မရမ်တောင် ဘုရားပွဲတော်ကြီးတွင် ရှင်အပါး ၃ဝဝ နှင့် သီလရှင် ၂ဝဝ သာသနာ အမွေခံယူမည်

မရမ်တောင် ဘုရားပွဲတော်ကြီးတွင် ရှင်အပါး ၃ဝဝ နှင့် သီလရှင် ၂ဝဝ သာသနာ အမွေခံယူမည်
by -
နိရဥ္စရာသတင်း

ဇန္နဝါရီလ ၂ဝ နေ့မှ စတင်ကျင်းပမည့် ဘင်္ဂလာဒေချ့်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ရွာတော်ခရိုင် အလယ်ခွာတောင်မြို့နယ် မရမ်တောင် ဘုရား ပွဲတော်တွင် ရှင်အပါး ၃ဝဝ နှင့် မယ်သီလရှင် အပါး ၂ဝဝ ခန့် ...

ဇန္နဝါရီလ ၂ဝ နေ့မှ စတင်ကျင်းပမည့် ဘင်္ဂလာဒေချ့်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ရွာတော်ခရိုင် အလယ်ခွာတောင်မြို့နယ် မရမ်တောင် ဘုရား ပွဲတော်တွင် ရှင်အပါး ၃ဝဝ နှင့် မယ်သီလရှင် အပါး ၂ဝဝ ခန့်တို့ ဗုဒ္ဓဘာသာ အမွေကို ခံယူကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မရမ်တောင် ဘုရားပွဲတော်တွင် ဒေသခံတောင်ပေါ်သား လူငယ်များ သာသနာ အမွေ ခံယူနေကြစဉ် (၂ဝဝ၉)မရမ်တောင် ဘုရား ပွဲတော် ဖြစ်မြောက်ရေး ကော်မီတီ အထွေထွေ အတွင်းရေးမှူး ဇိနမဇ္ဖူ ပရဟိတကျောင်း ဆရာတော် အရှင်နန္ဒာမာလမှ ပွဲတော်တော် ကျင်းပမည့် အခြေအနေကို ယခုကဲ့သို့ ပြောသည်။ “ ပွဲတော်ကို ဇန္နဝါရီလ ၂ဝ နေ့က နေပြီးတော့ ၂၂ ရက်နေ့ထိ သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီပွဲတော်မှာ မောင်ရှင်အပါး ၃ဝဝ နဲ့ မယ်သီလရှင် အပါး ၂ဝဝ က သာသနာ့ အမွေကို ခံယူကြမှာ ဖြစ်ပါတယ်။ စစ်တကောင်းတောင်တန်းနယ် ဆိုတာက ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်ကြတဲ့ ဒေသ ဖြစ်ပေမယ့်လည်း တစ်ခြား တောင်ပေါ်သားတွေလည်း လူမျိုးတွေလည်း အမျိုးစုံ ရှိပါတယ်။ ဒါပေမယ့် အများစု က ဆင်းရဲကြပါတော့ သားသမီးတွေကို ရှင်ပြုနိုင်ကြတဲ့ အနေအထားမှာ မရှိကြပါဘူး။ ဒါကြောင်း နှစ်စဉ် နှစ်တိုင်း ဦးဇင်းတို့က မရမ်တောင် ဘုရားပွဲတော်ကြီးမှာ တောင်ပေါ်သား လူငယ်တွေကို သာသနာ ဘောင်အတွင်းကို သွတ်သွင်းပေးနေရတာ ဖြစ်ပါတယ်။”

ယခု သာသနာ့ အမွေကို ခံယူကြမည့် လူငယ်များမှာ အဆိုပါ ဒေသတဝိုက်တွင် နေထိုင်ကြသော ခမီး၊ မြို၊ ဒိုင်းနက်၊ သက်နှင့် ရခိုင်မျိုးနွယ်ဝင် မရမာလူမျိုးများ၏ သားသမီးများ ဖြစ်ကြကြောင်း ဆရာတော်က မိန့်ကြားသည်။

Marandaung-1“ဦးဇင်းတို့က ခုလို တောင်ပေါ်သား လူငယ်တွေကို ဗုဒ္ဓ သာသာ သာသနာဘောင် အတွင်းကို သွတ်သွင်းနေ ရတဲ့ အဓိက ရည်ရွယ်ချက်ကို ပြောရမယ် ဆိုရင် ခုဘုရား တည်ရှိတဲ့ မရမ်တောင် ဒေသဟာ တောင်ပေါ် ဒေသ ဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းတွေနဲ့လည်း ဝေးတယ်။ နောက်ပီးတော့ တောင်ယာ လုပ်ကိုင် စားသောက်ကြတဲ့ လူမျိုးတွေ ဖြစ်ကြတဲ့ အတွက် သားသမီးတွေကို ရှင်သာမဏေပြုဖို့ မိဘတွေ အနေနဲ့ အခက်အခဲတွေ ရှိကြပါတယ်။ သားသမီးတွေကို သာသနာ ဘောင်အတွင်းကို မသွတ်သွင်းနိုင်ရင် ကြာလာရင် ဘာသာ သာသနာကို မေ့ပျောက်ပြီး တခြားဘာသာတွေကို အထင်ကြီးသွားနိုင်တယ်။ အဲဒါကြောင့် မရမ်တောင်ဘုရားပွဲကို အကြောင်းပြုပြီးတော့ လူမျိုး အသီးသီးက ဆင်းရဲသူဆင်းရဲသား၊ မိဘမဲ့ကလေးတွေကို ခေါ်ယူပြီး သာသနာ့ဘောင်ထဲသို့ သွတ်သွင်းနေရတာ ဖြစ်ပါတယ်။”

အဆိုပါ ပွဲတော်၌ တောင်ပေါ်သား လူငယ်များကို သာသနာ ဘောင်အတွင်းသို့ သွတ်သွင်းလာခဲ့သည်မှာ ၂ဝဝ၆ ခုနှစ်တွင် ကိုရင် အပါး ၁ဝဝ ၊ ၂ဝဝ၇ နှင့် ၂ဝဝ၈ ခုနှစ်တွင် မောင်ရှင် အပါး ၁ဝဝ နှင့် သီလရှင်အပါး ၅ဝ ကို၎င်း၊ ၂ဝဝ၉ ခုနှစ်မှာ မောင်ရှင်အပါး ၁၅ဝ နှင့် သီလရှင်အပါး ၁ဝဝ ကို သာသနာဘောင်ကို သွပ်သွင်း နိုင်ခဲ့ကြောင်း ပြောကြားသည်။

မရမ်တောင်ဘုရားပွဲတော်ကို ပေ ၅ဝဝဝ ကျော်အမြင့်ရှိသော မရမ်ဘုရားကြီး ကိန်းဝပ်ရာ တောင်ပေါ်တွင် ကျင်းပပြီး မတ်စောက်သော လမ်းကြောင်း အတိုင်း တောင်အောက်ခြေမှ ၃ နာရီ ကျော် တက်ရသည်။ အဆိုပါ ဘုရားပွဲတော်သို့ ဒေသခံပြည်သူများ ထောင်နှင့် ချီကာ ပါဝင်ဆင်နွဲကြပြီး အများစုမှာ လူငယ်များ ဖြစ်ကြသည်။

အဆိုပါတောင်မှာ အဆိုပါ ဒေသတွင် အမြင့်ဆုံး ဖြစ်ပြီး အင်္ဂလိပ်ခေတ်က အင်္ဂလိပ် စစ်တပ် အလံပြခဲ့သဖြင့် ဒေသခံများက အလံပြတောင်ဟုလည်း ခေါ်ကြောင်း သိရသည်။

ယခုနှစ် ကျင်းပမည့် မရမ်တောင် ဘုရားပွဲတော်မှာ ၁၇ ကြိမြောက် ဖြစ်ပြီး ဘုရားပွဲတော်ကြီးကို သာသနာ့ ရောင်ခြည် အသင်းကြီးမှ ကြီးမှူး ကျင်းပမည် ဖြစ်သည်။ ယခုအခါ အဆိုပါပွဲတော် ဖြစ်မြောက်ရေး အတွက် အလှူငွေများ ကောက်ခံလျက် ရှိကြောင်းနှင့် အကူအညီများ လိုအပ်နေကြောင်း ဦးဇင်းက ယခုကဲ့သို့ ပြောသည်။

“ အခု ဘင်္ဂလာဒေချ့်မှာ လူဦးရေ သန်း ၁၄ဝ ကျော်ရှိနေပြီး အများစု မူဆလင် ဘာသာဝင်တွေ ဖြစ်ကြပြီး ဗုဒ္ဓဘာသာဝင်တွေက မပြောပလောက်ဘဲ ရှိပါတယ်။ အများ စု ဗုဒ္ဓဘာသာဝင်တွေကလည်း ဆင်းရဲတော့ အကူအညီတွေ မပေးနိုင်ကြဘူး။ အခု ကျင်းပမယ့် ဘုရားပွဲတော်မှာ အဲဒီမောင်ရှင်၊ သီလရှင်တွေ အတွက် သင်္ဃန်း ပရိက္ခရာ ၈ ပါး အတွက်လည်း အခက်အခဲရှိနေပါတယ်။ အဲဒါကြောင့် နိုင်ငံတကာမှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ရော ဒီနိုင်ငံမှာ ရှိနေကြတဲ့ သူတွေရော မရမ်တောင်ပွဲတော် ဖြစ်မြောက်ရေး အတွက် အလှူအတန်း အထောက်အပံ့တွေ ကူညီပေးစေချင်ပါတယ်” ဟု ဦးဇင်းက ပြောသည်။

ရှင်လောင်းလှည့်ပွဲတွင် ဒေသခံပြည်သူ ထောင်နှင့်ချီပြီး ပါဝင်ဆင်နွဲကြမည် ဖြစ်ပြီး တခြား တရားပွဲ၊ ရိုးရာပွဲ၊ ဇာတ်ပွဲများဖြင့် ဖြေဖျော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။

ကူညီ လှူဒါန်းလိုသူများ ဆက်သွယ်ရန် ဖုန်းနံပတ်မှာ ဝဝ၈၈- (ဝ) ၁၈၂၆၃ဝ၄၅ဝ၉ နှင့် ဝဝ၈၈ (ဝ) ၁၈၂ဝ၄ဝ၁၂၇၆ ဖြစ်သည်။

Most read this week