ရတပ မြို့နယ်ခွဲရုံး မောင်တောတွင် ဖွင့်လှစ်

ရတပ မြို့နယ်ခွဲရုံး မောင်တောတွင် ဖွင့်လှစ်
by -
နိရဥ္စရာသတင်း

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) ၏ မောင်တောမြို့နယ် ခွဲရုံးကို ယနေ့နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သတင်း ရရှိသည်။ ...

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) ၏ မောင်တောမြို့နယ် ခွဲရုံးကို ယနေ့နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သတင်း ရရှိသည်။

Clock-Tower-in-Maungdowမောင်တောမြို့ခံ တစ်ဦးက “ ရုံးဖွင့်ကို ယနေ့နံနက် ၉ နာရီက ရုံးခန်းမနေရာ ဖြစ်တဲ့ မောင်တော အမှတ် ၄ ရပ်ကွက်က မိုးပုလဲ စားသောက်ဆိုင် အပေါ်ထပ်မှာ ပြုလုပ်ပါတယ်။ မြို့သူမြို့သားတွေ အများအပြား တက်ရောက်တဲ့ အတွက် ရုံးခန်းမှာ လူမဆံ့အောင် ဖြစ်ခဲ့ရပါတယ်” ဟု ပြောသည်။

၎င်းပြင် ရတပ ပါတီ၏ မောင်တောမြို့နယ် ဥက္ကဌ အဖြစ် ဦးသိန်းထွန်း၊ ဒုဥက္ကဌ အဖြစ် ဦးမောင်အုန်းနှင့် အတွင်းရေးမှူး အဖြစ် ဦးမောင်ကျော်စိန်နှင့် အလုပ်အမူဆောင် ကော်မီတီ ၁၅ ဦးကို ရွှေးချယ် တင်မြှောက်ခဲ့ကြသည်။

“ ဆိုင်းဘုတ်ကို မနေ့ကတည်းက တင်ထားပြီး ဒီကနေ့မှာဘဲ ရုံးခန်းဖွင့်ပွဲနဲ့ ဆိုင်းဘုတ် တင်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဗဟိုက လူကြီးတွေလာရောက် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ မြို့သူ မြို့သားတွေကတော့ ခုလို ကိုယ့်အမျိုးသား ပါတီက မောင်တောမှာ ရုံးလာဖွင့်တော့ အထူး တက်ကြွနေကြရပါတယ်” ဟု ပြောသည်။

ရတပ ဗဟိုမှ တာဝန်ရှိသူများ ဖြစ်ကြသည့် သံတွဲ ဦးတင်ဝင်း ( ဒုဥက္ကဌ)၊ ဦးစောဖြူ (ဒုဥက္ကဌ)၊ ဦးခိုင်ပြည်စိုး ( အတွင်းရေးမှူး အဖွဲ့ဝင်)၊ ဦးအောင်မြကျော် (စစ်တွေမြို့နယ် ပြည်နယ်အမတ်)နှင့် ဦးကျော်မောင်တို့ လာရောက်ပြီး ရုံးကို ဖွင့်လှစ်ပေးခဲ့ကြခြင်းဖြစ်သည်။

ရတပ ပါတီသည် ရွှေးကောက်ပွဲ မတိုင်မှီက မြို့နယ်ခွဲရုံးများ မဖွင့်လှစ်ခဲ့ရသော အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင်လည်း ရုံးခွဲများကို များမကြာမှီ ဖွင့်လှစ်သွားမည်ဟု သိရသည်။

မောင်တောမြို့နယ် ရုံးဖွင့်ပွဲကို ထောက်လှမ်းရေးများနှင့် ဒေသ အာဏာပိုင်များက တစုံတရာ နှောင့်ယှက်မူများ မရှိကြောင်း သိရသည်။

Most read this week