ယခုနှစ် ဆံတော်ရှင်ပွဲတော် ခါတိုင်းနှစ်များကဲ့သို့ မစည်ကား

ယခုနှစ် ဆံတော်ရှင်ပွဲတော် ခါတိုင်းနှစ်များကဲ့သို့ မစည်ကား
by -
ထွန်းထွန်း

ရခိုင်ပြည်နယ်မှ အထင်ကရ ဘုရားပွဲတော် တစ်ခုဖြစ်သော ပေါက်တောမြို့နယ် ဆံတော်ရှင် ဘုရားပွဲတော်မှာ ယခုနှစ်တွင် ယခင်နှစ်များကဲ့သို့ စည်ကားခြင်း မရှိကြောင်း သိရ ...

ရခိုင်ပြည်နယ်မှ အထင်ကရ ဘုရားပွဲတော် တစ်ခုဖြစ်သော ပေါက်တောမြို့နယ် ဆံတော်ရှင် ဘုရားပွဲတော်မှာ ယခုနှစ်တွင် ယခင်နှစ်များကဲ့သို့ စည်ကားခြင်း မရှိကြောင်း သိရသည်။

ဆံတော်ရှင် စေတီတော်အား ယခုနှစ် ပွဲတော်ရက်အတွင်း မီးပူဇော်ထားစဉ်"ဒီနှစ် ဆံတော်ရှင် ပွဲတော်က မစည်တာက အမှန်ပါ။ အရင်နှစ်တွေက ဆိုရင် ဆံတော်ရှင်ပွဲတော်ကို နိုင်ငံတကာနဲ့ ဗမာပြည်က ခရီးသည်တွေ အပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက လူပေါင်း သိန်းကျော် လာရောက်ပါတယ်။ ဒီနှစ်ပွဲကျတော့ ခန့်မှန်းခြေ လူပေါင်း ၆ သောင်းခန့်ဘဲ လာပါတယ်။"

ယခုကဲ့သို့ရခိုင်ပြည်သူများ ဆံတော်ရှင် ပွဲတော်သို့ မလာရောက်ကြခြင်းမှာ များမကြာမှီက တိုက်ခတ်သွားခဲ့သာ ဂီရိမုန်တိုင်းနှင့် သက်ဆိုင်ကြောင်း သူက ပြောသည်။

"ရခိုင်ပြည်သူအများစုက မုန်တိုင်းကြောင့် အိမ်ယာတွေပျက်၊ စိုက်ပျိုးမြေတွေပျက်၊ ငါးလုပ်ငန်းတွေပါ ပျက်သွားကြရတဲ့ အတွက် အထူး စီးပွားရေး ထိခိုက်နေကြပါတယ်။ ဒါကြောင့် စီးပွားရေး အရ အခက်ကြံုနေတော့ ဆံတော်ရှင်ပွဲကို လူအရောက် နည််းသွားတာ ဖြစ်ပါတယ်။"

၎င်းပြင် ယခုနှစ် ဆံတော်ရှင်ပွဲတော်တွင် သက်ဆိုင်ရာ မယကနှင့် ပွဲတော် ကန်ထရိုက်ရထားသူများက အကောက်အခွန်များကို တိုးမြှင့် ကောက်ခံခဲ့ကြောင်း သိရသည်။

ဆံတော်ရှင်ပွဲမှ ပြန်လာသော စစ်တွေမှ စျေးသည်မ တဦးက " ဒီနှစ် စျေးရောင်းရတာ သိပ်အဆင်မပြေခဲ့ပါ။ ဘုရားဖူးလာတဲ့ သူကနည်းတော့ အရောင်း ထိုင်းပါတယ်။ ရောင်းဖို့ ယူလာတဲ့ ပစ္စည်း နှစ်ဝက် တဝက်တောင် ရောင်းမစွန်ခဲ့ပါဘူး။ ပီးရင် အခွန်အကောက်တွေလည်း အရမ်းများပါတယ်။ ကောက်ရိုးနဲ့ ကာထားတဲ့ ၄ ပေ ရ ပေ အခန်းတခန်းကို တရက် ငှားခ ကျပ် ၈၀၀၀ ကနေ ၁၅၀၀၀ ကျပ် ထိပေးရပါတယ်။ ရောင်းစွန်တာ မစွန်တာ သူ တို့ နားမလည်ကြဘူး။ အဲသလို အခွန်အကောက်ကြမ်းတဲ့ အတွက် တချို့ စျေးရောင်းသူတွေလည်း မရောင်းဘဲ ပါလာတဲ့ ပစ္စည်းတွေကို အိမ်ပြန်ယူသွားတာတွေ ရှိပါတယ်။ ဟု ပြောသည်။

ယခုကဲ့သို့ ဆံတော်ရှင်ပွဲ အတွင်း အကောက်အခွန်များ စျေးကြီးသွားခြင်းမှာ ကောက်ရိုး အကာဖြင့် ဆောက်လုပ်ထားသည့် အခန်းတစ်ခန်းစီကို ကျပ် ၂၀၀၀ နှုန်းဖြင့် ဘုရားပွဲတော်ကို တာဝန်ယူ ကျင်းပသော ခယကနှင့် မဝတကိုပေး ဆောင်ရသည်ဟု သိရသည်။

ယခုနှစ် ဆံတော်ရှင်ပွဲတော် မုဒ်ဝအား တွေ့ရစဉ်သို့သော်လည်း ဘုရားဖူးသွားရောက်ခဲ့သူ အများစုက ဆံတော်ရှင် ဘုရားပွဲတော် သွားရောက်ခဲ့ရသဖြင့် စိတ်ကြည်နူး ချမ်းမြေ့ခဲ့ရကြောင်း အမျိုးသမီးတစ်ဦး ပြောသည်။

"ပွဲတော်က သိပ်မစည်ကားခဲ့ပေမယ့် ပျော်စရာတော့ အရမ်းကောင်းပါတယ်။ တောင်တက်ရတယ်ဆိုပေမယ့် မပင်ပန်းဘူး။ ရီလိုက် နောက်လိုက်နဲ့ စေတီကို ရောက်သွားတာပါဘဲ။ ပီးရင် စေတီတော်က အရမ်း သပ္ပါယ်ပြီး မြင်ရတာ စိတ်ချမ်းသာမူ ပီတိကို အထူး ဖြစ်စေပါတယ်။ တနှစ်မှာ တခါသာ ကျင်းပတဲ့ ပွဲတော်မို့ နှစ်စဉ် နှစ်တိုင်း သွားဖြစ်အောင်သွားပါတယ်။ ဒီနှစ်သွားခဲ့ပါတယ်။ အရမ်းပျော်စရာကောင်းပါတယ်။ "ဟု ပြောသည်။

နှစ်စဉ် ဆံတော်ရှင်ပွဲတော်ကို နတ်တော ်လဆန်း ရ ရက်မှ လပြည့်နေ့ထိ ကျင်းပလေ့ရှိပြီး လဆန်း ၁၀ရက်မှ လပြည့်နေ့အကြား တိုးမပေါက်အောင် စည်ကားကြောင်း သိရသည်။

ယခုနှစ် ဘုရားပွဲတော်အတွင်း " မြတ်ခိုင်ကျော်" ဇာတ်အဖွဲ့မှ လာရောက် ကပြ ဖြေဖျော်ခဲ့ကြောင်း သိရသည်။

Most read this week