လေဘေးသင့် ဒေသမှ ရယက ဥက္ကဌတစ်ဦးကို စစ်ဗိုလ် တစ်ဦးမှ ကိုယ်ထိ လက်ရောက် စော်ကား

လေဘေးသင့် ဒေသမှ ရယက ဥက္ကဌတစ်ဦးကို စစ်ဗိုလ် တစ်ဦးမှ ကိုယ်ထိ လက်ရောက် စော်ကား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငရဗချိုင် ကျေးရွာမှ ရယက ဥက္ကဌ တစ်ဦးကို နအဖ စစ်ဗိုလ် တစ်ဦးမှ ပြင်းပြင်းထန်ထန် ကိုယ်ထိလက်ရောက် ရိုက်ပုတ် ...

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငရဗချိုင် ကျေးရွာမှ ရယက ဥက္ကဌ တစ်ဦးကို နအဖ စစ်ဗိုလ် တစ်ဦးမှ ပြင်းပြင်းထန်ထန် ကိုယ်ထိလက်ရောက် ရိုက်ပုတ် စော်ကားသော ဖြစ်စဉ် တစ်ခု ယခုလ ၂ ရက်နေ့က ဖြစ်ပွား ခဲ့သည်။

ဒီဇင်္ဘာလ ၂ ရက်နေ့ ညနေ ရ နာရီ ၃၀ မိနစ် အချိန်တွင် လေဘေးဒဏ်ကို အဓိက ခံခဲ့ရသော ပေါက်တောမြို့နယ် ဗျိုင်းသစ်ကျေးရွာ အုပ်စု ငရဗချိုင် ကျေးရွာ ဥက္ကဌ ဦးစိန်လှကျော်အား လေဘေး ကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်နေသော ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ မှ ဗိုလ်ကျော်ကျော်အောင်မှ သူတည်းခိုရာ နေရာသို့ ခေါ်ယူပြီး ပြင်းပြင်း ထန်ထန် ရိုက်နက် ကန်ကျောက်မူများ ပြုလုပ်ခဲ့သည်။

ဒီဇင်္ဘာလ ၂ ရက် နံနက် ရ နာရီတွင် ပြင်ဖြူချိုင် ကျေးရွာသို့ သွားရောက်လိုသဖြင့် စက်လှေ စီစဉ်ပေးရန် ဗိုလ်ကျော်ကျော်အောင်မှ ပြောသည်ကို တစ်နာရီ နောက်ကျပြီး နံနက် ၈နာရီတွင် စီစဉ်ပေးခဲ့သည့် အပေါ် မကျေနပ်ရာမှ ပြင်ဖြူချိုင် ကျေးရွာမှ ပြန်အရောက် ညနေ ရ နာရီတွင် ဥက္ကဌ ဦးစိန်လှကျော်အား သူတည်းခိုရာ နေရာသို့ ခေါ်ယူပြီး အရက် သောက်စားထားသော ဗိုလ် ကျော်ကျော်အောင်မှ ခေါ်ယူရိုက်ပုတ် နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။

စက်လှေများမှာ လေဘေးဒဏ်ကြောင့် ယိုယွင်းပျက်စီးနေပြီး စက်များကို ကုန်းပေါ်တင်ထားရာမှ စက်ကို ပြန်တပ်ရသဖြင့် အချိန် တစ်နာရီ ကြာမြှင့်ခဲ့သည့် အပေါ် မကျေနပ်ရာမှ ယခုကဲ့သို့ ရိုက်ပုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်း တပ်စွဲထားသော ဗမာ စစ်တပ်သည် ယခုကဲ့သို့ ကျေးရွာ လူကြီး ရယက ဥက္ကဌများကိုပင် မထင်ရင် မထင်သလို ကိုယ်ထိ လက်ရောက် ရိုက်ပုတ် စော်ကား တတ်သဖြင့် သာမန် ရခိုင် ပြည်သူများ အခြေအနေမှာ ဖက်ဆစ် ဂျပန် လက်အောက်ကို ရောက်ရှိနေသော အခြေ အနေထက် ဆိုးရွားနေကြောင်း ဒေသခံ ရခိုင်ပြည်သူများထံမှ ပေးပို့သော စာတွင် ဖေါ်ပြသည်။

( ဖြစ်စဉ် အသေးစိတ်နှင့် ဥက္ကဌ ဦးစိန်လှကျော်မှ အထက်သို့ တိုင်ကြားစာအား အောက်တွင် ဖတ်ရှု့နိုင်ပါသည်။)

inside-letter-pg-1

Most read this week