တရုတ်နိုင်ငံ လောင်ဂျန်းရေကာတာ သစ်ကြောင့် သောင်းနှင့်ချီသော ရှမ်းရွာသားများ ဒုက္ခရောက်

တရုတ်နိုင်ငံ လောင်ဂျန်းရေကာတာ သစ်ကြောင့် သောင်းနှင့်ချီသော ရှမ်းရွာသားများ ဒုက္ခရောက်
by -
စောသိန်းမြင့်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လောင်ဂျန်းမြစ် (ရွှေလီမြစ်)ပေါ်တွင် တည်ဆောက်လိုက်သည့် ရေအား လျှပ်စစ်ထုတ် ရေကာ တာကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးကို မှီခိုအားထား ...

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လောင်ဂျန်းမြစ် (ရွှေလီမြစ်)ပေါ်တွင် တည်ဆောက်လိုက်သည့် ရေအား လျှပ်စစ်ထုတ် ရေကာ တာကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးကို မှီခိုအားထားနေရသည့် သောင်း နှင့်ချီသော ရှမ်းရွာသားများ ဒုက္ခရောက်လျှက်ရှိကြောင်း ရှမ်းလူမှုအဖွဲ့နှစ်ခု၏ အစီရင်ခံစာက ယနေ့ ထုတ်ပြန်ပြောဆိုလိုက် သည်။

Longjiang-Dam“High and Dry (မြင့်တချီ၊ ခမ်းတလှည့်)” အမည်ရှိ အဆိုပါ အစီရင်ခံစာကို ရှမ်းသဘာဝ ပတ်ဝန်းကျင်ရေးရာ အဖွဲ့နှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်းတို့ ပူးတွဲ ထုတ်ဝေခြင်းဖြစ်ပြီး ယနေ့မနက် ၁၀နာရီခွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသား သတင်းထောက်များ ကလပ် (FCCT)နှင့် မွန်းလွဲ ၁ နာရီခွဲတွင် Student Christian Centre ၌ သတင်းစာ ရှင်းလင်းပွဲနှစ်ရပ် ပြုလုပ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ နန်းမွန်းကိန်က ပြောသည်။

သူမက “တရုတ်နိုင်ငံက ရွှေလီမြစ်ပေါ်မှာ ဒီလောင်ဂျန်း ရေကာတာ တည်ဆောက်လိုက်တဲ့အတွက် ရွှေလီမြစ်ကို မှီခိုအားထား နေရပြီး မြစ်အောက်ပိုင်းမှာနေတဲ့ ရှမ်းရွာသူရွာသားတွေဟာ ရေကာတာ ဆောက်လုပ်မှုကြောင့် အများကြီး ဒုက္ခရောက်နေရ တယ်ဆိုတဲ့အကြောင်းကို ရည်ရွယ်ဖော်ပြချင်လို့ ဒီအစီရင်ခံစာကို ထုတ်ပြန်ရတာ ဖြစ်ပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။

စာမျက်နှာ ၂၀မျက်နှာ ပါရှိပြီး ရှမ်း၊ ဗမာ၊ အင်္ဂလိပ်၊ တရုတ်နှင့် ထိုင်း ဘာသာ (၅)ခုဖြင့် ထုတ်ဝေသည့် ၎င်းအစီရင်ခံစာထဲတွင် လောင်ဂျန်းရေကာတာကြောင့် မူဆယ်နှင့် နမ့်ခမ်းအနီး ရွှေလီမြစ်ဝှမ်းတွင် နေထိုင်ကြသည့် ဒေသခံရွာသူရွာသား တစ်သောင်း ကျော်၏ ကြံုတွေ့နေရသည့် ထိခိုက်နစ်နာဆုံးရှုံးမှုများကို ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းမှ နန်းမွန်းကိန်က ယခုလို ဆက်လက်ပြောဆိုသည်။

“ဒီရေကာတာကို ဆောက်လုပ်ခြင်းအားဖြင့် (လှေကူးတို့)အလုပ်ကို အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ရွာပေါင်း ၂၀မှ လူပေါင်း ၁၆,၀၀၀ကျော် အလွန်ဒုက္ခရောက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရေကာတာကြောင့် ရေအတက်အကျပေါ့နော်။ တနေ့မှာ ဆိုရင် ရေအတက်အကျဖြစ်တာရှိတယ်။ တခါတလေဆိုရင် ရေချက်ချင်းခမ်းသွားတော့ ကူးတို့လှေတွေ သောင်တင်နေရ တယ်။ ရေချက်ချင်းလာတဲ့အချိန်မှာဆိုရင် ပစ္စည်းတွေသယ်တဲ့အချိန်မှာ ပစ္စည်းတွေ အကုန်လုံး ရေမြှုပ်သွားတာလည်း ရှိ တယ်။”ဟု ပြောသည်။

ရွှေလီမြစ်ကို မှီခိုရပ်တည်နေရသည့် ဒေသခံရွာသားတဦးက “ကျနော်တို့ ရွာသားတွေက ဒီမြစ်မှာနေ၊ ဒီမြစ်မှာစား၊ ဒီမြစ်မှာ အလုပ်လုပ်နေကြရတဲ့သူတွေပါ။ အခုလို မြစ်ရေချက်ချင်းကြီး တက်လာလိုက်ကျလိုက်ဖြစ်နေတော့ ကျနော်တို့ လုပ်ကိုင်စား သောက်လို့ မရတော့ဘူး။”ဟု ၎င်းအစီရင်ခံစာထဲတွင် ပြောဆိုထားသည်။

အဆိုပါ ရေကာတာကို တရုတ်အစိုးရမှ ပြီးခဲ့သည့် ၂၀၀၆ခုနှစ်က စတင်ခဲ့ကာ တရုတ်-မြန်မာနယ်နိမိတ် ရွှေလီမြစ်၏ အထက် ပိုင်း ကီလိုမီတာ ၃၀ခန့်တွင် တည်ဆောက်ထားပြီး အမြင့်ပေ ၁၁၀နှင့် ရေအားလျှပ်စစ် ၂၄၀ မဂ္ဂဝပ်ဖြင့် ယခုနှစ် ၂၀၁၀နှစ် လယ်တွင် တည်ဆောက်မှု ပြီးစီးသွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံသည့် ၎င်းတို့နိုင်ငံအတွင်းဘက်ရှိ သံလွင်မြစ်ပေါ်တွင် ရေကာတာ ၁၃ခု တည်ဆောက်ရန် စီစဉ်ထားသ လို မြန်မာပြည်ထဲရှိ ရွှေလီဆည်နှင့် (တရုတ်နိုင်ငံရှိ) ယူနန်၊ သက်လုံနောင်လင်းနှင့် ဟိုလင်းဆည်တို့ကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးမှုများအကြောင်းကိုလည်း ၎င်းအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

အစီရင်ခံစာ၏ သတင်းထုတ်ပြန်ချက်တွင် ရေကာတာကြောင့် ဖြစ်လာသည့် ရိုက်ခတ်မှုများကို စုံစမ်းစစ်ဆေးပေးရန်အပြင် ရိုက်ခတ်မှုများ နည်းနိုင်သမျှ နည်းသွားစေရေး လုပ်ဆောင်ပေးပါရန် ဒေသခံများက တရုတ်အစိုးရ အာဏာပိုင်များထံသို့ အပူ တပြင်း တောင်းဆိုထားသလို ယခု အစီရင်ခံစာ ရေးသားသူများကလည်း တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့ ဆက်လက် ဆောက် လုပ်မည့် ရေကာတာများရှိပါက နယ်နိမိတ်ဖြတ်ကျော် ရိုက်ခတ်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်များ လုပ်သင့်ကြောင်း မေတ္တာ ရပ်ခံနေကြသည်။

ရှမ်းသဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့မှ စိုင်းစိုင်းက “ရေကာတာကြောင့် ဖြစ်လာမယ့် ရိုက်ခတ်မှုဆိုင်ရာ ဆန်းစစ်လေ့လာချက် တွေကို နိုင်ငံနယ်နိမိတ်ကို မကြည့်ဘဲ မြစ်ကြောင်းတစ်လျှောက်လုံးအတွက် လုပ်ဆောင်သင့်ပါတယ်။ လောင်ဂျန်းဖြစ်ဖြစ်၊ မဲ ခေါင်ဖြစ်ဖြစ်၊ သံလွင်ဖြစ်ဖြစ် တရုတ်နိုင်ငံအနေနဲ့ ဒီမြစ်တွေအပေါ်မှာ အမှီပြုနေရတဲ့ လူမှုအသိုင်းအဝန်းတွေအပြင် ကျနော်တို့ တွေအားလုံး မျှဝေပိုင်ဆိုင်ကြတဲ့ ဒီမြစ်တွေရဲ့ ဇီဝပြည့်စုံမှုကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ဟု ဆိုသည်။

ရှမ်းလူမှုအဖွဲ့အစည်း နှစ်ခု ပူးပေါင်းကာ ထုတ်ဝေသော ရှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာမှာ ယခုတကြိမ်သည် ပထမဦးဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။