ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ပေါ်ပြည်သူများအနေနဲ့လာမည့်နှစ်သစ်တွင် သတ်မှတ်ပေးထားသော သင်္ချိူင်းကုန်း အသစ်ကိုအသုံးပြုရန်အတွက် မြို့နယ် စည်ပင်သာယာရေးဌါနက အမိန့်ထုတ် ...
ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ပေါ်ပြည်သူများအနေနဲ့လာမည့်နှစ်သစ်တွင် သတ်မှတ်ပေးထားသော သင်္ချိူင်းကုန်း အသစ်ကိုအသုံးပြုရန်အတွက် မြို့နယ် စည်ပင်သာယာရေးဌါနက အမိန့်ထုတ်လိုက်သည်။
စည်ပင်သာယာရေးဌါနက မြို့သာယာရေးကိုရှေ့ရှုတယ်ဆိုပြီး ဟားခါးမြို့မှအနောက်ဘက် ၄ ဖာလုံခန့်ဝေး သည့်မြို့ပြင် တွင်သင်္ချိူင်းကုန်းမြေနေရာအသစ်တခု သတ်မှတ်လိုက်ခြင်းဖြစ်ပြီး လာမည့် ၂၀၁၁ခုနှစ်မှစ၍ လက်ရှိအသုံးပြု နေကြသည့် မြို့တွင်းသင်္ချိူင်းများကိုအသုံးပြုခွင့်ရှိတော့မည်မဟုတ်ကြောင်းသိရသည်။ သို့သော်င်္သချိုင်းကုန်းဟောင်းကို မည်သို့ဆက် လက်လုပ်ဆောင်မည်ကိုမူ မသိရသေးပေ။
ဟားခါးမြို့ပေါ် ရပ်ကွက်ကြီး ၆ ခုရှိ သင်္ချိူင်းကုန်းများကို အသုံးပြုခွင့်ပိတ်ပင်ကာ ယခုကဲ့သို့ မြို့အပြင်ဘက်တနေရာ တွင် ပြောင်းရွေ့သတ်မှတ်လိုက်သည့်အတွက် အသုဘချရာတွင် အခက်အခဲများနှင့်ရင်ဆိုင်လာနိုင်ကြောင်းဟားခါးမြို့ခံ ကပြော သည်။
“အခက်အခဲတွေကတော့ဖြစ်လာနိုင်တယ်…ဘာလို့လည်းဆိုတော့ ကားနဲ့ဘဲသဂြိုလ်ရမယ့်ပုံဖြစ်နေတော့ တောင်ပေါ်မှာ တော့ ဆင်းရဲတဲ့သူများတယ်၊ပြီးတော့ကား လည်းရှားတယ်ဆိုတော့ အခက်အခဲတွေကတော့ကြံုတွေ့လာနိုုင်ပါတယ်”ဟု ဟားခါးမြို့ခံကပြောသည်။
သင်္ချိူင်းကုန်းပြောင်းရွေ့သည့်အပေါ် ပြည်သူများအနေဖြင့် သိပ်မလိုလားကြသော်လည်း သူတို့အနေနဲ့ တစုံတရာ တတ် နိုင်ခြင်းမရှိသည့်အတွက်စည်ပင်သာယာရေး ဌါန၏အမိန့်အတိုင်း လိုက်နာရုံသာရှိသည်ဟု ပြောဆိုနေကြကြောင်း သူက ဆက်ပြောသည်။
“ မြို့နဲ့ဝေးတော့ အသုဘ ချတဲ့နေရာမှာအခက်အခဲရှိလာနိုင်ပေမဲ့ တဖက်မှာလည်းမြို့ပေါ်မှာ သင်္ချိူင်း ကုန်းမရှိ တော့ဘူးဆိုတော့ အဲဒါလည်းကောင်းပါတယ်”ဟု ဟားခါးမြို့ခံလူငယ်တဦးကပြောသည်။
ယခုသတ်မှတ်ထားသည့် သင်္ချိူင်းကုန်းအသစ် မြေနေရာသည်အစိုးရပိုင်မြေနေရာဖြစ်သည်ဟုသိရပြီး အကျယ်အဝန်း ၁၀ ဧကကျော်ခန့်ရှိသည်ဟုသိရသည်။
လွန်ခဲ့သည့် ၂၀၀၆ – ၂၀၀၇ ခုနှစ်တုန်းက မတူပီမြို့ရှိ င်္သချိုင်းကုန်းနေရာကိုအာဏာပိုင်တွေက ဖျက်သိမ်းပြီး ဂေါက်ကွင်းအဖြစ် ပြင်ဆင်အသုံးပြုခဲ့ပြီးဖြစ်သည်။ အသုဘအရိုးစု တွေကိုလည်း ကာယကံရှင်ဆွေမျိုးများကိုယ်တိုင်ပြန် လည်တူးဖော်ခိုင်းခဲ့သည်။