ဒီချုပ် ရခိုင်ပြည်နယ်စည်း တွဲဘက် အတွင်းရေးမှူး ဦးသိန်းလိူင်နှင့် တွေ့ဆုံ မေးမြန်းချက်

ဒီချုပ် ရခိုင်ပြည်နယ်စည်း တွဲဘက် အတွင်းရေးမှူး ဦးသိန်းလိူင်နှင့် တွေ့ဆုံ မေးမြန်းချက်
by -
နိရဥ္စရာ

ဒေါ်အောင်ဆန်းစုကြည်မှ ရခိုင်လေဘေးအတွက် ကူညီသော ကျပ် ၃၉ သိန်းကို လေဘေးသင့် ပြည်သူများထံသို့ နိုဝင်္ဘာလ ၃ဝ နေ့မှ ဒီဇင်္ဘာလ ၂ ရက်နေ့ထိ တိုက်ရိုက် သွားရောက်လှူဒါန်းခဲ့သူ အဖွဲ့ချုပ် ရခိုင်ပြည်နယ်စည်း တွဲဘက် အတွင်းရေးမှူး ဦးသိန်းလိူင်နှင့် တွေ့ဆုံ မေးမြန်းချက်

ဒေါ်အောင်ဆန်းစုကြည်မှ ရခိုင်လေဘေးအတွက် ကူညီသော ကျပ် ၃၉ သိန်းကို လေဘေးသင့် ပြည်သူများထံသို့ နိုဝင်္ဘာလ ၃ဝ နေ့မှ ဒီဇင်္ဘာလ ၂ ရက်နေ့ထိ တိုက်ရိုက် သွားရောက်လှူဒါန်းခဲ့သူ အဖွဲ့ချုပ် ရခိုင်ပြည်နယ်စည်း တွဲဘက် အတွင်းရေးမှူး ဦးသိန်းလိူင်နှင့် တွေ့ဆုံ မေးမြန်းချက်

နိရဥ္စရာ။ ။ အခု ကိုသိန်းလိူင်တို့က ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ လှူဒါန်းတဲ့ ကျပ် ၃၉ သိန်းကို ဘယ်မြို့နယ်တွေကို သွားရောက်လှူဒါန်းခဲ့ပါသလဲ ခင်ဗျား။

suu-kyi-aid-for-cyclone-giri-Arakanဖြေ။ ။ ကျနော်တို့ နိုဝင်ဘာ ၂၄ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်က ကျပ် ၃၉ သိန်း လွဲအပ်ပါတယ်။ ကျပ် ၃၉ သိန်းအပြင် ကျနော်တို့ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသန်းထွန်းက ကျပ်ငွေ ၅ သောင်း ရှမ်းပြည်နယ်က ဒေါ်ခင်မိုးမိုး၊ ဒေါ်သန်းငွေ၊ ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်တို့လည်းဘဲ အဝတ် အထည်တွေကို ထည့်ပေးလိုက်ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ကျနော်တို့ စထွက်တယ်။ နိုဝင်ဘာ ၃ဝ ရက်နေ့က စပြီးတော့ ဒီဇင်ဘာ ၂ ရက်နေ့ထိ မြေပုံနဲ့ ပေါက်တော မြို့နယ်တွေက ရွာပေါင်း ၆ ရွာကို သွားရောက် လှူဒါန်း ခဲ့ပါ တယ် ခင်ဗျား။ အဲဒီရွာတွေကတော့ ပေါက်တော မြို့နယ်မှာ သဲတွေ၊ ကင်းရွှေ၊ ကွမ်းချိုင် ရွာရယ်၊ နောက်ပီး မြေပုံမြို့နယ်က အမျှက်ထွက်၊ သဲချောင်း ရွာဟောင်း၊ သဲချောင်းရွာသစ် တို့ ဖြစ်ပါတယ်။ အဲဒီလို လှူတဲ့နေရာမှာ ကျနော်တို့ တအိမ်ထောင်ကို ငွေ ငါးထောင်နဲ့ ဆန် ငါးပြည် ကျစီ လှူခဲ့ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ဆေး၊ ရေသန့်ဆေးပြား၊ အဝတ်တို့ လည်း လှူနိုင်ခဲ့ပါတယ်။ လှူတဲ့ နေရာမှာ ကျနော်တို့က ကျေးရွာသားတွေကို ခေါ်လိုက်တယ်။ ခေါ်လိုက်ပြီးတော့ အဲဒီမှာရှိတဲ့ နယ်မြေဒေသခံ တပ်မတော်သားတွေ ရှိတယ်၊ ရယကတွေရှိတယ်။ အကုန်လုံး အိမ်ထောင်စု စာရင်းတွေ တောင်းတယ်။ ညှိနိုင်းပြီး လူတွေခေါ်တယ်။ ခေါ်ပြီးတော့ ကျနော်တို့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လာတာဖြစ်တယ်။ ဒီအလှူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လှူတဲ့အလှူတွေ ဖြစ်တယ် ဆိုပြီးတော့ ကျနော်တို့ အသိပေးပါတယ် ခင်ဗျား။ ပေးတဲ့အခါမှာ လူတွေကလည်း တော်တော်ပျော်ရွင်ကြတယ်။ ဒေါ်စုကိုယ်တိုင် လှူတယ်ဆိုတဲ့ အသိလေးဟာ သူတို့ကို ပိုပြီး ပီတိဖြစ်စေတယ်။ အဲဒီလို လုပ်ပြီးတဲ့ အခါမှာ တအိမ်ထောင်စီကို ကျနော်တို့ က စာရင်းဇယားနဲ့ တဦးချင်း လက်မှတ်ထိုးပြီးတော့ ကျနော်တို့ လှူတယ်။ လှူပြီးတဲ့အခါမှာ ကျေးရွာရယက လူကြီးတွေကိုလည်း မှန်ကန်ကြောင်း ထပ်ဆင့် လှက်မှတ်ထိုးပြီးတော့မှ ကျနော်တို့က စနစ်တကျ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

နိရဥ္စရာ။ ။ လေဘေးသင့် ဒေသတွေကို ကိုယ်တိုင် သွားရောက် အကူညီပေးခဲ့တယ်ဆိုတော့ လေဘေးသင့် လူထုတွေရဲ့ နောက်ဆုံး အနေထားကို ဘယ်လို တွေ့ခဲ့ရပါလဲ။

ဖြေ။ ။ လက်ရှိအနေထားအရတော့ အရေးပေါ်အခြေအနေမှာဘဲ ရှိနေသေးတယ်။ မြို့ပေါ်ရပ်ကွက်နဲ့ သွားလာရေး အဆင်ပြေတဲ့ နေရာတွေမှာ စားရေးသောက်ရေး အဆင်ပြေတယ် ဆိုရပေမယ့်လို့ ကျနော်တို့ ရွာအတော်များများပေါ့လေ-- ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော မြို့နယ်က အဲဒီ ရွာ အတော်များများမှာ တော့ တနေ့ စာဘဲ ဆန်ရှိတာ တွေ့ရပါတယ်။ ကျနော်တို့ ဆီမှာလည် လာတောင်းကြတဲ့ ရွာတွေ မနည်း ဘူး ခင်ဗျား။ ထမင်းငတ်နေတဲ့ ကြားထဲက တချို့ ရွာတွေဆို သောက်သုံးရေ လုံးဝ မရှိတဲ့ ရွာတွေလည်း ရှိတယ်။ အဲဒီ ရွာတွေကတော့ မြေပုံမြို့နယ်မှာ ဆိုရင် ရေနီကြီး၊ သင်းပေါင်းချောင်း၊ ဝါးဘော်ကြီး အဲဒီ ရွာတွေဖြစ်တယ်။ မုန်တိုင်းကြောင့် စာသင်ကျောင်းတွေလည်း ပျက်စီးသွားလို့ ဒီနေ့ထိ စာမသင်ရတဲ့ ရွာတွေလည်း တွေ့ရတယ်။ တချို့ရွာတွေမှာ ကျတော့ တဲထိုးပြီး တော့ ကလေးတွေ စာသင်နေတာကို တွေ့ရတယ်။ နောက်တခုက မုန်တိုင်းရဲ့ နောက်ဆက်တွဲ ပြသာနာ ဖြစ်တဲ့ စီးပွားရေး အဆင်မပြေမှုတွေကြောင့် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေဟာ ကျောင်းမတက်ဘဲ ကျောင်းက ထွက်လိုက်ရတာလည်း တွေ့ခဲ့ရပါတယ်။ နောက်တခုက ဝမ်းရောဂါ ဖြစ်ပွားနေတာလည်း ကျနော်တို့ တွေ့ခဲ့ရတယ်။ အထူးသဖြင့် ကျောက်ဖြူ မြို့နယ်နဲ့ မြေပုံမြို့နယ်မှာ ပြင်းထန်လာတာကို တွေ့ရတယ်။ သေဆုံးမှုတွေ ရှိတယ်လို့လည်း သိရတယ်။ နောက်တခါ လုံးဝ ကျနော်တို့ တွေ့ခဲ့ရတဲ့ ရွာတွေရှိသေးတယ်။ အဲဒါက ဘယ်မီဒီယာ မှ သတိမထားမိတဲ့ အချက်လေးပေါ့ ခင်ဗျာ။ အမ်းမြို့နယ်မှာ ရွာတော်တော်များများလည်း ပျက်စီးနေတာကို ကျနော်တို့ တွေ့ခဲ့ရတယ်။ လာပြီးတော့ အကူညီ တောင်းခံတာလည်း တွေ့ခဲ့ရပါတယ်။

နိရဥ္စရာ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဘယ်အတိုင်းအတာထိ လေဘေးသင် ့ပြည်သူတွေကို လူဒါန်း ကူညီတာ ရှိပါသလဲ။ အဓိက အားဖြင့် ဘယ်ပစ္စည်းတွေကို လှူဒါန်းခဲ့ပါသလဲ။

ဖြေ။ ။ ကျနော်တို့က ၂ဝ၁ဝ နိုဝင်ဘာလ ၂ ရက် နေ့မှာ ရခိုင်ပြည်နယ် အဖွဲ့ချုပ်က နေပြီးတော့ မုန်တိုင်းသင့် ပြည်သူတွေ ကူညီကယ်ဆယ်ရေး ယာယီကော်မတီကို အဖွဲ့ဝင် ၁၅ ဦး ပါပြီးတော့ ဖွဲ့စည်း ခဲ့ပါတယ်။ အဲဒီက စပြီး ကျနော်တို့ နိုင်ဝင်ဘာလ ၂ ရက် ၃ ရက်နေ့မှာ ကျောက်ဖြူ မြို့နယ်မှာ ကျနော်တို့ ရွာ ၆ ရွာကို သွားရောက်ပြီး မုန်တိုင်းသင့် ပြည်သူတွေကို ဆန်အိတ် ၁ဝဝ လှူခဲ့ပါတယ်။ အဲဒီရွာတွေက တောင်ရင်း၊ ဆားပြင်ကွင်း၊ ဥက္ကာသိမ်၊ လောဒတ်၊ အဆိုင်းကြီး၊ တန်းခရုတ် ရွာတွေဖြစ်တယ်။ ကျနော်တို့ ကော်မတီကဘဲ ဒုတိယ အကြိမ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ မြေပုံမြို့နယ်မှာ ရွာ ၄ ရွာ ဆန်အိတ် ၁ဝဝ နီးပါး နဲ့ အဝတ် ၅ ထုတ် လှူခဲ့တယ်။ အဲဒီရွာတွေကတော့ ငပသုန်၊ ရေနီကြီး၊ သင်းပေါင်းချောင်း၊ ဝါးဘော်ကြီး ရွာတွေဖြစ်တယ် ခင်ဗျား။ ဒီလှူဒါန်းတဲ့ နေရာမှာ ထူးခြားတာကတော့ တောင်ကုတ်မြို့နယ် ဘုရွှေမော် ရွာကနေပြီးတော့ ဆန်အိတ် ၂ဝ နဲ့ ကြိုကိုင်း ရွာက ဆန် ခြောက်အိတ်နဲ့ အဝတ် ၅ ထုတ်ကို ကျနော်တို့နဲ့ အတူလာပြီးတော့ မုန်တိုင်းသင့် ပြည်သူတွေ အတွက် တပါတည်း လာလှူ ပါတယ် ခင်ဗျား။

နိရဥ္စရာ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သွားရောက်လှူဒါန်းတဲ့ အခါမှာ သက်ဆိုင်ရာ အာဏာပိုင်တွေတို့၊ စစ်တပ်နဲ့ ရယကတို့က ဘယ်လို တုန့် ပြန်မှုတွေ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ကို သက်ဆိုင်ရာ အာဏာပိုင်တွေရယ်၊ တပ်မတော်သားတွေရယ်၊ ရယက အဖွဲ့ဝင်တွေနဲ့ ဂေါပက အဖွဲ့တွေက ဘာမှ ဟန့်တား နှောင့်ယှက်မှုမျိုး မရှိပါဘူး။ မြို့ပေါ် နေရာတွေ ဖြစ်တဲ့ ကျောက်ဖြူမြို့နဲ့ မြေပုံမြို့တို့မှာတော့ စောင့်ကြည့်တဲ့ သဘောတော့ ရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂိုလ်တွေတော့ စောင့်ကြည့်တာရှိတယ်။ နယ်တွေမှာ သွားလှူတဲ့ အခါမှာတော့ ဘာမှ အနှောင့်အယှက် မရှိပါဘူး။

နိရဥ္စရာ။ ။ ဂီရိသင့် ပြည်သူတွေကိုကော စစ်အစိုးရဘက်က ဘာတွေ ကူညီပေးနေတာတွေ ရှိနေသလဲ။ မျက်မြင် ဘယ်လို တွေ့ခဲ့ရတယ်ဆိုတာ ပြောပြပေးပါလား။

ဖြေ။ ။ ကျနော်တို့ မြင်ရတာက အလှူရှင်တွေ အနေနဲ့ မြို့ပေါ်နဲ့ သွားလာရ လွယ်ကူတဲ့ နေရာတွေမှာဘဲ တွေ့ရတယ်။ NGO တွေကလည်း မြို့မှာ ရုံးစိုက်ထားတာ တွေ့ပါတယ်။ ဒါပေမဲ့ နယ်တွေမှာ အထူးသဖြင့် မြေပုံမြို့နယ်မှာ ဆိုရင် ကျနော်တို့ ကယ်ဆည်ရေး အဖွဲ့တွေဟာ မော်တော်နဲ့သွားရင် မြစ်ပြင်မှာ မော်တော်ဘုတ်တွေကို ရပ်ထားပြီး ချောင်းထဲကို ကျဉ်းကျဉ်းကျပ်ကျပ် လှေတွေနဲ့ ဝင်ပြီးတော့ ရွာတွေကို တနာရီလောက် သွားပြီးတော့ ကူရတာရှိတယ်။ ကျနော်တို့ဆိုရင် ပေါက်တောကို အသွားမှာ ကျောက်တန်း တစ်ခုပေါ်ကို ဖြတ်မိတဲ့ အတွက်မို့လို့ မော်တော် တစီးလုံး ပျက်စီးပြီး လူတွေ သေမယ့် အနေထားမျိုးထိ ကျနော်တို့ ရင်ဆိုင်ခဲ့ရတယ်။ ဒီလို အခက်ခဲမျိုးတွေ ရှိနေတဲ့ အတွက်မိုလို့လည်း ကျေးလက် တောရွာတွေမှာ အကူအညီတွေ မရောက်ရှိတာဖြစ်ပါတယ်။ မရောက်တဲ့ အခါမှာ အဲဒီမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေနဲ့ သံဃာတော်တွေ အပါအဝင် သူတို့က မြို့တွေကို သွားပြီးတော့ တနေ့ကို ဆန်နို့ဆီ ၂ လုံး ၃လုံး ရဖို့အတွက် လုပ်ပေးနေတာတွေ၊ ကူညီ တောင်းပေးနေရတာတွေ ရှိပါ တယ်။ တခြားကယ်ဆယ်ရေး လုပ်ငန်းနဲ့ ပတ်သတ်လို့တော့ မကြား ရပါဘူး။ သူတို့ ပြောတဲ့ အတိုင်းဘဲ ကျနော် ပြန်ပြောတာပါ။

နိရဥ္စရာ။ ။ လေဘေးသင့် ပြည်သူတွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ရခိုင် ပြည်နယ်) အနေနဲ့ နောက်ထပ် သွားလှူမည့် အစီစဉ်များရှိပါသလား။

ဖြေ။ ။ ဟုတ်ကဲ့။ ကျနော်တို့ ဆက်တိုက် သွားလှူမှာပါ။ ကျနော်တို့ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကိုက ကျနော်တို့ဟာ ပ့ံပိုး ကူညီမဲ့သူတွေဖြစ်တယ်။ ကိုယ်တိုင် သွားလှူမယ့် အလှူရှင်တွေလည်း ရှာဖွေမယ်။ နောက်ပြီးတော့ ပြည်တွင်း ပြည်ပက လာလှူတဲ့ အလှူရှင်တွေကိုလည်း သူတို့ကိုယ်တိုင်သွားရင်လည်း ကျနော်တို့က လိုက်ပါကူညီဆောင်ရွက်ပေးမယ်။ ကျနော်တို့ အဖွဲ့ချုပ် ဗဟိုကဖြစ်စေ၊ ကျနော်တို့ ပြည်နယ်က ဖြစ်စေ လှူဒါန်းတဲ့ နေရာမှာလည်းကျနော်တို့ စနစ်တကျ လုပ်မေးမယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်တဲ့ အတွက်ကြောင်း ကျနော်တို့ တစိုက်မတ်မတ် ပြန်လည်ထူထောင်ရေးကာလ ပြီးဆုံးတဲ့ အထိ ကျနော်တို့ ကူညီပံ့ပိုးသွားမှာ ဖြစ်ပါတယ်။

နိရဥ္စရာ။ ။ အခု အကူညီတွေကို ဘယ်လို နာမည် အဖွဲ့ကို သုံးပီး လှူဒါန်းနေတာပါလဲ ။

ဖြေ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့့ချုပ် ( ရခိုင်ပြည်နယ်) ဂီရိမုန်တိုင်းသင့် ပြည်သူများ ကယ်ဆည်ရေးနဲ့ ပြန်လည် ထူထောင်ရေး ကူညီပေးရေး ကော်မတီ ဆိုပြီးတော့ ကျနော်တို့ ဖွဲ့ထားတာ ရှိပါတယ်။ အဲဒီနာမည်နဲ့ သွားရောက် ကူညီပေးနေတာ ဖြစ်ပါတယ်။

နိရဥ္စရာ။ ။ ပြည်နယ် အဆင့်နဲ့ ဖွဲ့စည်းထားတာလား။ တနိုင်ငံလုံး အတိုင်းတာရ ဖွဲ့စည်းထားတာပါလား။

ဖြေ။ ။ ကျနော်တို့က ပြည်နယ်စည်း အနေနဲ့ ရခိုင်ပြည်နယ် ကနေပြီးတော့ ဒေါ်စု မလွတ်ခင်ကတည်းက နိုဝင်ဘာ ၂ ရက်နေ့မှာ ကိုယ်ပြည်နယ် အတိုင်းတာရ ဖွဲ့ထားတာဖြစ်ပါတယ်။

နိရဥ္စရာ။ ။ နောက်ဆုံး အနေနဲ့ ဒေါ်စုက လေဘေးသင့် ရခိုင်ပြည်သူတွေနဲ့ ပတ်သက်ပြီး ထုတ်ဖေါ် ပြောကြားတာများ ရှိပါသလား၊ ရှိရင် နည်းနည်း ပြောပြပေးပါလား။

ဖြေ။ ။ ဒေါ်စုကို ကျနော်တို့က မေတ္တာရပ်ခံတာ ရှိပါတယ် ခင်ဗျား။ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကျနော်တို့ ဒေါ်စုနဲ့ ပြည်နယ်စည်းနဲ့ တွေ့တဲ့ အခါမှာ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဂီရိမုန်တိုင်းသင့် ပြည်သူတွေ ဒုက္ခရောက်နေတာကို ကယ်တင်ဖို့အတွက် နိုင်ငံတကာ အဖွဲ့စည်းတွေ၊ နိုင်ငံတကာ အစိုးရ သံတမန်တွေကို ဒီထက် အလှူဒါန်းတွေ ပိုလှူဒါန်းပေးဖို့ မေတ္တာရပ်ခံပေးပါလို့ ကျနော်တို့ဘက်က တောင်းဆိုခဲ့တာ ရှိပါတယ်။ အဲသလို တောင်းဆိုတဲ့ အခါမှာ ဒေါ်စုက ကျမအနေနဲ့ တတ်နိုင်သမျှကို တာဝန်ယူ ဆောင်ရွက်ပေးမယ်။ ကျမ ကိုင်တွယ်ထားဖို့ အတွက် သေချာတဲ့ အချက်လက်တွေကို ပြုစုပေးကြပါဆိုလို့ ကျနော်တို့က အိမ်အပျက်စီး စာရင်းတွေကို တင်ပြပေးခဲ့ပါတယ်။ နောက်ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်း အတွက် ကျနော်တို့ ငါးဖမ်းပိုက်တွေ၊ စက်လှေတွေ၊ လူအသေပျောက် စာရင်းတွေ၊ နောက်ပီးတော့ ဆည်မြောင်း၊ တာတမံ ကျိုးပေါက်တာတွေ စသဖြင့် ကျန်တဲ့ အဆောက်ဦး အပျက်စီးတွေအကုန်လုံးကို ကျနော်တို့ အသေးစိတ် စာရင်း ပြုစုနေပါတယ်။

ဒါ့အပြင် ဒေါ်စုက မုန်တိုင်းသင့် ရခိုင်ပြည်သူတွေကို ကိုယ်နဲ့ ထပ်တူ ကိုယ်ချင်းစာ တယ်လို့ ပြောပါတယ်။ နိုင်ငံတကာက အကူအညီ ရရှိရေးကိုလည်း ကြိုးစား ဆောင်ရွက်ပေးမယ်ဆိုပီး ပြောသလို မုန်တိုင်းသင့် ရခိုင်ပြည်သူတွေ ဘဝ တစ်ခုကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည် ထူထောင်နိုင်အောင် ကြိုးစားပေးမယ်လို့ ပြောပါတယ်။ ရခိုင် ပြည်သူတွေကို နိုင်ငံရေး အရလည်း အထူးကျေးဇူးတင်တယ်လို့ ပြောပါတယ်။

Most read this week