ညီညွတ်ရေးကို တည်ဆောက် ရှေ့ခြေလှမ်းကို ပြင်

ညီညွတ်ရေးကို တည်ဆောက် ရှေ့ခြေလှမ်းကို ပြင်
by -
ရဲဘော်ဖိုးသံချောင်း

နအဖရဲ့ ၂ဝ၁ဝရွေးကောက်ပွဲဟာ အများတွက်ထားတဲ့အတိုင်း အဆုံးသတ်သွားတဲ့အတွက် ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူးလို့ မဆိုနိုင်ပါဘူး။ အကြောင်းက နအဖ စစ်ဗိုလ်ချုပ်တွေက ဘယ်သူမှ တွက်မထားတဲ့ ...

နအဖရဲ့ ၂ဝ၁ဝရွေးကောက်ပွဲဟာ အများတွက်ထားတဲ့အတိုင်း အဆုံးသတ်သွားတဲ့အတွက် ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူးလို့ မဆိုနိုင်ပါဘူး။ အကြောင်းက နအဖ စစ်ဗိုလ်ချုပ်တွေက ဘယ်သူမှ တွက်မထားတဲ့ ညစ်နည်းတွေကို အသုံးပြု သွားလို့ပါပဲ။ ကြိုတင်မဲ၊ ပြည်ပရောက်မဲတွေနဲ့ ညစ်လို့ရတယ်၊ ညစ်ခဲ့တယ်ဆိုတာ အနိုင်နိုင်ငံသမိုင်းမှာတော့ မတွေ့ဖူး သလောက်ဖြစ်ပါတယ်။ သေချာတာက နအဖဟာ အာဏာရှင်တို့ရဲ့ လက်နက်တိုက်ထဲကို လက်နက်သစ်တွေ ဖြည့်ဆည်း လိုက်တယ်ဆိုတာပါပဲ။ ဒီအတွက် အနိုင်နိုင်ငံက အာဏာရှင်တွေက သူတို့ကို ကျေးဇူးတင်ကြပါလိမ့်မယ်။


ဒီလိုနဲ့တကောင်ထဲ ပြေးတဲ့မြင်းပွဲမှာ စိတ်ဝင်စားစရာလေးတွေ တွေ့ခဲ့ရသလို လာမယ့်အစိုးရဖွဲ့မှုဟာလဲ သူတို့ချည်း ဖြစ်နေမှာသေချာပေမဲ့ စိတ်ဝင်စားစရာတွေ တွေ့ရမှာ သေချာပါတယ်။ စီစဉ်ပြီးသားတော့ စီစဉ်ပြီးသားချည်းပါ။ ဒါပေမဲ့ မျက်လှည့်ဆရာရဲ့အမည်းရောင် အိတ်ကြီးထဲက ဘာတွေထွက်လာမလဲဆိုတာကို စောင့်ကြည့်ကြရသလို ညာမှန်းသိပေမယ့် စိတ်ဝင်စားစရာတွေ၊ အံ့သြစရာတွေ တွေ့ရတတ်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပတဲ့ နေရာမှာတောင် သူ့လူတွေနိုင်ပါတယ်လို့ အဖြေထွက်အောင် လုပ်နိုင်တဲ့ စစ်အုပ်စုဟာ ကမ္ဘာကို တခြားအံ့ဘနန်းတွေ လုပ်ပြအုံးမှာ သေချာပါတယ်။

ဒီရွေးကောက်ပွဲမှာပေါ်ထွက်လာတဲ့ အမှန်တရားတခုက နအဖအနေနဲ့ ကိစ္စ(ကြီး) တခုအကောင်အထည် ဖော်လိုက်တိုင်း နိုင်ငံရေးအင်အားစုတွေထဲမှာ ခိုဝင်နေတဲ့ ကိုယ်ကျိုးသမားတွေ ပွင့်ကျ လာပြီး တဖက်မှာတော့ နအဖရဲ့ မရိုးသား မှုတွေပွင့်ကျလာ၊ အတိုက်အခံတွေဘက်မှာ အင်အားတွေတိုးလာတယ်ဆိုတာပါပဲ။

ဗမာပြည်ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအလွန်နိုင်ငံရေးဟာ အဲဒီလို အလိမ်အညာ ညစ်ပတ်မှုတွေနဲ့ အစချီလိုက်ပါပြီ။ တပါထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်က လွှတ်လိုက်တာဟာ လှုပ်လှုပ်ရွရွ ဖြစ်သွားပါတယ်။ ဒါ့အပြင် ဒီရွေးကောက်ပွဲ ကျမှ ဖွတ်ထွက်မှန်း သိတယ်ဆိုသူတွေရဲ့ ရင်ဖွင့်ပွဲတွေ၊ အံထုတ်ပွဲတွေနဲ့ နည်းနည်းတောင် မြိုင်မြိုင်ဆိုင် ဖြစ်နေတယ်လို့ ဆိုရမလားပါပဲ။ ဒီကြားထဲမှာ မြဝတီဘက်က သေနတ်သံ မြည်လာတာဟာ ဆင်ဖိုနီ တီးဝိုင်းကြီးရဲ့ တီးလုံးကို ဗုံသံတွေ ဖြည့်လိုက်သလို ဖြစ်သွားပါတယ်။

မှန်တာပြောရရင် ထိုင်နေရင် အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိဆိုသလို ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲကြောင့် နလံမထူဖြစ်နေတဲ့ နအဖစစ်အစိုးရဟာ ဒေါ်စုကို မတတ်သာလို့ လွှတ်ပေးလိုက်တော့ ကြမ္မာ ပိုငင်စရာ ဖြစ်လာပါတယ်။ ဒါတွေနဲ့တဆက်ထဲမှာပဲ နိုင်ငံရေး အမြင်မျိုးစုံ၊ လုပ်ငန်း အစီအစဉ်မျိုးစုံကို ကြားနေ ဖတ်နေရပါတယ်။ မီဒီယာတွေက မေး၊ အမေးခံရသူကဖြေ ပြည်သူလူထုအဖို့ ဦးဏှောက် လှုပ်ရှားစရာတွေ အများကြီး ရနေတယ်လို့ဆိုနိုင်ပါတယ်။ အဓိက အားဖြင့်တော့ ရှေ့ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာကို စိတ်အဝင်စားကြဆုံးပါပဲ။

ပြည်သူလူထုကြီးရဲ့မျှော်လင့်ချက်ဟာ ကြံ့ဖွံ့အပေါ်မှာ ထားတာမဟုတ်ကြောင်း ထင်ရှားလှပါတယ်။ ဗမာပြည် ပြည်သူလူထုကြီးရဲ့ နိုင်ငံရေးအသိ၊ နိုင်ငံရေး စိတ်ဓာတ်ဟာ အမြဲနိုးကြား တက်ကြွနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

တပါထဲမှာ ဒီလိုအခွင့်အရေးမျိုးဟာ အချိန်တိုင်း၊ ဒါမှမဟုတ် မကြာခဏ ပေါ်တတ်တာ မဟုတ်ဘူး ဆိုတာ သတိထားသင့်ပါတယ်။ အခွင့်အရေးကို မယူလိုက်နိုင်ရင် သမိုင်း တကွေ့ ပြန်စောင့်ရတဲ့အထိ ဖြစ်သွားတတ် ပါတယ်။

ဒီရွေးကောက်ပွဲမှာ ပေါ်ထွက်လာတဲ့ အမှန်တရားတခုက နအဖအနေနဲ့ ကိစ္စ(ကြီး) တခု အကောင်အထည် ဖော်လိုက်တိုင်း နိုင်ငံရေး အင်အားစုတွေထဲမှာ ခိုဝင်နေတဲ့ ကိုယ်ကျိုးသမားတွေ ပွင့်ကျလာပြီး တဖက်မှာတော့ နအဖရဲ့ မရိုးသားမှုတွေ ပွင့်ကျလာ၊ အတိုက်အခံတွေဘက်မှာ အင်အားတွေ တိုးလာတယ် ဆိုတာပါပဲ။ နောက်ပြီး ဒီလိုအချိန်တိုင်းမှာ ဗမာပြည် ပြည်သူတွေရဲ့ရပ်တည်ချက်ဟာ မယိမ်းယိုင်ဘူး၊ ခိုင်မာတယ်ဆိုတာလဲ အမြဲတွေ့ရပါတယ်။ အမှန်ပြောရရင် စစ်အုပ်စုရဲ့ ဒီလိုခြေလှမ်းတွေဟာ ပြည်သူတွေကို စမ်းသပ်တာ မဟုတ်ဘူး၊ နိုင်ငံရေးသမားတွေကို စမ်းသပ်တာဖြစ်တယ်လို့ မြင်ရပါမယ်။ နဝတနအဖတို့ရဲ့ ညောင်နှစ်ပင် ညီလာခံဖြစ်စဉ်ကြီးကိုပဲ ပြန်ကြည့်လိုက်ပါ။ နောက်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုပွဲနဲ့ အခု ဒီရွေးကောက်ပွဲ။ သူတို့တလှမ်း လှမ်းလိုက်တိုင်း ပြည်သူတွေဘက်မှာ အင်အားတွေ တိုးလာတာပဲ မဟုတ်ပါလား။ ဒါ့အပြင် သူ့တပ်ထဲမှာပါ ဂယက်ရိုက်တာဟာ တရားတခုလိုတောင် ဖြစ်နေပါပြီ။

ပြောရရင်တော့ ဒီလိုအခြေအနေမျိုးဟာ နိုင်ငံရေး အင်အားစုတွေ အမြော်အမြင်ရှိရှိနဲ့ အမျိုးသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုတာက နအဖစစ်အစိုးရရဲ့ မရိုးသားမှု၊ ညစ်ပတ်မှုတွေ ပြည်တွင်းပြည်ပမှာ ဘောလောပေါ်ပြီး ကမ္ဘာအနှံ့က ရှုတ်ချနေကြချိန်၊ ဗမာပြည် ပြည်သူများရဲ့ နိုင်ငံရေး နိုးကြားမှုအရှိန်အဟုန်မြင့်မားေနချိန်၊ စည်းလုံးညီညွတ်ဖို့အထူးလိုအပ်ေြကာင်း အားလုံးက သဘောပေါက်လက်ခံနေကြ ချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဗမာပြည်သမိုင်းကိုပြန်ကြည့်လိုက်ရင် ဒီလိုအခြေအနေမျိုးတွေမှာ ဗမာ့နိုင်ငံရေးကို တဆင့်တွန်းတင်ခဲ့တာတွေ တွေ့ကြရမှာပါ။ တပါထဲမှာ ဒီလိုအခွင့်အရေးမျိုးဟာ အချိန်တိုင်း၊ ဒါမှမဟုတ် မကြာခဏ ပေါ်တတ်တာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။ အခွင့်အရေးကို မယူလိုက်နိုင်ရင် သမိုင်းတကွေ့ ပြန်စောင့်ရတဲ့ အထိဖြစ်သွားတတ်ပါတယ်။ ဘုံရည်မှန်းချက်ရှိရင် ဘုံလုပ်ငန်းစဉ်ဆိုတာ ချမှတ်လို့ရနိုင်ပါတယ်။ တဖက်နဲ့ တဖက် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်၊ အပေးအယူရှိရှိနဲ့ လုပ်သွားကြဖို့ပဲလိုတာပါ။ ဒါပေမဲ့ နည်းနာတော့ကြွယ်ဝဖို့ လိုပါတယ်။ လှေကြီးထိုးနည်းတမျိုးထဲနဲ့တော့ မပြီးဘူးဆိုတာ နှလုံးပိုက်ရပါမယ်။ နအဖကိုယ်တိုင်က အထက်လမ်းရော အောက်လမ်း ပါလုပ်နေချိန်မှာ ကိုယ်က စင်းစင်းကြီး လုပ်နေလို့ မဖြစ်ပါဘူး။ ဘက်ပေါင်းစုံ ညစ်ပတ်အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရာမှာ သူ့လို ညစ်ပတ်တာ မလုပ်ပေမယ့် နည်းနာမျိုးစုံတော့ကျင့်သုံးရပါမယ်။

ရှစ်ခေါဘဏီတပ်ကြီးကိုကိုင်ထားြပီး အာဏာ သိမ်းခွင့်ရှိကြောင်း တကြိမ်းထဲ ကြိမ်းနေသူ တွေကို လက်ကမ်းတာ တခုထဲနဲ့တော့ မပြီးသေးဘူး ထင်ပါတယ်။

ဒါပေမဲ့ ဒီအချိန်မှာကိုယ့်အစီအစဉ်တွေကို အကုန်ဖွင့်ပြောတာကိုတော့ သတိထားရပါလိမ့်မယ်။ နိုင်ငံရေးပါတီတခု အနေနဲ့ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်လုပ်ငန်းစဉ်၊ ကိုယ့်လမ်းစဉ်တွေကို မကွယ်မဝှက် ထုတ်ပြောတာကို လုပ်ရပါမယ်။ ဒါပေမဲ့ ဒါတွေကို ဘယ်လိုဘယ်နည်းနဲ့ အကောင်အထည်ဖော်မယ်ဆိုတဲ့ အသေးစိပ်တွေကိုတော့ ပြောသင့်မှပြောရပါမယ်။ ကိုယ့် ကိုယ်ကို ခြေချုပ်မိနေစေမယ့် အပြောတွေကို သတိထားရပါမယ်။ ကိုယ်က အာဏာမဲ့ဆိုတော့ နိုင်ငံရေး မိုးလေဝသကို အကဲခတ်တတ်ဖို့ သိပ်လိုပါတယ်။ အထူးသဖြင့် ဒီနေ့လို ယုတ်မာကောက်ကျစ်လှတဲ့ စစ်အာဏာရှင်တွေကြီးစိုးနေတဲ့ အချိန်မျိုးမှာဖြစ်ပါတယ်။ နအဖရဲ့ ဖွဲ့စည်းပုံ ဥပဒေထဲမှာ စစ်တပ်ကို အာဏာသိမ်းခွင့်ပေး ထားတယ်ဆိုတာကို မမေ့သင့်ပါဘူး။ ရှစ်ခေါဘဏီတပ်ကြီးကို ကိုင်ထားပြီး အာဏာသိမ်းခွင့်ရှိကြောင်း တကြိမ်းထဲ ကြိမ်းနေသူတွေကို လက်ကမ်းတာ တခုထဲနဲ့တော့ မပြီးသေးဘူးထင်ပါတယ်။ တခြားလုပ်စရာရှိတာတွေလဲ လုပ်ရမှာပါ။

ဒီလိုအချိန်မှာ နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အင်အားစုတွေကို အင်တာဗျူးတကာမှာ ပြောချင်တာ ပြောခွင့်တွေ ပေးထားပြီး ကိုယ်တိုင်ကတော့ ဘာတခွန်းမှ မပြောသေးတာဟာ သိပ်ထူးဆန်းနေပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကို လွှတ်ပေးတာနဲ့ တချိန်ထဲမှာ ဘာလုပ်မယ်ဆိုတာကို သူတို့စဉ်းစား ကြံစည်ပြီး ဖြစ်တယ်လို့ သူတို့ အကျင့်ကိုသိနေတဲ့ လူတိုင်းက တွက်ချက်သိနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ နအဖဟာ ငြိမ်ချက်သား သိပ်ကောင်းနေပါတယ်။ ဘာမှမပြော၊ ဘာမှမတုန့်ပြန်၊ ဘာမှမလုပ်ပဲ နေသလိုပါပဲ။ ဒီအခြေအနေကို နာမည်ကျော်စုံထောက်ကြီး ရှားလော့ခ်ဟုမ်း ဇာတ်လမ်းတွေထဲက လူအကိုးကားဆုံး စာပိုဒ်လေးတခုနဲ့ယှဉ်ပြလိုက်ချင်ပါတယ်။

“ပိတ်ပိတ်ပိန်းမှောင်မည်းနေတဲ့တညမှာပါ-
ရှားလော့ခ်ဟုမ်း- “ထူးတော့ထူးဆန်းတာအမှန်ပဲ ဒေါက်တာဝတ်ဆန်။”
ဒေါက်တာဝတ်ဆန်- “ဘာထူးဆန်းလို့လဲ၊ ခွေးလဲမဟောင်ပါလား။”
ရှားလော့ခ်ဟုမ်း- “ခွေးမဟောင်တာထူးဆန်းတာပေါ့ဗျ။”

Most read this week