ဒေါ်စု လေဘေး ကူငွေ ကမကထလုပ် ဖြန့်ဝေသူများ အဖွဲ့ မြေပုံသို့ ရောက်ရှိ

ဒေါ်စု လေဘေး ကူငွေ ကမကထလုပ် ဖြန့်ဝေသူများ အဖွဲ့ မြေပုံသို့ ရောက်ရှိ

ဦးအေးသာအောင် ဦးဆောင်သော ဒေါ်စု ကူညီငွေများကို ဖြန့်ဝေ နေသော လေဘေး ကူညီရေး အဖွဲ့သည် ယမန်နေ့ ညနေက ကျောက်ဖြူမှ တဆင့် မြေပုံမြို့သို့ ရောက်ရှိလာ ...

ဦးအေးသာအောင် ဦးဆောင်သော ဒေါ်စု ကူညီငွေများကို ဖြန့်ဝေ နေသော လေဘေး ကူညီရေး အဖွဲ့သည် ယမန်နေ့ ညနေက ကျောက်ဖြူမှ တဆင့် မြေပုံမြို့သို့ ရောက်ရှိလာသည်။

ရခိုင်လေဘေးသင့်ပြည်သူများ အကူအညီရ ဆန်အိတ်များကို သယ်ယူနေစဉ် (ဓါတ်ပုံ- ဝတီကြေးမုံ)သူတို့ အဖွဲ့သည် ကျောက်ဖြူမြို့နယ် လေဘေးသင့် ပြည်သူများအား အကူအညီပေးပြီးနောက် ယမန်နေ့က မော်တော်ဘုတ် တစီးဖြင့် မြေပုံမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဦးအေးသာအောင်က "မြေပုံ မြို့နယ်ကတော့ အဓိက လေဘေး ဒဏ်ကို ခံခဲ့ရတဲ့ မြို့နယ်ဆိုတော့ အပျက်အစီးတွေ အရမ်းများပါတယ်။ အစားအစာ အပြင် အမိုးအကာတွေကိုပါ မြေပုံမြို့နယ်မှာ ဖြန့်ဝေသွားဖို့စီစဉ်ထားပါတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့တွင် ကူညီခဲ့ပုံနှင့် ပတ်သက်ပြီးလည်း ဦးအေးသာအောင်က ယခုကဲ့သို့ ပြောသည်။

"ကျောက်ဖြူမှာက အိမ်တွေ အပျက်အစီး သိပ်မရှိဘူး။ သူတို့ အဓိက အခက်အခဲတွေ့နေရတာက အစားအစာ ပြဿနာပါ။ စပါးခင်းတွေ အကုန်လုံး ပျက်စီးသွားတဲ့အတွက် စားနပ်ရိက္ခာ သူတို့မှာ လုံးဝ မရှိဘူး။ ဒါကြောင့် အကူအညီပေးတဲ့ အဖွဲ့တွေက ထောက်ပံ့တဲ့ ဆန်တွေနဲ့ဘဲ မျှဝေ စားသောက် နေကြရတယ်။"

၎င်းပြင် ကျောက်ဖြူမြို့နယ်ရှိ လေဘေးသင့် ဒေသများတွင် တာတမံများ အားလုံးပျက်စီးသွားသဖြင့် အဆိုပါ တာတမံများကို အချိန်မှီ ပြုပြင်ရန် လိုအပ်နေကြောင်းသူကပြောသည်။

" အဓိက လူထုတွေ စိုးရိမ်နေတာက နောက်နှစ်မှာလည်း စပါး မစိုက်ပျိုးနိုင်ဘဲ အခက်တွေ့ရမှာကို ဖြစ်ပါတယ်။ တာတမံတွေ အကုန်လုံး ကျိုးပျက်သွားတဲ့ အတွက် အဲဒီတာတမံတွေကို အချိန်မှီ ပြန်မဆည်နိုင်ရင် နောင်လာမယ့် မိုးရာသီမှာလည်း စပါး စိုက်ပျိုးနိုင်မှာ မဟုတ်ဘူး။ ဒီနှစ်မှာလည်း လေမုန်တိုင်းကြောင့် စပါးခင်းတွေ အကုန်လုံး ပျက်စီးသွားခဲ့တယ်။ နောင်နှစ်မှာလည်း စပါး မစိုက်ပျိုးနိုင်ဘူးဆိုရင် လူတွေအတွက် အခက်အခဲ အများကြီး ကြံုနိုင်တဲ့ အတွက် လေဘေးသင့် ပြည်သူတွေ အထူးလိုလားနေတာက တာတမံတွေကို ပြန်လည်ဆည်ဖို့ရေးဘဲ ဖြစ်ပါတယ်။"

၎င်းပြင်လယ်သမားများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို ပြန်လုပ်ကိုင်ရန် အရင်းအနှီးငွေများ မရှိသည့် အပြင် မျိုးစပါးများလည်း မရှိဖြစ်နေကြောင်း သိရသည်။

ယခုကဲ့သို့ လယ်သမားများ ဘက်ပေါင်းစုံ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော်လည်း နိုင်ငံတော် အစိုးရပိုင်းက ကူညီမူများ မရှိဘဲ ဖြစ်နေကြောင်း ဦးအေးသာအောင်က ပြောသည်။

"အန်ဂျီအိုတွေကတော့ လာရောက်ကူညီတာတွေ ရှိတယ်လို့ ဒေသခံတွေ ပြောပေမယ့် သူတို့ ဒေသတွေမှာ အစိုးရက လာရောက် ကူညီတာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။"

" ဦးအေးသာအောင် ဦးဆောင်သော လေဘေး ကူညီရေး အဖွဲ့သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို ဒီဇင်္ဘာလ ၁၅ ရက်နေ့ကပင် စတင်ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ထောက်ပံ့သော ကျပ်သိန်း ၁ဝဝ နှင့် တခြား အဖွဲ့ချုပ် အဖွဲ့ဝင်များ ကူညီသော သိန်း ၅ဝ၊ စုစုပေါင်း သိန်း ၁၅ဝကို လေဘေးသင့် ရခိုင်ပြည်သူများအား ဖြန့်ဝေ ပေးနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် လေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေး ပစ္စည်းများကို ဒေသ အာဏာပိုင်များက ၎င်းတို့၏ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်နေသဖြင့် ယခုကဲ့သို့ တိုက်ရိုက် လာရောက် လှူဒါန်းမူ အပေါ် ပြည်သူများက လိူက်လှဲ ဝမ်းသာစွာ ကြိုဆိုကြကြောင်း သတင်း ရရှိသည်။

ဦးအေးသာအောင် ဦးဆောင်သော လေဘေး ကူညီရေး အဖွဲ့တွင် ဦး ထောင်ကိုထန်း၊ ဒေါ်မေဝင်းမြင့်၊ ဦးအောင်ကြည်ဝင်း၊ ကိုမျိုးကျော်တို့ ပါဝင်ကြောင်း သိရသည်။

Most read this week