လေဘေး အကူအညီများ ကိုယ်ကျိုးအတွက် အသုံးပြုမူ များနေ

လေဘေး အကူအညီများ ကိုယ်ကျိုးအတွက် အသုံးပြုမူ များနေ
by -
ထွန်းထွန်း

လေဘေးသင့် ဒေသ အများအပြားတွင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ အပါအဝင် ရပ်ရွာ လူကြီးများမှ လေဘေး အကူအညီများကို ကိုယ်ကျိုး အတွက် အသုံးပြုနေကြ ...

လေဘေးသင့် ဒေသ အများအပြားတွင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ အပါအဝင် ရပ်ရွာ လူကြီးများမှ လေဘေး အကူအညီများကို ကိုယ်ကျိုး အတွက် အသုံးပြုနေကြသဖြင့် အမှန်တကယ် ထိခိုက်ခံစားနေရသော ပြည်သူများ အနေဖြင့် လေဘေး အကူအညီများ မရရှိဘဲ ဖြစ်နေကြောင်း သတင်းများ ရရှိသည်။

NCV-aid-cyclone-giri-Kyauk-Pru-Arakan

ကျောက်ဖြူမှ လူမူရေး အကျိုးဆောင်ရွက်နေသူ လူငယ် တစ်ဦးက “ ခုလို ဖြစ်နေတာက ဒေသ အတော်များများမှာ ဖြစ်ပွားနေတာပါ။ အဲသလို ဖြစ်နေတာကို ဘယ်သူကမှလည်း ဟန့်တား ဆောင်ရွက်တာ မရှိတဲ့ အတွက် ကျေးလက်နေ လေဘေးသင့် ပြည်သူတွေက အထူး အခက်ကြံု နေကြရပါတယ်” ဟု ပြောသည်။

သူကိုယ်တိုင် ကျောက်ဖြူမြို့နယ်နှင့် မိုင် ၂၀ ခန့်တွင်တည်ရှိသော ကျေးရွာ တရွာသို့ ဆန်အိတ်များ သွားရောက်လှူဒါန်းစဉ် ထိုသို့ ပြုလုပ်ခဲ့သည်ကို မြင်ခဲ့ရသည်ဟု ပြောသည်။

“ မနေ့က ကယ်ဆယ်ရေးအဖွဲ့က ဆန်အိတ်် ၆၂ အိတ် နဲ့ ကျောက်ဖြူ လူငယ်အဖွဲ့မှ လှူဒါန်းတဲ့ ဆန်အိတ် ၅ အိတ်၊ စုစုပေါင်း ဆန် ၆၇ အိတ်ကို ကျောက်ဖြူမြို့ အရှေ့မြောက်ဘက်က လေဘေး ဒုက္ခသည်တွေ သွားကူတာမှာ အဲဒီ အထဲက ဆန်အိတ် ၁၀ အိတ်ကို ရပ်ရွာအတွင်းက လူကြီး တဦးက သူဆောင်ရွက်ပေးတာဆိုပီး ကိုယ်ကျိုးအတွက် ယူထား လိုက်ပါတယ်။”

တချို့ ကျေးရွာများတွင် ဒေသ အာဏာပိုင်များနှင့် စီးပွားရေး သမားများသည် လေဘေး ဒုက္ခသည်များအား ကယ်ဆည်ရေး ဆန်များကို ထုတ်ပေးပြီး သူတို့ပိုင်သော ပုဇွန်ကန်များကို ဆည်ဖို့ ခိုင်းနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက် ဖြတ်လမ်း (၅) တွင်နေထိုင်သော ပုန်ဇွန် ကန်ပိုင်ရှင်တဦးသည် ကယ်ဆယ်ရေး ဆန်များကို မသမာသောနည်းဖြင့် ရယူထားရှိပြီး အဆိုပါ ဆန်များဖြင့် ဆင်းရဲသူ လေဘေး ဒုက္ခသည်များကို ပုဇွန်ကန်များကို ဆည်ဖို့ ခိုင်းနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ် အရှေ့မြောက်ဘက်တွင် တည်ရှိ သော ရွှေညိုမကျေးရွာ၊ မကျေးရွာ၊ လဟာကြီး၊ ချောင်းကြီးဖျားကျေးရွာနှင့် ရွာသစ်ကေကျေးရွာတို့တွင်လည်း ကယ်ဆယ်ရေး ဆန်များကို ရပ်ကွက်လူကြီး၊ ကြံ့ဖွတ်၊ ဒေသအာဏာပိုင်နှင့် ပုဂ္ဂလိသဌေးများ ကိုယ်ရ သူရ ဖြတ်စား နေပြီး ထိုဆန်များဖြင့် လေဘေးဒုက္ခသည်များကို လုပ်အားပေးခိုင်း နေသည်ဟု သိရသည်။

Most read this week