ်ကို ဓာတ်ပုံရိုက်ယူခဲ့သူ တဦးကပြောသည်။

ကလေးငယ်ကို မွေးဖွားပြီးကတည်းကစပြီး မိခင်နို့ရည် တိုက်ကျွေးလို့ မရကြောင်း၊ ယင်းကိစ္စနှင့် ပါတ်သက်ပြီး တာဝန်ကျ ဆရာဝန်က ကောက်ချက် တစုံတရာ မပေးကြောင်း သိရသည်။    

“နို့တိုက်ရင်လည်း တဖက်ပါးစပ်ပေါက်ကနေ ပြန်ပြန်ထွက်လာတယ်ဆိုတော့ ကျွေးလည်း မထူးဘူး၊ ခုချိန်ထိတော့အ သက်ရှင်သေးတယ်” ဟု သူကပြောသည်။

ကလေးငယ်နှင့် မိခင်သည် တီးတိန်ပြည်သူ့ဆေးရုံမှ  Tualzang ကျေးရွာတွင် ပြန်သွားကြပြီဟု သိရသည်။

“ကလေးငယ် အသက်ဆက်ရှင်ရေးကတော့ စိတ်မချနိုင်ဘူး၊ ဘုရားအလိုတော်အတိုင်း ဖြစ်မှာပါ” ဟု တီးတိန်ပြည် သူ့ဆေးရုံက အမည်မဖော်လိုသူ သားဖွား ဆရာမတဦးက ပြောသည်။