၂၂၆ နှစ်မြောက် ရခိုင်ဘုရင်နိုင်ငံတော် ကျဆုံးနေ့ အခမ်းအနား ဂျပန်တွင် ကျင်းပ

၂၂၆ နှစ်မြောက် ရခိုင်ဘုရင်နိုင်ငံတော် ကျဆုံးနေ့ အခမ်းအနား ဂျပန်တွင် ကျင်းပ
by -
နိရဥ္စရာသတင်း

၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကျရောက်သော (၂၂၆) နှစ်မြောက် ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ ၀မ်းနည်းအထိမ်းအမှတ် အခမ်းအနား တရပ်ကို ဂျပန်နိုင်ငံတွင် ဒီဇင်္ဘာလ ၂၆ ရက်နေ့က ကျင်းပ ...

၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကျရောက်သော (၂၂၆) နှစ်မြောက် ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ ၀မ်းနည်းအထိမ်းအမှတ် အခမ်းအနား တရပ်ကို ဂျပန်နိုင်ငံတွင် ဒီဇင်္ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့သည်။

Japan-sovereign-lost-dayအဆိုပါ အခမ်းအနားကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်)မှ ဦးဆောင် ကျင်းပခဲ့သည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်) တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုကျော်သန်းလိူင်က “ ဒီဇင်္ဘာလ ၂၆ ရက် နေ့လည် ၁ နာရီမှာ တိုိကျိုမြို့ SHINJUKU , SANPE HALL 7F မှာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်)က ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။၂၂၆ နှစ်မြောက် ရခိုင်ဘုရင် နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးတဲ့နေ့ အထိမ်းအမှတ်က ဒီဇင်္ဘာ ၃၁ ရက်နေ့ သောကြာနေ့မှာ ဖြစ်နေတဲ့ အတွက် အများက မအားလပ်တာကြောင့် အားလပ်ရက် ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခမ်းအနားကို ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်) ဥက္ကဌ ဦးလှအေးမောင် အပါအဝင် တာဝန်ရှိသူများ၊ ရခိုင်အမျိုးသားများ စုစုပေါင်း ၅၀ ခန့်တက်ရောက်ခဲ့သည်။

အခမ်းအနားအား ရခိုင်ဘုရင်နိုင်ငံတော် အလံ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အလံနှင့် ကျဆုံးသွားခဲ့သော အာဇာနည်ခေါင်းဆောင်များကို ရခိုင် အမျိုးသား သီချင်းဖြင့် အလေးပြုပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၎င်းနောက်ပိုင်း သဘာပတိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်မှ အဖွင့်အမှာစကား ပြောကြားပြီး အထွေထွေ အတွင်းရေးမှုး ဦးပေါ်ထွန်းအောင်မှ ဘီစီ ၃၃၂၅ မှ အေဒီ ၁ရ၈၄ ခုနှစ်ထိ ရခိုင်လူမျိုး ကိုယ်ထီးကိုယ်နန်းဖြင့် ထွန်းကားခဲ့ပုံကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထိုနောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)တွဲဖက်အထွေထွေ အတွင်းရေးမှုး (၁) ကိုကျော်သန်းလှိုင်မှ ရခိုင်ဘုရင့် နိုင်ငံတော်ကျဆုံးရသည့် အကြောင်းအရင်းနှင့် ရခိုင််နိုင်ငံတော်ကျဆုံးပြီး ဗမာပဒေ သရာဇ် နယ်ချဲ့တို့က ရခိုင်လူမျိုးများကို လူမျိုးတုန်း သတ်ဖြတ်ခဲ့ပုံများကို ပြောကြားကာ၊ ယခုစစ်အစိုးရ၏ ရခိုင်ပြည်အတွင်းလုပ်ဆောင်နေ သည့် လုပ်ရပ်များသည် ယခင် ဗမာပဒေ သရာဇ်နယ်ချဲ့တို့က ရခိုင်လူမျိုးကို ပျောက်ကွယ် သွားအောင် လုပ်ဆောင်ခဲ့ပုံနှင့် အတူတူ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“ အဓိကတော့မိမိတို့့ သမိုင်းကို မိမိတို့ သိရှိရေးနဲ့ သမိုင်းကိုသိလာတဲ့ နောက်ပိုင်းမှာ ရခိုင်အမျိုးသားတွေ အတွက် အမျိုးသား စည်းလုံး ညီညွတ်ရေးဟာ ဘယ်အတိုင်းအတာထိ အရေးကြီးတယ်ဆိုတာကို သဘောပေါက်လာရန်နဲ့ ဂျပန်မှာရှိတဲ့ ရခိုင်အမျိုးသားတွေ ညီညွတ်ရေးကို ရည်ရွယ်ပြီး အခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်” ဟု ကိကျော်သန်းလိူင်က ပြောသည်။

ထိုနောက်တက်ရောက်လာကြသော တိုင်းရင်းသားခေါင်းဆောင်များက အမှာစကားပြောကြားပြီး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင် များက မိမိတို့၏ ခံစားချက်များကိုပြောကြားခဲ့သည်။ သဘာပတိ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဒုဥက္ကဌ(၂) ဦးခင်မောင်ထွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။

လက်ရှိ နအဖ စစ်အစိုးရသည် ရခိုင်ပြည်သူလူထု အပေါ်တွင် ရှေးဗမာ ပဒေသရာဇ်ဘုရင်များထက် ဆိုးရွားသော ပေါ်လစီများ ချမှတ်ကာ အုပ်ချုပ်နေသဖြင့် ရခိုင်လူမျိုးမှာ တိုင်းပျောက် ပြည်ပျောက် ဖြစ်သည်သာမက ယခုတခါ လူမျိုးပျောက်ရမည့် အနေအထားနှင့် ရင်ဆိုင်နေရသဖြင့် ရခိုင် တစ်မျိုးသားလုံးမှာ လက်ရှိ အုပ်ချုပ်နေသော ဗမာ စစ်အစိုးရ အပေါ် အကြီးအကျယ် နာကျဉ်းနေကြသည်ဟု သိရသည်။

Most read this week