ဇင်ချောင်းတွင် ပြုလုပ်သော ရခိုင်ပြည်နယ်နေ့ အခမ်းအနား အထူး စည်ကား

ဇင်ချောင်းတွင် ပြုလုပ်သော ရခိုင်ပြည်နယ်နေ့ အခမ်းအနား အထူး စည်ကား
by -
နိရဥ္စရာသတင်း

၃၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျောက်ဖြူမြို့နယ် ဇင်ချောင်း ကျေးရွာတွင် ပထမအကြိမ်မြောက်် အဖြစ် ဒီဇင်္ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ရာ အထူးစည်ကားခဲ့ကြောင်း သိရ ...

၃၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျောက်ဖြူမြို့နယ် ဇင်ချောင်း ကျေးရွာတွင် ပထမအကြိမ်မြောက်် အဖြစ် ဒီဇင်္ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ရာ အထူးစည်ကားခဲ့ကြောင်း သိရသည်။

ဇင်ချောင်းမှ ရိုးရာအက အဖွဲ့ရခိုင်ပြည်နယ်နေ့ အခမ်းအနားအား နှစ်စဉ်နှစ်တိုင်း ကျောက်ဖြူမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်အတွင်း ဂီရိမုန်တိုင်းကြောင့် မကျင်းပနိုင်သဖြင့် ဇင်ချောင်းကျေးရွာတွင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသခံ လူငယ် တစ်ဦးက " ရခိုင်ပြည်နယ်နေ့ကို ဇင်ချောင်းကျေးရွာ ပညာဒါန လူငယ် အသင်းက ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။ အဓိကတော့ ကိုယ့်ရိုးရာ ကိုယ့်ယဉ်ကျေးမူတွေကို ရခိုင်ပြည်နယ်နေ့မှာ ဖေါ်ထုတ်လိုတဲ့ အတွက် ကျင်းပရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ပြည်နယ်ပွဲတွင် ရိုးရာကျင်ပွဲ၊ ပိုက်ကျော်ခြင်းနှင့် ဘော်လုံးပွဲ အပါအဝင် ရခိုင်စတိတ်ရှိုးပွဲများကိုလည်း ထည့်သွင်း စီစဉ် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇင်ချောင်း ပြည်နယ်နေ့ ကျင်းပွဲ

"လူတွေကတော့ အများကြီးလာကြပါတယ်။ အနီးအနားကျေးရွာတွေ ဖြစ်ကြတဲ့ စနဲ၊ လေးတောင်၊ ကျောက်ပြောက်၊ တောင်ကုတ်နဲ့ ကျောက်ဖြူကလည်း လာကြပါတယ်။ တော်တော်စည်ကားပါတယ်" ဟု ဒေသခံ လူငယ်က ပြောသည်။

ပြည်နယ်နေ့ည စတိတ်ရှိုးပညာရေး ရံပုံငွေအတွက် ပြုလုပ်သော ဂီတစင်တင် စတိတ်ရှိုး ဖြေဖျော်ပွဲ တွင် ရခိုင်အဆိုတော်များ ဖြစ်ကြသည့် ခိုင်ကျော်လင်း၊ ခိုင်မင်းဟိန်းနှင့် မျိုးရခိုင်တို့မှ လာရောက် ဖြေဖျော်ပေးခဲ့ကြသည်။ ဒေသခံ လူငယ်များမှလည်း ပါ၀င် သီဆိုဖြေဖျော်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်နေ့ကို ရခိုင်ပြည်နယ် အဝန်းတွင် အစိုးရမှ အားပေး အားမြောက် ပြုလုပ်မူ မရှိသဖြင့် ကျင်းပမူ မရှိသလောက် ဖြစ်နေရာ ယခုနှစ်တွင် ထူးထူးခြားခြား ဇင်ချောင်းတွင် ကျင်းပခဲ့ပြီး လူအများ စိတ်ဝင်တစား လာရောက်အားပေးခဲ့ကြသည်ဟု သိရသည်။

Most read this week