ကျောက်ဖြူတွင် ရခိုင်ပါတီ အောင်ပွဲခံ

ကျောက်ဖြူတွင် ရခိုင်ပါတီ အောင်ပွဲခံ
by -
ထွန်းထွန်း

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စပြီး ရွေးကောက်ပွဲတိုင်းတွင် တကြိမ်တခါမျှ ဒေသအခြေစိုက် ရခိုင်ပါတီများ မနိုင်ဘူးသော ကျောက်ဖြူမြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ...

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စပြီး ရွေးကောက်ပွဲတိုင်းတွင် တကြိမ်တခါမျှ ဒေသအခြေစိုက် ရခိုင်ပါတီများ မနိုင်ဘူးသော ကျောက်ဖြူမြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ယခု ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် သမိုင်းဝင် အောင်ပွဲခံလိုက်ပြီ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘရှိန်က ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ရှုံးနိမ့်ခဲ့သည်။

ယခု ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လွှတ်တော်နေရာ ၄ နေရာ စလုံးတွင် အနိုင်ရရှိခဲ့ဟု သူက ပြောသည်။

လက်ရှိ ရရှိသော စာရင်းအရ အမျိုးသားလွတ်တော် နေရာတွင် ဦးအုန်းတင်- ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ မဲ - ၂၀၅၈၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ဘက် ကြံ့ဖွံ့ ပါတီမှာ ဦးအောင်တင်သိန်းမှာ - မဲ ၁၇၀၇၀ ရရှိခဲ့ကာ တစည ပါတီမှ ဦးဖိုးမြတ်ဦးမှာ မဲ - ၄၉၆၀ ရရှိခဲ့သည်။

ပြည်သူ့လွတ်တော် နေရာတွင်လည်း ဦးဘရှိန်- ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ- မှ မဲ ၂၂၉၇၅ ဖြင့် အနိုင်ရရှိခဲ့ပြီး ကြံ့ဖွံ့မှ ဦးဝေခိုင်မှာ - မဲ ၁၄၆၂၆ ရရှိကာ တစညမှ ဦးစံကျော်ရွှေမှာ မဲ ၅၁၀၃ ရရှိခဲ့သည်။

ပြည်နယ်လွတ်တော် အမှတ် (၁) နေရာတွင်လည်း ဦးကျော်လွင် - ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ မဲ- ၁၀၂၁၈ ဖြင့် အနိုင်ရရှိခဲ့ပြီး ကြံ့ဖွံ့မှ ဦးသန်းအေးမှာ မဲ - ၈၅၇၅ ရရှိကာ တစညမှ ဦးခင်ရွှေ မဲ- ၃၀၉၆ ရရှိခဲ့သည်။

အလားတူ ပြည်နယ်လွတ်တော် အမှတ် (၂) ဦးတင်ဖေ - ရခိုင်တိုင်းရင်းသာများ တိုးတက်ရေးပါတီမှ မဲ- ၁၀၈၁၄ ဖြင့် အနိုင်ရရှိကာ ကြံ့ဖွံ့မှ ဦးနန်းအောင်ထွန်းမှ မဲ ၇၆၂၃ ရရှိကာ တစညမှ ဦးထွန်းမြတ်မှာ မဲအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို လူငယ် အများစုက တခဲနက် မဲပေးခဲ့ကြသည်ဟု သိရသည်။

Most read this week