နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေးအတွက် ကျောက်ဖြူတွင် တကိုယ်တော် ဆန္ဒပြသူ ပြင်းထန်စွာ ရိုက်နှက်ခံရ

နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေးအတွက် ကျောက်ဖြူတွင် တကိုယ်တော် ဆန္ဒပြသူ ပြင်းထန်စွာ ရိုက်နှက်ခံရ
by -
ထွန်းထွန်း

နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေးအတွက် မော်တော် ဆိုင်ကယ် စီးပြီး တကိုယ်တော် ဆန္ဒပြသူ ကျောက်ဖြူမြို့မှ ကိုထွန်းနုအား ရဲအရာရှိများက ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေး ...

နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေးအတွက် မော်တော် ဆိုင်ကယ် စီးပြီး တကိုယ်တော် ဆန္ဒပြသူ ကျောက်ဖြူမြို့မှ ကိုထွန်းနုအား ရဲအရာရှိများက ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေး မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

Kyauk-pru-Arakanသူ၏ ဆွေမျိုး တစ်ဦးက “ကိုထွန်းနုကို နေ့လည် ၁ နာရီမှာ ကျောက်ဖြူ ရဲစခန်းက ဒုရဲအုပ် ဦးလှအောင်က ဖမ်းဆီးပြီး ရဲစခန်းမှာ ၀ါးရင်းတုတ်နဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက် စစ်ဆေး မေးမြန်းခဲ့ပါတယ်။ သူ့ကို ဘယ်သူက လုပ်ခိုင်းသလဲ ဆိုပီး စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကိုထွန်းနုသည် နိုဝင်္ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဆိုင်ကယ် တစီးပေါ်တွင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးပါဟု စာများ ကပ်ပြီး မြို့ကို ပတ်ကာ ဆန္ဒပြခဲ့သည်။

“အဲဒီနေ့က ၀န်ကြီးချုပ် သိန်းစိန်လည်း ကျောက်ဖြူကို လာတဲ့နေ့ ဖြစ်ပါတယ်။ အချိန်ကိုက်ပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကိုထွန်းနုအား ဖမ်းဆီးထာကြောင်းကို သူ၏ မိဘများထံ ကျောက်ဖြူ ရဲစခန်းမှ အဆိုပါနေ ့ ညနေ ၆ နာရီခန့်တွင် လာရောက်အကြောင်းကြားခဲ့သည်ဟု မိသားစု အဖွဲ့ဝင် တစ်ဦးကလည်း ပြောကြားသည်။

“သူတို့က ကိုထွန်းနုကို ဖမ်းပြီးတဲ့ နောက်ပိုင်းမှာ သူမိဘတွေကို ရဲက ခေါ်ယူစစ်ဆေးပါတယ်။ သူ့ရဲ့ ဖခင် ဦးကျန်လူမောင်ကို အဓိက စစ်ဆေးမေးမြန်းပါတယ်။ အိမ်ကိုလည်း ၀င်ရောက်စစ်ဆေးမူတွေ ပြုလုပ်ပါတယ်။ ပီးရင် တရားရုံးမှာ အမူဖွင့်ထားတယ် ဆိုပီးလည်း ပြောပါတယ်။”

ဦးထွန်းနူ၏ မိဘများမှ တရားရုံးသို့ သွားရောက်ကာ ဦးထွန်းနူမှာ စိတ်ဝေဒနာကို ခံစားနေသောသူ ဖြစ်ကြောင်း လက်မှတ် ရေးထိုးပြီးမှ တရားရုံးမှ ခံဝန်ချက် လက်မှတ်နှင့် လက်ဗွေ ရိုက်ယူကာ နိုဝင်္ဘာလ ၂၆ ရက်နေ့ ညနေ ၈ နာရီ ၃၀ မိနစ်တွင် ပြန်လည်လွတ်ပေးလိုက်သည်။

ဦးထွန်းနု မိသားစုအား စိတ်ဝေဒနာ ခံစားနေသူ တစ်ဦးဖြစ်ကြောင်း ခံဝန်ချက် လက်မှတ်ရေးထိုးမှ လွတ်ပေးမည်ဟု တရားသူကြီးမှ အကျပ်ကိုင်ခဲ့သဖြင့် မိသားစုက ယခုကဲ့သို့ ခံဝန်ချက် လက်မှတ်ရေးထိုးခဲ့ရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

ဦးထွန်းနုမှာ အသက် ၃၂ နှစ် ရှိပြီး ကျောက်ဖြူမြို့ စေတီယျ ကျေးရွာမှ ဖြစ်သည်။

Most read this week