ရခိုင်ဓညဝတီ မြို့တော်ဟောင်းကို ရထားလမ်း ဖြတ်ဖေါက်ပြီ

ရခိုင်ဓညဝတီ မြို့တော်ဟောင်းကို ရထားလမ်း ဖြတ်ဖေါက်ပြီ
by -
နိရဥ္စရာသတင်း

ဘီစီ ၆ ရာစုကတည်းက တည်ရှိခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် ရခိုင် ရှေးဟောင်း မြို့တော် တစ်ခုဖြစ်သည့် ဓညဝတီ မြို့တော်ဟောင်းကို ဖြတ်ပြီး ရထားလမ်း စတင် ဖေါက်လုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိ ...

ဘီစီ ၆ ရာစုကတည်းက တည်ရှိခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် ရခိုင် ရှေးဟောင်း မြို့တော် တစ်ခုဖြစ်သည့် ဓညဝတီ မြို့တော်ဟောင်းကို ဖြတ်ပြီး ရထားလမ်း စတင် ဖေါက်လုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ရခိုင်ရှေးဟောင်မြို့ရိုးဂိတ်အမည်မဖေါ်လိုသူ ရှေးဟောင်း သမိုင်းသုတေသီ တဦးက “ ကျွန်တော် သွားကြည့်တော့ ဓညဝတီ မြို့ဟောင်း အရှေ့ဘက်ကနေ စဖေါက် နေပါတယ်။ နောက်တစ်ရက် ဆိုရင် မြို့ရိုးပေါ်ကို ရောက်ပါလိမ့်မယ်။ အခု မြို့ရိုးပေါ်မှာ လမ်းဖေါက်မယ့် အမှတ်အသားတွေဖြစ်တဲ့ အလံနီ တိုင်လေးတွေကို အူကြောင်း တလျှောက်မှာ စိုက်ထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

တခြား လူစည်ကားရာနေရာများက ရထားလမ်းကို ဖေါက်လုပ်လျှင် ရနို်င်သော်လည်း မဖေါက်လုပ်ဘဲ ဓညဝတီ မြို့တော်ဟောင်းပေါ်မှ ဖြတ်သန်းဖေါက်လုပ်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခြင်း ဖြစ်ကြောင်းသူက ပြောသည်။

“ ကျွန်တော််တို့အနေနဲ့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဓညဝတီမြို့ ဟောင်းပေါ်က ဖြတ်မဖေါက်ဖို့နဲ့ တခြားနေရာက လွဲပြောင်း ဖေါက်လုပ်ဖို့ စာရေးသား တင်ပြထားတာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့က လုံးဝ ဂရုမစိုက်ဘူး။ တခြား ဖေါက်လို့ရတဲ့ လမ်းကြောင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့က မဖေါက်ဘူး။ ခုလို လုပ်တာဟာ ရခိုင်ယဉ်ကျေးမူု အမွေအနှစ် တွေကို ဖျက်ဆီးဖို့ သူတို့ အစီအစဉ်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခုလို လုပ်တဲ့ အတွက် ရခိုင်တွေ အတွက်သာမက မြန်မာနိုင်ငံ တခုလုံး အတွက် ကြီးမားတဲ့ ဆုံးရှံုးမူကြီး ဖြစ်ပါတယ်။”

ဓညဝတီ မြို့တော်ဟောင်းမှာ ရခိုင်ဘုရင် စန္ဒသူရိယ မင်းထီးနန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး အဆိုပါ ဘုရင်သည် ဘုရားရှင်အား ပင့်ဖိတ်ပြီး ယခုမန္တလေးရှိ မဟာမုနိ အပါအဝင် တခြား မဟာကျိန်၊ မဟာကျန် ဘုရား ဆင်းတုတော် အများအပြားကို သွန်းလုပ်ခဲ့ကြောင်း သမိုင်းအရ သိရသည်။

ယခုအချိန်ထိ ဓညဝတီ မြို့တော်ဟောင်းတွင် နန်းမြို့ရိုးများ၊ အုတ်တံတိုင်းများ အထင်အရှား တည်ရှိနေကြောင်း သိရသည်။

ယခုရထားလမ်းကြောင်း အဆိုပါ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များ ပျက်စီးဆုံးရှံုးသွားမည်ကို ရခိုင်အမျိုးသားများက အထူး စိုးရိမ် လျှက်ရှိကြောင်း သိရသည်။

ယခု ဖေါက်လုပ်နေသော ရထားလမ်းသည် ဓညဝတီ မြို့တော်ဟောင်း ကိုသာမက ဝေသာလီ မြို့တော်ဟောင်းကိုပါ ဖြတ်ဖေါက်မည် ဖြစ်သဖြင့် နအဖ စစ်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူရေး ရည်မှန်းချက်ထက် ရှေးဟောင်း အမွေအနှစ်များကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်က ပိုရှိနေကြောင်း အများက ခန့်မှန်းပြောဆိုနေကြောင်း သိရသည်။

၎င်းပြင် လက်ရှိဖေါက်လုပ်ထားသော စစ်တွေ-ရန်ကုန် ကားလမ်းမှာ သွားလာ၍ မရအောင် ပျက်စီးနေသော်လည်း ကားလမ်းကို တိုးတက်ကောင်းမွန်အောင် မပြုပြင်ဘဲ နောက်ထပ် ရထားလမ်း တစ်ခုကို ဖေါက်လုပ်လာခြင်းမှာ နောက်ကွယ်က အကြောင်းအရာ များစွာရှိနေကြောင်း စစ်တွေမှ ရဟန်းပျိုတစ်ပါးမှ သုံးသပ် ပြောကြားသည်။

Most read this week