စာသင်ကျောင်းအတွင်း ဝင်ရောက်လိုသူများ မှတ်ပုံတင် ပြသနိုင်မှ ဝင်ခွင့်ရ

စာသင်ကျောင်းအတွင်း ဝင်ရောက်လိုသူများ မှတ်ပုံတင် ပြသနိုင်မှ ဝင်ခွင့်ရ
by -
ဂျူရီချိုင်း

မွန်ပြည်နယ်အတွင်းရှိ အစိုးရ အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအတွင်းသို့ အပြင်လူများ ဝင်ရောက်လိုပါက နိုင်ငံသား စိစစ်ရေးကဒ် (မှတ်ပုံတင်) ပြသနိုင်မှသာ ဝင်ခွင့်ပြု ...

မွန်ပြည်နယ်အတွင်းရှိ အစိုးရ အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအတွင်းသို့ အပြင်လူများ ဝင်ရောက်လိုပါက နိုင်ငံသား စိစစ်ရေးကဒ် (မှတ်ပုံတင်) ပြသနိုင်မှသာ ဝင်ခွင့်ပြုကြောင်း ဒေသခံ ကျောင်းသား မိဘများက ပြောသည်။

အထက (၁)၊ သံဖြူဇရပ်မြို့အဆိုပါ စစ်ဆေးခြင်းမှာ မော်လမြိုင်မြို့ရှိ အမှတ် (၉) အထက်တန်းကျောင်း၏ ကျောင်းဝင်ဂိတ်အတွင်း ကျောင်း၏ လုံခြုံရေးကို တာဝန်ကျသည့် ဆရာ/မများက အပြင်လူများ သို့မဟုတ် ကျောင်းသားမိဘများက ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လိုပါက မှတ်ပုံတင် ပြသပြီးမှသာ ဝင်ခွင့်ပြုကြောင်း သိရသည်။

အကယ်၍ မှတ်ပုံတင် ပြသနိုင်ခြင်း မရှိပါက အခြားအထောက်အထား တစ်ခုခု ပြနိုင်မှသာ ဝင်ခွင့်ပြုကြောင်း အခြားအထောက်အထား တစ်ခုခု မပြသနိုင်ပါက ကျောင်းအတွင်း လုံးဝဝင်ခွင့် မပြုဟု စစ်ဆေးခံရသည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“အခု စာသင်ကျောင်းအားလုံးကို စစ်ဆေးရေး ပြုလုပ်နေတယ်၊ အထက်တန်းကျောင်းဆို ပိုစစ်ဆေးတယ်” ဟု ၎င်းက ပြောသည်။ ကျောင်းသူ/သားများ၏ လုံခြုံရေးအတွက်နှင့် ကျောင်းလုံခြုံရေးအတွက လွန်ခဲ့သည့် ရက်သတ္တပတ်မှ စ၍ စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က ကျောင်းဝင်းအတွင်း ဝင်ရောက်လိုသူများသည် ကျောင်းလုံခြုံရေးတို့၏ စစ်ဆေးမေးမြန်းခြင်း မရှိဘဲ လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်သော်လည်း ယခုတွင် အထူးစစ်ဆေးနေသည်ဟု ကျောင်းသားမိဘက ဆက်ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် မြန်မာစစ်အစိုးရ တပ်ဖွဲ့နှင့် ဒီကေဘီအေတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း မြိုတွင်းရှိ အခြေခံပညာမူတန်းကျောင်းများတွင် ကျောင်းလုံခြုံရေးများ ချထားလျှက်ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ကျောင်းအတွင်းအပြင်လူ ဝင်နှောက်ယှက်မည်အတွက်ကြောင့် ဆရာ/ဆရာမတို့က ယခုလို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“အရင်က ခလေးကျောင်းကြိုတာ ဘာမှ မမေးဘူး၊ အခုတော့ ကျောင်းသားမိဘများလား ဆိုပြီးတော့ လက်မှတ်ပေးထိုးခိုင်းတယ် ပြီးမှ ဝင်ခွင့် ပေးတယ်” ဟု ၎င်းက ပြောသည်။

အခြေခံပညာစာသင်ကျောင်းတိုင်းတွင်း ကျောင်းသားမိဘများက ကျောင်းသို့ သွားပို့သည်ဖြစ်စေ၊ ကျောင်ကြိုသည်ဖြစ်စေ ကျောင်းဝင်းအတွင်း ဝင်ပါက စစ်ဆေးမေးမြန်းပြီးမှ ဝင်ခွင့်ရကြောင်း ဘာမှ မသက်ဆိုင်သည့် အပြင်လူများ ကျောင်းအတွင်း ဝင်လိုပါက ကျောင်းလုံခြုံရေးတို့က လုံးဝဝင်ခွင့် မပြုဟု ၎င်းက ဆက်ပြောသည်။

ယခုလို ပြုလုပြ်ခင်းသည် ပညာရေးမှူးကနေတဆင့် ကျောင်းတိုင်းရှိ ကျောင်းအုပ်ကြီးများထံသို့ အကြောင်းကြားထားခြင်း ဖြစ်နိုင်ကြောင်း ကျောင်းသားမိဘတို့က ပြောနေကြသည်။

Most read this week