ကုလားတန် စီမံကိန်းတွင် ပါ၀င်သည့် စစ်တွေ ဆိပ်ကမ်း စတင်တည်ဆောက်

ကုလားတန် စီမံကိန်းတွင် ပါ၀င်သည့် စစ်တွေ ဆိပ်ကမ်း စတင်တည်ဆောက်
by -
မေဖြိုးအောင်

အိန္ဒိယနှင့် ဆက်သွယ်မည့် ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းတွင် ပါ၀င်သော စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေးကို အခုအခါ စတင်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိ ...

အိန္ဒိယနှင့် ဆက်သွယ်မည့် ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းတွင် ပါ၀င်သော စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေးကို အခုအခါ စတင်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Sittwe-jettyစီမံကိန်းအရ စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး ကုလားတန် မြစ်ကြောင်းမှတဆင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များ ဖြစ်ကြသော မီဇူရမ်နှင့် အာသံပြည်နယ်များကို ဆက်သွယ်ဖေါက်လုပ်မည့် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။

စစ်တွေ ဆိပ်ကမ်း စတင်တည်ဆောက်နေကြောင်းကို စစ်တွေမြို့ခံ တစ်ဦးက ယခုကဲ့သို့ အတည်ပြုပြောကြားသည်။

“အခု သူတို့က စစ်တွေ ဆိပ်ကမ်းဟောင်း အင်းပေါက်ဝကနေ ကမ်းနားလမ်း တလျောက်ကို မြေတွေ စတင်ဖို့ နေပါတယ်။ သဲတွေကို လော်ရီကားတွေ တင်လာပြီး မြေဖို့ နေတာ ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံသား အင်ဂျင်နီယာတွေလည်း တွေ့တယ်။ သူတို့က ဆိပ်ကမ်းသာ ဟိုတည်မှာ တည်းခိုနေကြတာ ဖြစ်ပါတယ်။”

ယခင်က စစ်တွေ ဆိပ်ကမ်းကို တည်ဆောက်ပါက အထင်ကရ နေရာများ ပြောင်းရွှေ့ရမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုုအခါ အဆိုပါ သတင်းမှာ တိတ်ဆိတ်နေကြောင်း သူက ဆက်ပြောသည်။

“အရင်ကတော့ စစ်တွေ ဆေးရုံကြီးကို ဝေသာလီ အားကစားကွင်းဘက်ကို ပြောင်းမယ်။ စျေးကြီးကိုတော့ ယခင်က သင်္ချိုင်းဟောင်း အာဂျိတ်တောင်ကုန်းကို ပြောင််းမယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့တာ ရှိပါတယ်။ အခုတော့ ဒီသတင်းတွေကို မကြားရတဲ့အတွက် လူတွေကတော့ ဆိပ်ကမ်းဆောက်ပေမယ့် စိတ်သက်သာရာ ရသွားခဲ့ကြပါတယ်။”

သို့သော်လည်း စစ်တွေ ဆေးရုံကြီးမှာ ဆိပ်ကမ်းဆောက်လုပ်သည့် နေရာနှင့် နီးကပ်စွာ တည်ရှိသဖြင့် ကားအဝင်အထွက် အသံများနှင့် သင်္ဘောသံများကြောင့် ဆူညံမူများ ဖြစ်နိုင်ပြီး လေကောင်း လေသန့် ရနေမူကိုလည်း အဟန့်အတား ဖြစ်သွားနိုင်ကြောင်း သူက ပြောသည်။ ၎င်းပြင် စစ်တွေ ကမ်းနားလမ်း၊ မင်းကြီးကျောက်တန်းနှင့် ပလ္လင်တောများလည်း ပျက်စီးပျောက်ကွယ်သွားနိုင်ကြောင်း သူက ပြောသည်။

“ခုလို အပျက်အစီးတွေ ရှိနိုင်ပေမယ့် ဒီစီမံကိန်းအတွက် အလုပ်အကိုင် အခွင့်အလန်းတွေ ပေါ်ပေါက်လာလိမ့်မယ်လို့တော့ နည်းနည်းမျှော်လင့်မိပါတယ်။ ရခိုင် စီးပွားရေးက လုံးဝ ချွတ်ခြံုကျနေတော့ ဒီစီမံကိန်းက အခွင့်အရေး တစုံတရာ ပေါ်ပေါက်နိုင်မလား ဆိုပြီး လူတွေက မျှော်လင့်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ စီမံကိန်းအတွက် အိန္ဒိယ အစိုးရက အမေရိကန် ဒေါ်လာ သန်း ၁၂၀ ထောက်ပံံ့ပေးရန် မြန်မာစစ်အစိုးရနှင့် ၂၀၀၉ ခုနှစ် ဧပြီလက သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်း၏ အဓိက အရေးပါသော စစ်တွေ ဆိပ်ကမ်း စီမံကိ်န်းကို စတင်ဆောက်လုပ်နေပြီ စီမံကိန်း တခုလုံးကို ၂၀၁၃ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု သိရသည်။

ကုလားတန် မြစ်ကြောင်း စီမံကိန်းမှာ အိန္ဒိယ အရှေ့မြောက် ပြည်နယ်များအား စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး နိင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်းနှင့် ဆက်စပ်မည် ဖြစ်သောကြောင့် ဒေသအတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူများ ရှိလာနိုင်မည်ဟု အများက ခန့်မှန်းပြောဆိုမူများ ရှိနေသည်။

သို့သော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့့်ရှောက်သူများမှ ကုလားမြစ် ဘက်စုံ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရခိုင် ယဉ်ကျေးမူဆိုင်ရာ အမွေအနှစ်များ ပျက်စီးဆုံးရှံုးမူများ ရှိနိုင်ကြောင်း ဝေဖန်ပြောဆိုမူများလည်း ထွက်ပေါ်နေသည်။

Most read this week