အပိုင်စီးခံရ ဘင်္ဂလာဒေချ့် သင်္ဘော ပြန်ပေးငွေ ဒေါ်လာ ၉ သန်းတောင်း

အပိုင်စီးခံရ ဘင်္ဂလာဒေချ့် သင်္ဘော ပြန်ပေးငွေ ဒေါ်လာ ၉ သန်းတောင်း
by -
နိရဥ္စရာသတင်း

အိန္ဒိယ နိုင်ငံတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် ဒီဇင်္ဘာလ ၅ ရက်နေ့က ဆိုမာလီ ဓါးပြများ၏ ပြန်ပေးဆွဲခံရသော ဘင်္ဂလာဒေချ့် သင်္ဘောကို ပြန်ပေးငွေ အမေရိကန် ဒေါ်လာ ၉ သန်း တောင်းခံ ...

အိန္ဒိယ နိုင်ငံတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် ဒီဇင်္ဘာလ ၅ ရက်နေ့က ဆိုမာလီ ဓါးပြများ၏ ပြန်ပေးဆွဲခံရသော ဘင်္ဂလာဒေချ့် သင်္ဘောကို ပြန်ပေးငွေ အမေရိကန် ဒေါ်လာ ၉ သန်း တောင်းခံထားကြောင်း သတင်း ရရှိသည်။

 သင်္ဘော MV Jahan Moniပင်လယ်ဓါးပြများက ယမန်နေ့ (တနင်္လာနေ့) က သင်္ဘောနှင့် သဘောင်္သား ၂၆ ဦး လွတ်မြောက်ရေး အတွက် ပြန်ပေးငွေ အမေရိကန် ဒေါ်လာ ၉ သန်း တောင်းခံထားသည်ဟု သင်္ဘောကို ပိုင်ဆိုင်သော ကုမ္ပဏီက ပြောသည်။

ပြန်ပေးဆွဲခံရသော ဘင်္ဂလာဒေချ့် သင်္ဘောမှာ MV Jahan Moni ဖြစ်ပြီး စင်္ကာပူနိုင်ငံမှ စူးအက်တူးမြောင်းကို ဖြတ်သန်းကာ ဥရောပနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ရန် ခုတ်မောင်းလာစဉ် အိန္ဒိယ ကမ်းလွန်မှ မိုင် ၁၈၅ အကွာ လက်ရှာဝီ ကျွန်းစုတွင် ဓါးပြများ၏ အပိုင်စီးခြင်းကိုခံရခြင်း ဖြစ်သည်။

ယမန်နေ့ နေ့လည် ၂ နာရီတွင် သင်္ဘောပေါ်တွင် ပါသွားသူ ဘင်္ဂလာဒေချ့် သင်္ဘောသားများနှင့် ဖုံးမှ တဆင့် ဆက်သွယ် ရရှိရာမှ ဓါးပြများမှ ပြန်ပေးငွေ ဒေါ်လာ ၉ သန်းတောင်း ခံထားကြောင်း ပြောသည်ဟု သင်္ဘော ကုမ္ပဏီ မန်နေဂျာက ပြောသည်။

သင်္ဘောသားများ အနေဖြင့် သက်ဆိုင်ရာ မိသားစုများနှင့် တနင်္ဂနွေနေ့မှ စတင် အဆက် အသွယ်ရခဲ့ပြီး သင်္ဘောပေါ်တွင် ဆိုမာလီ ဓါးပြ ၅၀ ခန့် တက်ရောက် စောင့်ကြပ်နေသည်ဟု ပြောသည်။

ဓါးပြများသည် သင်္ဘောပေါ်တွင် ပါလာသူ သင်္ဘောအင်ဂျင်နီယာချုပ်၏ ဇနီးကိုလည်း ဖမ်းဆီး ထိ်န်းသိမ်းထားသည်ဟု သိရသည်။

Most read this week