ရခိုင်နိုင်ငံတော် ကျဆုံးသည့်နေ့ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့တွင် ဆန္ဒပြမည်

ရခိုင်နိုင်ငံတော် ကျဆုံးသည့်နေ့ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့တွင် ဆန္ဒပြမည်
by -
နိရဥ္စရာသတင်း

၂၂၆ နှစ်မြောက် ရခိုင်နိုင်ငံတော် ကျဆုံးခြင်း အထိမ်းအမှတ်နေ့ကို 'ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလ သမဂ္ဂရုံး ရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပြီး ကျင်းပ ပြုလုပ် သွားမည် ...

၂၂၆ နှစ်မြောက် ရခိုင်နိုင်ငံတော် ကျဆုံးခြင်း အထိမ်းအမှတ်နေ့ကို 'ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလ သမဂ္ဂရုံး ရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပြီး ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ပြိုပျက်နေသော ရခိုင်မင်းနေပြည်တော်ဟောင်း မြောက်ဦးရှိ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များကို နိုင်ငံခြားသားများ လာရောက် လည်ပတ်နေစဉ်ထိုဆန္ဒပြပွဲကို အမေရိကန်ရောက် ရခိုင်အမျိုးသားများက ဒီဇင်္ဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်ကာ ပြုလုပ် သွားကြမည် ဖြစ်ကြောင်း သိရှိရ သည်။

ထိုဆန္ဒပြပွဲကို စီစဉ်သူများထဲမှ တာဝန်ခံ တစ်ဦးဖြစ်သူ ခိုင်ဘခင်က “ ကျနော်တို့ ရခိုင် နိုင်ငံတော် ကျဆုံးတဲ့နေ့ကို ရခို်င်လူမျိုးတွေ အမြဲတမ်းအမှတ် တရဖြစ်နေ အောင်ရယ်။ ပြီးတော့ ၁၇၈၄ ခုနှစ်ကတည်း ယနေ့အထိ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ် တိုက်ပွဲဝင် ရင်း ကျဆုံး သွားခဲ့ကြတဲ့ ရခိုင် အာဇာနည် ခေါင်းဆောင်တွေကို ဂုဏ်ပြုတာ လည်းဖြစ်တယ်။ ကျနော် တို့ အနေနဲ့ ဆုံးရှံုး နေတဲ့ လူမျိုး တစ်မျိုးရဲ့ ရပိုင်ခွင့်တွေကို ကုလသ မဂ္ဂရုံးရှေ့မှာ ဆန္ဒထုတ်ဖော် တောင်းဆို သွားကြမှာ ဖြစ်တယ်” ဟု ပြောသည်။

၎င်းပြင်သူက “ ကျနော်တို့ နိုင်ငံကျဆုံး ကတည်းက ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ဘူး။ လူမျိုးတစ်မျိုးရဲ့ ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ဘာမှကို မရှိတော့တာ။ ပြီးတော့ ကျနော်တို့ရဲ့ သမိုင်း အမွေအနှစ်တွေ ဖျောက်ဖျက်ခံနေရတယ်။ စာပေ ယဉ်ကျေးမူတွေကိုလည်း လွတ်လပ်စွာ ဖေါ်ထုတ်လို့ မရဘူး။ ဒီတော့ ဗမာကိုလိုနီအောက်မှာ ကျရောက်နေတာက ဗြိတိသျှ ကိုလိုနီ လက်အောက်မှာ ကျရောက်နေတာထက် ပိုမို ဆိုးရွားပါတယ်” ဟု ပြောသည်။

၁၉၆၀ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂအဖွဲ့ကြီးမှ ကိုလိုနီစနစ်ကိုဖျက် သိမ်းလိုက်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော်လည်း တစ်ချို့ သော နိုင်ငံများမှာ ယခု ထက်တိုင် ဖုန်းကွယ်ခံ ကိုလိုနီကျွန် စနစ်အောက်တွင် ကျန်ရှိနေ သေးကြကြောင့် ခိုင်ဘခင်က ရှင်းပြသည်။

ကိုယ့်ထီးကိုယ်နန်းဖြင့် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော ရခိုင်နိုင်ငံတော်သည် ၁၁၄၆ ခုနှစ် ပြာသို လပြည့်ကျော် ရ ရက်၊ ခရစ် သက္ကရာဇ် ၁၇၈၄ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက် စနေနေ့တွင် ဗမာဘုရင် ဘိုးတော်မောင်းဝိုင်း၏ စစ်ကျေညာခြင်း မရှိဘဲ ကျူးကျော် သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

တခြား တာဝန်ခံ တစ်ဦးဖြစ်သူ ဦးတင့်ဝေက “ ရခိုင်ပြည် ဖွံ့ဖြိုးတိုး တက်မူကို အကြောင်း ပြပြီး လက်ရှိ ဖောက်လုပ်နေတဲ့ မီးရထားလမ်းကြောင့် ရခိုင့်ရှေးဟောင်း အမွေ အနှစ်တွေ အများအပြား ဖျက်ဆ်ီး ခံနေရတာကြောင့် ဒီလုပ်ရပ်ဟာ လူမျိုးတစ်မျိုးရဲ့ ရှေးဟောင်း အမွေအနှစ် တွေကို ပျောက်ကွယ်အောင် ပြုလုပ်နေခြင်း ဖြစ်တယ်။ သွယ်ဝိုက်ပီးတော့ ရခိုင် လူမျိုးကို ပျောက်ကွယ်သွား လုပ်နေခြင်းသာဖြစ် ပါတယ်” ဟု ပြောသည်။

ဒီဇင်္ဘာ ၃၁ ရက်နေ့ ဆန္ဒပြပွဲကို အမေရိကန်ရှိ ရခိုင်အမျိုးသား အများအပြား ပူးပေါင်း ပါ၀င်ကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Most read this week